ထူးခြားပြီးရှားပါးတဲ့ “ ဆင်ဘုရင်မ ” တစ်ကောင်ရဲ့နောက်ဆုံးအချိန်အခိုက်အတန့်ကို အမိအရဖမ်းယူရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာ
Will Burrard-Lucas အမည်ရှိ တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာတစ်ဦးဟာ Kenya နိုင်ငံ Tsavo ဒေသမှာ မယုံကြည်နိုင်လောက်တဲ့ F_MU1 AKA ဆင်ဘုရင်မတစ်ကောင်နှင့်တွေ့ဆုံခဲ့ရပြီး သူ့ရဲ့အတွေ့အကြုံကိုလည်း ပြန်လည်မျှဝေထားခဲ့ပါတယ်။Burrard-Lucas ဟာ Tsavo ဒေသရှိဆင်များကို ဓာတ်ပုံရိုက်ကူးတဲ့ပရောဂျက်တစ်ခုကို စတင်ပြုလုပ်ခဲ့သူတစ်ဦးဘဲဖြစ်ပါတယ်။
သူဟာ ထိုဒေသရဲ့အကြောင်းများနှင့် F_MU1 AKA ဆင်များရဲ့အကြောင်းကို လေ့လာခဲ့ပါတယ်။ဆင်များဟာ နူးညံ့တဲ့စိတ်ထားရှိပြီး အလွန်ခမ်းနားထည်ဝါတဲ့သတ္တဝါကြီးများသာဖြစ်တယ်လို့ Burrard-Lucas က ဆိုခဲ့ပါတယ်။
“အဲ့ဒီအချိန်တုန်းက ကျွန်တော်က ခြုံပုတ်ထဲကနေ ဆင်တွေရဲ့ကျောပြင်ကို တစေ့တစောင်းရိုက်ကူးနေတုန်း စက္ကန့်ပိုင်းအကြာလေးမှာ အဲ့ဒီ F_MU1 ဆင်မကြီးက ကျွန်တော့်မျက်စိရှေ့ကို ရောက်လာခဲ့တယ် ၊ သူနဲ့စတွေ့တော့ ပါးစပ်တောင်မစိနိုင်ခဲ့ဘူး ။
အဲ့ဒီ F_MU1 ဆင်မကြီးက ပိန်လှီပြီးအသက်ကြီးနေပေမဲ့လည်း သူမက ယဉ်ကျေးသိမ်မွေ့စွာနဲ့ ရှေ့ကနေ ချီတက်သွားနေခဲ့တယ် ၊ သူမရဲ့အစွယ်တွေက ရှည်လျားလွန်းတာကြောင့် အောက်က
မြေပြင်ကိုတောင် သွားခြစ်မိနေတယ် ၊ သူမဟာ ကျွန်တော်တို့အတွက် အတိတ်က တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုလိုပါပဲ ”လို့ Burrard-Lucas က ၎င်း F_MU1 ဆင်မကြီးနဲ့တွေ့ဆုံခဲ့ပုံကို ပြန်ပြောပြခဲ့ပါတယ်။
Burrard-Lucas တို့အဖွဲ့ဟာ သူမအား ရေမိုးချိုးနိုင်ရန် ရေစိမ်လို့ရမဲ့နေရာတစ်ခုသို့ မြားခေါ်သွားခဲ့ကြပြီး သူမရေချိုးရမဲ့အလှည့်ကိုအတူတူစောင့်ခဲ့တဲ့အပြင် သူမနှင့်အတူ တစ်နေကုန်အချိန်ကုန်ခဲ့ကြကြောင်းကိုလည်း ပြောပြထားခဲ့ပါတယ်။
၎င်း F_MU1 ဆင်မကြီးအား ဖမ်းယူရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံတိုင်းမှာ ဆင်ဘုရင်မရဲ့စစ်မှန်တဲ့ ဂုဏ်ကျက်သရေကို တွေ့မြင်နိုင်ပါတယ်။သို့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ Burrard-Lucas ဓာတ်ပုံများရိုက်ကူးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ၎င်းဆင်မကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။
ဆင်မကြီးဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် သဘာဝတရားအတိုင်း ကွယ်လွန်သွားပုံရပါတယ်။ကျေးဇူးတင်စရာကောင်းတာကတော့ အခုဓာတ်ပုံများက သူမအား မသေစေခဲ့သလို ထာဝရအဖြစ်ကျန်ရှိသွားစေခဲ့ပါတယ်။
ထို့နောက် Burrard Lucas ဟာ သူ့ရဲ့Land of Giants စာအုပ်များရဲ့မျက်နှာဖုံးမှာ အဆိုပါ Tvaso ဒေသမှာ နှစ်အတော်ကြာနေထိုင်တဲ့ F_MU1 ဆင်ဘုရင်မကြီးရဲ့ဓာတ်ပုံကို အထူးပုံနှိပ်ကာ ပြုလုပ်ထားခဲ့ပြီး Burrard Lucas က တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ F_MU1 လို ရှားပါးပြီးထူးခြားတဲ့သတ္တဝါမျိုးကို သူမတွေ့ဖူးခဲ့သလို ထူးခြားတာက ၎င်းဆင်မဟာ ၎င်းတို့ရဲ့မျိုးနွယ်မှာ အထင်ရှားဆုံးဖြစ်ကောင်းဖြစ်နိုင်ပြီး ၎င်းဆင်မကြီးနှင့်အတူရှိနေခဲ့ရတဲ့အချိန်ဟာ သူ့အတွက် တကယ့်အခွင့်ထူးတစ်ခုလိုဘဲလို့လည်း ပြောကြားခဲ့ပါသေးတယ်။
Zawgyi
Will Burrard-Lucas အမည္ရွိ ေတာ႐ိုင္းတိရိစာၦန္ဓာတ္ပုံဆရာတစ္ဦးဟာ Kenya ႏိုင္ငံ Tsavo ေဒသမွာ မယုံၾကည္ႏိုင္ေလာက္တဲ့ F_MU1 AKA ဆင္ဘုရင္မတစ္ေကာင္ႏွင့္ေတြ႕ဆုံခဲ့ရၿပီး သူ႔ရဲ႕အေတြ႕အႀကဳံကိုလည္း ျပန္လည္မွ်ေဝထားခဲ့ပါတယ္။Burrard-Lucas ဟာ Tsavo ေဒသရွိဆင္မ်ားကို ဓာတ္ပုံ႐ိုက္ကူးတဲ့ပေရာဂ်က္တစ္ခုကို စတင္ျပဳလုပ္ခဲ့သူတစ္ဦးဘဲျဖစ္ပါတယ္။သူဟာ ထိုေဒသရဲ႕အေၾကာင္းမ်ားႏွင့္ F_MU1 AKA ဆင္မ်ားရဲ႕အေၾကာင္းကို ေလ့လာခဲ့ပါတယ္။
ဆင္မ်ားဟာ ႏူးညံ့တဲ့စိတ္ထားရွိၿပီး အလြန္ခမ္းနားထည္ဝါတဲ့သတၱဝါႀကီးမ်ားသာျဖစ္တယ္လို႔ Burrard-Lucas က ဆိုခဲ့ပါတယ္။“အဲ့ဒီအခ်ိန္တုန္းက ကြၽန္ေတာ္က ၿခဳံပုတ္ထဲကေန ဆင္ေတြရဲ႕ေက်ာျပင္ကို တေစ့တေစာင္း႐ိုက္ကူးေနတုန္း စကၠန႔္ပိုင္းအၾကာေလးမွာ အဲ့ဒီ F_MU1 ဆင္မႀကီးက ကြၽန္ေတာ့္မ်က္စိေရွ႕ကို ေရာက္လာခဲ့တယ္ ၊ သူနဲ႔စေတြ႕ေတာ့ ပါးစပ္ေတာင္မစိႏိုင္ခဲ့ဘူး ၊
အဲ့ဒီ F_MU1 ဆင္မႀကီးက ပိန္လွီၿပီးအသက္ႀကီးေနေပမဲ့လည္း သူမက ယဥ္ေက်းသိမ္ေမြ႕စြာနဲ႔ ေရွ႕ကေန ခ်ီတက္သြားေနခဲ့တယ္ ၊ သူမရဲ႕အစြယ္ေတြက ရွည္လ်ားလြန္းတာေၾကာင့္ ေအာက္ကေျမျပင္ကိုေတာင္ သြားျခစ္မိေနတယ္ ၊ သူမဟာ ကြၽန္ေတာ္တို႔အတြက္ အတိတ္က တန္ဖိုးႀကီးေရွးေဟာင္းပစၥည္းတစ္ခုလိုပါပဲ ”လို႔ Burrard-Lucas က ၎ F_MU1 ဆင္မႀကီးနဲ႔ေတြ႕ဆုံခဲ့ပုံကို ျပန္ေျပာျပခဲ့ပါတယ္။
Burrard-Lucas တို႔အဖြဲ႕ဟာ သူမအား ေရမိုးခ်ိဳးႏိုင္ရန္ ေရစိမ္လို႔ရမဲ့ေနရာတစ္ခုသို႔ ျမားေခၚသြားခဲ့ၾကၿပီး သူမေရခ်ိဳးရမဲ့အလွည့္ကိုအတူတူေစာင့္ခဲ့တဲ့အျပင္ သူမႏွင့္အတူ တစ္ေနကုန္အခ်ိန္ကုန္ခဲ့ၾကေၾကာင္းကိုလည္း ေျပာျပထားခဲ့ပါတယ္။၎ F_MU1 ဆင္မႀကီးအား ဖမ္းယူ႐ိုက္ကူးထားခဲ့တဲ့ဓာတ္ပုံတိုင္းမွာ ဆင္ဘုရင္မရဲ႕စစ္မွန္တဲ့ ဂုဏ္က်က္သေရကို ေတြ႕ျမင္ႏိုင္ပါတယ္။သို႔ေပမဲ့ ကံမေကာင္းစြာနဲ႔ဘဲ Burrard-Lucas ဓာတ္ပုံမ်ား႐ိုက္ကူးၿပီး ရက္သတၱပတ္အနည္းငယ္အၾကာမွာ ၎ဆင္မႀကီးဟာ ဆုံးပါးသြားခဲ့ပါတယ္။
ဆင္မႀကီးဟာ အသက္ႀကီးေနၿပီျဖစ္တာေၾကာင့္ သဘာဝတရားအတိုင္း ကြယ္လြန္သြားပုံရပါတယ္။ေက်းဇူးတင္စရာေကာင္းတာကေတာ့ အခုဓာတ္ပုံမ်ားက သူမအား မေသေစခဲ့သလို ထာဝရအျဖစ္က်န္ရွိသြားေစခဲ့ပါတယ္။
ထို႔ေနာက္ Burrard Lucas ဟာ သူ႔ရဲ႕Land of Giants စာအုပ္မ်ားရဲ႕မ်က္ႏွာဖုံးမွာ အဆိုပါ Tvaso ေဒသမွာ ႏွစ္အေတာ္ၾကာေနထိုင္တဲ့ F_MU1 ဆင္ဘုရင္မႀကီးရဲ႕ဓာတ္ပုံကို အထူးပုံႏွိပ္ကာ ျပဳလုပ္ထားခဲ့ၿပီး Burrard Lucas က ေတာ႐ိုင္းတိရိစာၦန္ဓာတ္ပုံဆရာတစ္ေယာက္အေနနဲ႔ F_MU1 လို ရွားပါးၿပီးထူးျခားတဲ့သတၱဝါမ်ိဳးကို သူမေတြ႕ဖူးခဲ့သလို ထူးျခားတာက ၎ဆင္မဟာ ၎တို႔ရဲ႕မ်ိဳးႏြယ္မွာ အထင္ရွားဆုံးျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ၎ဆင္မႀကီးႏွင့္အတူရွိေနခဲ့ရတဲ့အခ်ိန္ဟာ သူ႔အတြက္ တကယ့္အခြင့္ထူးတစ္ခုလိုဘဲလို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။