စိတ္မႏွံ႔တဲ့ မိခင္က ေမြးၿပီးဇရပ္ေပၚမွာထားခဲ့တဲ့ ၁ရက္သားကေလးငယ္ကို တာဝန္ယူေမြးစားေပးမယ့္ ခုိင္ႏွင္းေဝ..
မင္းသမီးေခ်ာခိုင္ႏွင္းေဝကလည္း ဒီကာလမွာျပည္သူေတြကို တစ္ဖက္တစ္လမ္းကေနကူညီေပးေနတာျဖစ္ပါတယ္။ဒါ့အျပင္ သူမေမြးစားၿပီးေစာင့္ေရွာက္ထားတဲ့ ကေလးငယ္ေတြရဲ႕ ေဝယ်ာဝစၥကိုလည္း တစ္ေနရာမွမလစ္ဟင္းေအာင္
ေသခ်ာစီစဥ္ေဆာင္႐ြက္ေပးတာပဲျဖစ္ပါတယ္။ခိုင္ႏွင္းေဝက မိဘမရွိေတာ့တဲ့ကေလးေတြနဲ႔ မိဘကထားသြားခဲ့တဲ့ကေလးငယ္ေတြကို သနားဂ႐ုဏာျဖစ္မိလို႔ သူမရဲ႕ရင္ေသြးေလးမ်ားေဂဟာမွာ ေခၚယူေမြးစားလိုက္တာေတြလည္းရွိပါတယ္။
အခုဆိုရင္လည္း ေမာ္လၿမိဳင္၊မုဒုံၿမိဳ႕နယ္ဘက္က ႐ြာေလးတစ္႐ြာမွာ မိခင္တစ္ေယာက္က ကေလးေမြးၿပီး ထားပစ္ခဲ့တာျဖစ္ပါတယ္။တစ္ရက္သားကေလးငယ္ေလးကို ႐ြာထဲမွလူမ်ားကေခၚယူေစာင့္ေရွာက္ထားၾကၿပီး ခိုင္ႏွင္းေဝဆီ ေမြးစားဖို႔ေပးခ်င္ေၾကာင္း
ဆက္သြယ္လာခဲ့တယ္လို႔သိရပါတယ္။ကေလးရဲ႕မိခင္ကလည္း စိတ္မႏွံ႔သူျဖစ္ၿပီးဇရပ္မွာ မီးဖြားၿပီး ထားခဲ့တာျဖစ္ပါတယ္။႐ြာကလူေတြကလည္း အရမ္း႐ိုးသာတာေၾကာင့္ ခိုင္ႏွင္းေဝကိုယ္တိုင္ကေလးကိုလာေခၚေပးဖို႔ေတာင္းဆိုထားၾကတာျဖစ္ပါတယ္။
ေမြးကင္းစကေလးငယ္ေလးကလည္း မိခင္ေမတၱာကိုမရရွိခဲ့ေပမယ့္ ႐ြာသူ၊႐ြာသားမ်ားရဲ႕ေမတၱာေၾကာင့္ အသက္ရွင္ခြင့္လည္းရခဲ့ပါတယ္။ခိုင္ႏွင္းေဝကလည္း အမွန္တကယ္အုပ္ထိန္းသူမရွိပါက ကေလးေလးကို ကိုယ္တိုင္သြားေခၚၿပီး
ေမြးစားေပးမွာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ခိုင္ႏွင္းေဝက ကေလးေမြးစားဖို႔အတြက္ သက္ဆိုင္သူမ်ားရွိရင္ သူမထံလာေရာက္ဆက္သြယ္ႏိုင္ပါတယ္ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားမွ်ေဝလာခဲ့တာျဖစ္ပါတယ္။
Unicode
စိတ်မနှံ့တဲ့ မိခင်က မွေးပြီးဇရပ်ပေါ်မှာထားခဲ့တဲ့ ၁ရက်သားကလေးငယ်ကို တာဝန်ယူမွေးစားပေးမယ့် ခိုင်နှင်းဝေ..
မင်းသမီးချောခိုင်နှင်းဝေကလည်း ဒီကာလမှာပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် သူမမွေးစားပြီးစောင့်ရှောက်ထားတဲ့ ကလေးငယ်တွေရဲ့ ဝေယျာဝစ္စကိုလည်း တစ်နေရာမှမလစ်ဟင်းအောင်သေချာစီစဉ်ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေက မိဘမရှိတော့တဲ့ကလေးတွေနဲ့ မိဘကထားသွားခဲ့တဲ့ကလေးငယ်တွေကို သနားဂရုဏာဖြစ်မိလို့ သူမရဲ့ရင်သွေးလေးများဂေဟာမှာ ခေါ်ယူမွေးစားလိုက်တာတွေလည်းရှိပါတယ်။
အခုဆိုရင်လည်း မော်လမြိုင်၊မုဒုံမြို့နယ်ဘက်က ရွာလေးတစ်ရွာမှာ မိခင်တစ်ယောက်က ကလေးမွေးပြီး ထားပစ်ခဲ့တာဖြစ်ပါတယ်။တစ်ရက်သားကလေးငယ်လေးကို ရွာထဲမှလူများကခေါ်ယူစောင့်ရှောက်ထားကြပြီး ခိုင်နှင်းဝေဆီ မွေးစားဖို့ပေးချင်ကြောင်း
ဆက်သွယ်လာခဲ့တယ်လို့သိရပါတယ်။ကလေးရဲ့မိခင်ကလည်း စိတ်မနှံ့သူဖြစ်ပြီးဇရပ်မှာ မီးဖွားပြီး ထားခဲ့တာဖြစ်ပါတယ်။ရွာကလူတွေကလည်း အရမ်းရိုးသာတာကြောင့် ခိုင်နှင်းဝေကိုယ်တိုင်ကလေးကိုလာခေါ်ပေးဖို့တောင်းဆိုထားကြတာဖြစ်ပါတယ်။
မွေးကင်းစကလေးငယ်လေးကလည်း မိခင်မေတ္တာကိုမရရှိခဲ့ပေမယ့် ရွာသူ၊ရွာသားများရဲ့မေတ္တာကြောင့် အသက်ရှင်ခွင့်လည်းရခဲ့ပါတယ်။ခိုင်နှင်းဝေကလည်း အမှန်တကယ်အုပ်ထိန်းသူမရှိပါက ကလေးလေးကို ကိုယ်တိုင်သွားခေါ်ပြီး
မွေးစားပေးမှာဖြစ်ပါတယ်။ဒါ့ကြောင့် ခိုင်နှင်းဝေက ကလေးမွေးစားဖို့အတွက် သက်ဆိုင်သူများရှိရင် သူမထံလာရောက်ဆက်သွယ်နိုင်ပါတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။