ဗဟုသုတ

ရုတ်တစ်ရက်ကြည့်ရင် ဒီကောင်လေးတွေဘာလုပ်နေတာလဲပေါ့

ကျွန်တော်တို့ PDF ကလေးတွေ ထောက်ပံ့တဲ့သူတွေဆီကရတဲ့ Coffee Mix တွေကိုဝေစုခွဲနေတာပါခင်ဗျာ။ တစ်ယောက်မှတစ်ပတ်ကို ၄ ထုပ်ရတာပါ။

တစ်ချို့ဆိုကော်ဖီကြိုက်တတ်တော့ မြန်မြန်မကုန်အောင်အထုပ်တစ်ဝက်ကိုပဲ ရေများများနဲရောပီးသောက်နေရတာ။ကျွန်တော်တို့လဲ အရသာရှိတဲ့ကော်ဖီလေးတော့သောက်ချင်တာပေါ့ဗျာ။ ထမင်းဆိုလဲ အသားဟင်းနဲ့စားချင်တာပေါ့။ညဆိုလဲ မွေ့ယာလေးပေါ်ကောင်းကောင်းအိပ်ချင်တာပေါ့။

အိမ်မှာကော်ဖီ တစ်ခွက်ဆိုတာ တစ်ရာကျပ်ပဲ တန်ပေမဲ့ တောထဲက PDF တွေ မှာတော့ ကော်ဖီလေးတစ်ထုပ်ဟာ တန်ဖိုးကြီးလွန်းလှပါတယ်။

အခု ကော်ဖီဝေစုခွဲနေတဲ့ PDF ကလေးတွေထဲမှာ ဆရာဝန် ၊အင်ဂျင်နီယာလောင်းတွေ၊ သက်ဆိုင်နယ်ပယ်တွေက ပညာရှင်ပေါင်းစုံ ပါဝင်ပီး အနေအစားဆင်းရဲခံပီး တိုင်းပြည်အတွက် အသက်စွန့်ကြိုးပန်းနေကြတာပါ။

ကျွန်တော်တို့လဲ လူကြီးမင်းတို့လို ကိုယ့်အိမ်မှာ ကိုယ့်မိသားစုနဲ့အတူတူ ထမင်းလက်ဆုံစားပီးနွေးနွေးထွေးထွေးနေချင်တာပေါ့။ ရွေးချယ်ခဲ့တဲ့ လမ်းကအမှန်တရားအတွက်မို့ ပင်ပန်းဆင်းရဲလည်း ကျွန်တော်တို့ သည်းခံပီးဖြတ်သန်းနေတာပါ။

ကျွန်တော်တို့နဲ့အတူ PDF တွေကိုတတ်နိုင်တဲ့ဘက်ကထောက်ပံ့ပေးကြရအောင်ဗျာ 🙏🙏🙏

Crd – People’s Defense Forced