ဗဟုသုတ

မိသားစုထမင်းဝိုင်းကို လွမ်းပေမယ့် အနေဆင်းရဲ၊အစားဆင်းရဲနဲ့ ဒုက္ခခံကာ ဆက်တိုက်ပွဲဝင်နေတဲ့အကြောင်းအရင်းကို ဖွင့်ဟလိုက်တဲ့ PDFလူငယ်လေး

မြန်မာလူငယ်လေးတွေကတော့ ရဲရဲရင့်ရင့်နဲ့ အသက်ကိုစွန့်ပြီး တောတောင်တွေထဲမှာ စစ်ပညာသင်ကြားကာ ရရာလက်နက်တွေနဲ့ အာဏာရှင်ကို ရင်ဆိုင်နေကြပါတယ်။

ယခုမှာတော့ Area(21)တပ်ဖွဲ့မှ PDFလူငယ်လေးတွေဟာ ရှိတာလေးတွေနဲ့ စားသောက်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ လုပ်ဆောင်နေကြပါတယ် ။

အဆိုပါPDFလူငယ်လေးတွေဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပင်ပန်းဆင်းရဲမှုကို အကောင်းဆုံးကျော်ဖြတ်ကာ စစ်အာဏာရှင်ကို တိုက်ထုတ်နေကြတာပဲဖြစ်ပါတယ်။

PDFလူငယ်လေးတစ်ယောက်ကတော့ မိသားစုထမင်းဝိုင်းလေးကို လွမ်းပေမယ့် ယခုလိုအစားအသောက်ဆင်းရဲ၊အနေဆင်းရဲနဲ့ ပင်ပန်းဒုက္ခခံကာ ဆက်တိုက်ပွဲဝင်နေတဲ့ အကြောင်းအရင်းကို ပြည်သူတွေသိရှိအောင် ဖွင့်ဟပြောပြလိုက်ပါတယ်။

မြန်မာနိုင်ငံကြီး စစ်အာဏာရှင်စနစ်အုပ်ချုပ်မှု ပျက်သုန်းရေးက အဓိကကျတာမို့ ဘယ်လောက်ပဲဆင်းရဲပင်ပန်းမှုတွေရှိရှိ ယခုလိုဆက်တိုက်ပွဲဝင်နေတာဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။

လေးစားစရာကောင်းတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ အဆိုပါPDFလူငယ်လေးတွေကို ပြည်သူတွေက ဘေးကင်းလုံခြုံကြစေဖို့၊ အားတင်းထားကြဖို့ အားပေးစကားတွေ ရေးသားပြောဆိုနေကြပါတယ်။

PDFလူငယ်လေးတစ်ဦးကတော့ မိသားစု ထမင်းဝိုင်းပေါ်က ဟင်းကောင်းလေးတွေကို တောင့်တနေပေမယ့် စစ်အာဏာရှင်စနစ် အုပ်ချုပ်မှု ပျက်သုန်းရေးက အဓိကကျတာမို့ ဘယ်လောက်ပဲ ချို့တဲ့ပင်ပန်းမှုတွေရှိရှိ ဆက်လက်တိုက်ပွဲဝင်နေတာဖြစ်ကြောင်း၊ပြည်သူတွေလွတ်လပ်စွာ နေထိုင်နိုင်ဖို့၊ Democracy နိုင်ငံတော်ပြန်လည်အသက်ဝင်လာနိုင်ဖို့၊ အနာဂတ်တွေ ပြန်ရှင်သန်လာနိုင်ဖို့နဲ့ အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးရဲဘော်တွေက အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ရှိတာလေးတွေနဲ့ စားသောက်နေကြတဲ့ PDFလူငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။