ဗဟုသုတ

အရေးတော်ပုံအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားပေးနေတဲ့ ယခုလိုကာလမှာ သူရပ်နားလိုက်တဲ့ အရာနှစ်ခုကို ပြောပြလိုက်တဲ့ ဗိုလ်ကြီးမင်းမောင်မောင်

ပထမတန်းခွဲစိတ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်ကတော့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ကနေထွက်လာပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDMမှာပါဝင်လျက်ရှိနေတဲ့ ဗိုလ်ကြီးတစ်ယော က်ပဲဖြစ်ပါတယ်။

ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ် တ ည်လျက်ရှိနေတဲ့ ဗိုလ်ကြီးမင်းမောင်မောင်ဟာ လူမှုကွန်ယက်စာမျက်နှာထက်ကနေ ပျောက်ကွယ်နေတာကြောင့် ပြည်သူတွေက စိတ်ပူနေကြပါတယ်။

ယခုမှာတော့ CDM ဗိုလ်ကြီးမင်းမောင်မောင်က F Bပေါ်ကနေ ပျောက်ကွယ်နေရတဲ့ အကြောင်းအရင်းကို စိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် ပြောပြလိုက်ပါတယ်။

Facebook အပိတ်ခံရပြီး ဘာမှတင်မရလို့ စာတွေမရေးတော့တာဖြစ်ကာ အလုပ်တွေဆက် တိုက်လုပ်နေတာကြောင့် လူမှုကွန်ယက်ထက်ကနေ ပျောက်ကွယ်နေတာဖြစ်ကြောင်း ဗိုလ် ကြီးမင်းမောင်မောင်က ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ဗိုလ်ကြီးမင်းမောင်မောင်ကတော့ မီဒီယာတွေနဲ့ interview တွေဖြေတာကို ရပ်နားထားသလို onl ineစာရေးခြင်းကိုလည်း ရပ်နားလိုက်ပြီဖြ စ်ကြော င်း ဖွင့်ဟထားခဲ့ပါတယ်။

ပျောက်ကွယ်နေတဲ့ ကာလမှာ လက်တွေ့ဆန်တဲ့အလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြ စ်ပြီး ပြည်သူတွေ မျှော်လင့်နေတဲ့နေ့ရက်တွေကို မကြာခင်ရောက်တော့မှာဖြစ်ကြောင်း ဗိုလ်ကြီးက ပြောပြလာခဲ့ပါတယ်။

ပြည်သူတွေကလည်း ဗိုလ်ကြီးမင်းမောင်မောင်ကို မတွေ့တာကြာလို့ စိတ်ပူနေကြောင်းကျန်းမာရေးဂရုစိုက်ဖို့နဲ့ အားတင်းကြဖို့ အားပေးစကားတွေပြောဆိုနေကြပါတယ်။

ဗိုလ်ကြီးမင်းမောင်မောင်ကတော fbအပိတ်ခံရလို့ ဘာမှမတင်တာဖြစ်ပြီး ယခုပြန်ရပြီဖြစ်ကြောင်း၊ interviewတွေ onlineစာရေးခြင်းတွေကို ရပ်နားထားကြောင်း၊ လက်တွေ့ဆ န်တဲ့ အ လုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး silentနေကာ online သတင်းတွေ၊တစ်ဖက်အ ခြေအနေတွေကို စောင့်ကြည့်နေကြောင်း၊ ပြည်သူတွေမျှော်လင့်နေတဲ့ကာလလည်း မကြာခင်လာတော့မှာဖြစ်ပြီး အရေးတော်ပုံအောင်တော့မှာဖြစ်ကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။