ဗဟုသုတ

ကောင်းမှုကုသိုလ် လုပ်ပေးမယ့်သူတောင်မရှိတဲ့ ၄၄လမ်းကရင်နာဖွယ်ဖြစ်ရပ်မှာ ပါဝင်တဲ့ ညီအကိုနှစ်ယောက်

ကောင်းမှုကုသိုလ် လုပ်ပေးမယ့်သူတောင်မရှိတဲ့ ၄၄လမ်းကရင်နာဖွယ်ဖြစ်ရပ်မှာပါဝင်တဲ့ ညီအကိုနှစ်ယောက်

ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတခုကို သြဂုတ်လ ၁၀ ရက်က မွန်းလွဲပိုင်းကစစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းစဉ်အတွင်း ခုန်ချ၍ ကျဆုံးခဲ့သူတွေထဲက နှစ်ဦးဟာညီအကိုအရင်းဖြစ်ပြီး မိဘတွေ မရှိတော့သူတွေဖြစ်လို့ ပိုင်ရှင်မဲ့ အလောင်းအဖြစ်ပြးဆုံးသွားမယ့် အခြေနေမျိုးရှိနေတယ်လို့ သေဆုံးသူတွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေက ပြောလာပါတယ်

သေဆုံးသူ ကိုဝေဇော်ထက်နဲ့ကိုဝေယံထက်တို့ ဟာ ညီအကိုအရင်း ဖြစ်ကြပြီး စစ်ကိုင်းတိုင်းဇာတိတွေဖြစ်ကြပြီး မိဘတွေ မရှိတော့တဲ့နောက်ပိုင်း ရန်ကုန်မှာ အခြေချ နေထိုင်သူတွေဖြစ်တယ်လို့ သူငယ်ချင်းတွေက အတည်ပြုပြောကြားထားပါတယ်

ဆွေမျိုးတွေနဲ့ကလဲ အဆက်အစပ်မရှိတော့ ပိုင်ရှင်မဲ့အနေနဲ့ ဖြစ်သွားမှာပဲလေ။ကျွန်တော် သူငယ်ချင်းက အမြဲပြောနေတာ့ ဆွေမျိုးတွေနဲ့လအဆက်အသွယ်မရှိတော့တဲ့ အခြေနေဖြစ်နေတာ ကျွန်တော်သိတယ်။

သူတို့ကို ဘယ်သူမှမသိကြတော့ ကောင်းမူကုသိုလ်ပြုလုပ်ပေးမယ့် သူတွေမရှိဘူးဖြစ်နေတာအလောင်းထုတ်ပေးဖို့ တာဝန်ခံမယ့်သူမရှိဘူး ဖြစ်နေတာ ဘယ်သူနဲ့မှ အဆက်အစပ် မရှိဘူး လို့ကိုဝေဇော်ထက်ရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက် ၄ လွှာကို စစ်ကောင်စီတပ်ဖွဲ့ကသြဂုတ်လ၁ဝရက်နေ့က လာရောက်စစ်ဆေးနေစဉ်တိုက်ခန်းပေါ်မှ ခုန်ချခဲ့တဲ့ လူငယ် ၅ ဦးအနက်အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး ၂ နှစ်ဦးဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေက အတည်ပြုပြောကြားထားပါတယ်

စစ်ကောင်စီအဖွဲ့တွေ ဝင်ရောက်စီးနှင်းစဉ် ခုန်ချသူတွေထဲက အကိုဖြစ်သူ ကိုဝေဇော်ထက်ဟာနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ရတာဖြစ်ပြီး ညီဖြစ်သူ ကိုဝေယံထက်ကတော့ သြဂုတ်လ ၁၁ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တာလို့ သိရပါတယ်

ညီဖြစ်သူ ကိုဝေယံထက်ရဲ့ ရုပ်အလောင်းကိုတော့ သူရဲ့ အလုပ်ကအပေါင်းသင်း အချို့သာသွားရောက် ကြည့်ရှုခဲ့ရတယ်လို့ အစ်ကိုဖြစ်သူရဲ့ သူငယ်ချင်းက ပြောပါတယ်။၇ ရက် ပြည့်ရင်တော့ကျွန်တော်က အမျှဝေပေးမယ်။ ခုဟာက အလောင်းထုတ်ရဲတဲ့ သူတောင်မရှိဘူး

ကျွန်တော်သူငယ်ချင်းရဲ့ ညီက သူ့သူငယ်ချင်းတွေရှိတဲ့ ၄၄လမ်းကို သွားရင်းနဲ့ ဖြစ်သွားတာပါ။သူတို့ညီအစ်ကို အရင်းမှန်းတောင် ဘယ်သူမှမသိကြလို့ သည်အတိုင်းလူမသိ သူမသိပြီးသွားမှာ မဖြစ်စေချင်လို့ပါ လို့ သူက လက်ရှိအခြေနေကို ပြောပါတယ်

တိုက်ပေါ်မှ ခုန်ချခဲ့တဲ့ ဖြစ်စဉ်မှာ ကျဆုံးခဲ့သူတစ်ဦးဖြစ်တဲ့ မဝေဝေမြင့်ရဲ့ အမျိုးသားကလည်းအမျိုးသမီးရဲ့ နာရေးကို လိုက်ပို့ချိန်မှာ လိုက်ပါပို့ဆောင်သူမရှိတဲ့ အလောင်းသုံးလောင်းကိုစစ်ကောင်စီတပ်ဖွဲ့တွေက ရွှေပြည်သာမြို့နယ် ကျူချောင် သုဿန်ကိုလာရောက် ပို့ဆောင်သွားတာကိုမြင်တွေ့ခဲ့ရတယ်ဆိုပြီး သတင်းမီဒီယာ တချို့ကို ဖြေကြားထားပါတယ်

စစ်ကောင်စီက ဩဂုတ်လ ၁၁ ရက် နေ့လည်ပိုင်း ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦး နေရာတွင်သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့တယ်ဟုသာ အသိပေးထားပါတယ်။သေဆုံးသူတွေထဲက အကြီးဖြစ်သူ ကိုဝေဇော်ထက်ဟာ network အင်ဂျင်နီယာတစ်ဦးဖြစ်ပြီးညီဖြစ်သူက ဒီဇိုင်နာတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်

ညီဖြစ်သူကတော့ ယခင် ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ဖူးတာတွေရှိပြီး ယခုဖြစ်စဉ်မှာ‌တော့အစ်ကိုဖြစ်သူက ညီဖြစ်သူကို လိုက်ကူရင်းနဲ့ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ရတာလို့အစ်ကိုဖြစ်သူနဲ့ အနီးကပ်ပေါင်းသင်းခဲ့သူ တစ်ဦးက ပြောပါတယ်

ထို့ပြင် ဝင်ရောက်စီးနင်း ခံရစဉ်အတွင်း ဖမ်းဆီးခံရသူနှစ်ဦးရှိခဲ့ရာ ကိုကောင်းမင်းသန့် မှာသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ကျန်သူများမှာ တိုက်ပေါ်မှ ခုန်ချခဲ့ကြတာဖြစ်ပါတယ်သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးတယ်ဆိုတဲ့ ကိုကောင်းမင်းသန့် နှင့် ပတ်သက်၍စစ်ကောင်စီ ထုတ်ပြန်ချက်မှာ လုံးဝဖော်ပြထားတာမရှိပါဘူး