သေဆုံးသွားသော ညီငယ် ၂ယောက် နဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့စိတ်ကူးဖြင့် ၇ထပ်အိမ်ကြီးကို ၃နှစ်အကြာ ကိုယ်တိုင် ဆောက်လုပ်ခဲ့သော သနားစရာအဖိုးအို
တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်တွင် နေထိုင်သော အသက် ၇၀နှစ်အရွယ် အဖိုးအိုဟာ မိသားစုနှင့်ပက်သက်ပြီး အစွဲအလန်းကြီးကာ လွန်ခဲ့သော ၁၀နှစ်လောက်က ချစ်ရသော ညီငယ်၂ယောက်ကို ဆုံးရှုံးလိုက်ရခြင်းဖြင့် စိတ်ဝေဒနာရှင်ဖြစ်သွားခဲ့ရှာပါတယ်။
အဖိုးအိုဟာ လမ်းပေါ်တွင် အမှိုက်သရိုက်များလိုက်ကောက်ကာ သူများစွန့်ပစ်ထားသည့် စားကြွင်းစားကျန်များကို လိုက်ရှာစားရင်း အသက်ဆက်နေခဲ့ရတာပါ။
အဖိုးအိုက ညီငယ်၂ယောက်လုံးသေဆုံးသွားပြီကို ယနေ့ထိလက်မခံနိုင်သေးပဲရှိကာ သူ၏ ညီငယ်တွေ ပြန်လာချိန်ကျ အတူနေရအောင်ဆိုပြီး စွန့်ပစ်ထားသည့် အမှိုက်သရိုက်များ ရွှံ့ သဲနှင့်အတူ တုတ်ချောင်းများကို အသုံးပြုပြီး ၇ထပ်အမြင့်ရှိသည့် အိမ်ကြီးအား ၃နှစ်၃မိုးစောင့်ဆိုင်းရင်း ဆောက်လုပ်ခဲ့ပါတယ်။
အဖိုးအိုရဲ့ အိမ်မှာ စနစ်တကျတည်ဆောက်ထားတာမျိုးမဟုတ်သည့်အတွက် ပတ်ဝန်းကျင်ရှိ လူများမှ ပြိုကျလာမည်ကို တွေးမိပြီး ရင်တထိတ်ထိတ်ဖြစ်နေကြရသည်။
Zawgyi