News

အိုလံပစ်ပြိုင်ပွဲကပြီးသွားပြီဖြစ်ပေမဲ့ အခုမှ ပြည်သူတွေကို ရုပ်သံစပြတဲ့ မြောက်ကိုရီးယား

တိုကျိုအိုလံပစ်က လူတိုင်းအတွက် အကောင်းဆုံးတွေ တင်ဆက်ပေးရင်း ပြီးသွားခဲ့ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်တာတွေကိုလည်း ပရိသတ်တွေခံစားပြီးဖြစ်ပေမဲ့ တိုကျိုအိုလံပစ်ကို အခုမှကြည့်ရမယ့်လူတွေရှိနေသေးတယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားပါလိမ့်မယ်။

မြောက်ကိုရီးယားပြည်သူတွေဟာ တိုကျိုအိုလံပစ်အခုမှစကြည့်ရပါတယ်။ သူတို့ဆီမှာ မြဝတီ၊ မြန်မာ့အသံတို့လို ဒီဇိုင်းဖြစ်တဲ့ နိုင်ငံတော်ပိုင်ရုပ်သံ ဗဟိုကိုရီးယားတီဗီကနေ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့အားကစားပွဲတွေကို အခုမှ စလွှင့်ပါတယ်။ အဲထဲမှာ ဘောလုံးပွဲတပွဲလည်းပါပါတယ်။

အမျိုးသမီးဘောလုံးပွဲတပွဲဖြစ်တဲ့ ယူကေနဲ့ ချီလီတို့ ဇူလိုင်၂၁ ရက်နေ့မှာ ကစားခဲ့တဲ့ပွဲကို မိနစ်၇၀ကြာလွှင့်ပေးခဲ့တာပါ။ သုံးပတ်အကြာက ဘောလုံးပွဲလည်းဖြစ်တဲ့အပြင် ဘောလုံးပွဲက မိနစ်၉၀အပြည့်လည်း မပါပါဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက်တော့ တကယ့်တိုက်ရိုက် live ပါပဲ။

မိနစ်၂၀စာလောက်က တိုးတက်နေတဲ့ရုပ်ကပ်တွေ၊ ပြည်သူတွေကိုမမြင်စေချင်တဲ့အပိုင်းတွေကို ဖြုတ်ထားတာလို့သိရပါတယ်။ ဒါတင်မကေသေးဘဲ တခြားအားကစားထဲမှာလည်း သူပြချင်တဲ့ဟာတွေကိုပဲ ရွေးပြပါတယ်။ အခုလိုမျိုးပြရတာက မြောက်ကိုရီးယားပြည်သူတွေကို ချွေးသိပ်တာပါ။

ကိုဗစ်ကြောင့် အိုလံပစ်မှာသွားမပြိုင်ဘူးလို့ ပြည်တွင်းမှာကြေညာထားပေမဲ့ ပွဲရှိတာကို သိနေတဲ့ပြည်သူတွေကို အခုမှပွဲစသလိုဖန်တီးပေးထားတာဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေ မယုံသလိုဖြစ်နေခဲ့ရင်တော့ ငယ်ဘဝတုန်းက မြဝတီနဲ့ မြန်မာ့အသံပဲကြည့်ခဲ့ရတဲ့ ကိုယ့်ဘဝကိုပြန်သတိရနိုင်ပါတယ်။

အခုလိုမျိုးအိုလံပစ်တွေကို ပြိုင်လိုက်မပြိုင်လိုက်လုပ်တာက သူနဲ့မတည့်တဲ့နိုင်ငံတွေ ဦးစီးကျင်းပရင်လုပ်နေကြအကွက်တွေလို့လည်းသိရပါတယ်။ ၁၉၈၈၊ ၂၀၁၈တွေမှာလည်း အိုလံပစ်ကို ဘွိုင်ကော့လုပ်ထားပြီး နိုင်ငံထဲမှာနေတဲ့ပြည်သူတွေကတော့ မျက်စိပိတ်၊ နားပိတ်နဲ့ ဘဘကြီးကျန်းမာပါဇီလုပ်နေရတုန်းပဲဖြစ်ပါတယ်။

ref:BBC