ဗဟုသုတ

တစ်မိုးအောက်မြန်မာ လူမှုကယ်ဆယ်ရေးအသင်းကနေတစ်ဆင့် ပြည်သူတွေအတွက်အလှူငွေ (၁၀)သိန်းတိတိလှူဒါန်းပေးခဲ့တဲ့ ရန်အောင်

ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီများရှင်ဝါရင့်သရုပ်ဆောင်မင်းသားကြီး ရန်အောက်ကတော့ဒီနေ့မှာပြည်သူတွေအတွက် လှူဒါန်းတဲ့အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ရန်အောင်ကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို ပြုလုပ်ပြီးစေတနာသဒ္ဓာတရားထက်သန်လွန်းလှတဲ့သူတစ်ယောက်ပါ။

လတ်တလောမှာလည်း ရန်အောင်က ကပ်ဘေးရောဂါတွေကြောင့် ပြည်သူတွေစားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့အတွက် သူတတ်နိုင်သလောက်လှူဒါန်းမှုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အယုတ်အလတ်အမြတ်မရွေး လူမျိုးဘာသာမရွေး လိုအပ်တာတွေကိုကူညီပေးနေတဲ့ တစ်မိုးအောက်မြန်မာဆိုတဲ့ လူမှုကယ်ဆယ်ရေးအသင်းကြီးကနေတစ်ဆင့် လိုအပ်နေတဲ့ပြည်သူတွေအတွက် လိုအပ်တာတွေကူညီပေးနိုင်ဖို့အတွက် ရန်အောင်က(၁၀)သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့ပါတယ်။

အခုလိုလှူဒါန်းရတဲ့အကျိုးကြောင့် သရုပ်ဆောင်ရန်အောင်လည်း ကိရောက်နေတဲ့ကပ်ဘေးဆိုးကြီးတွေကနေ ကင်းလွတ်ပြီ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့အနုပညာအလုပ်တွေကိုပိုမိုလုပ်ကိုင်နိုင်ပါစေလို့ CeleZone ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပရိသတ်ကြီးကလည်း ရန်အောင်ရဲ့အလှူလေးသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – တစ်မိုးအောက်မြန်မာ- One shelter Myanmar/OSMလူမှုကယ်ဆယ်ရေးအဖွဲ့

Zawgyi






ပရိသတ်ကြီးတွေကလည်း ရန်အောင်ရဲ့အလှူလေးသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။