ဗဟုသုတ

တစ်သက်လုံးလူပျိုကြီးဘဝနှင့် အရိုးထုတ်ရတော့မည်ဟု ထင်ထားသော်လည်း အရပ်တူရွယ်တူသတို့သမီးလေးနှင့် ဖူးစာဆုံခဲ့၍ ဝမ်းသာမဆုံးဖြစ်နေရသည့် သတို့သား

Zawgyi

လောကကြီးရှိ လူသားတို့သည် အရွယ်ရောက်ပြီးသည့်အခါ ကိုယ့်အနားမှာ ကောင်းတူဆိုးဖက် ပါရမီဖြည့်ပေးပြီး နွေးထွေးကြင်နာပေးမည့်သူ အဖော်တစ်ယောက်လောက်တော့ လိုအပ်ပါသည်။

သို့ဖြစ်၍ အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် နေထိုင်သော Pramod Kumar အမည်ရှိသော အသက် ၄၇နှစ်အရွယ် အမျိုးသားနှင့် Poonam Devi အမည်ရှိ အသက် ၃၃နှစ်အရွယ် အမျိုးသမီးတို့သည် ကမ္ဘာပေါ်တွင် အရပ်အပုဆုံး ဇနီးမောင်နှံအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

အမျိုးသားသည် အရပ်အားဖြင့် ၆၁စင်တီမီတာသာ ရှိပြီး သူဧ။်အရပ်အမောင်းနှင့် ဘယ်မိန်းကလေးကမှ ကြိုက်မယ့်သူမရှိခဲ့ရာ လူပျိုကြီးဘဝနှင့်သာ ကုန်ဆုံးသွားရတော့မည်ဟု တွေးထားရာ မထင်မှတ်ပဲ အချစ်စစ်နှင့် တွေ့ရှိခဲ့၍ အားရဝမ်းသာဖြစ်ခဲ့သည်။

ဇနီးဖြစ်သူဧ။် အရပ်မှာ ၁မီတာခန့်ရှိသည့်အတွက် အမျိုးသားထက် ၄စင်တီမီတာလောက်သာ ပိုမြင့်ပြီး သူတို့နှစ်ဦးမှာ မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းချက်ကြောင့် ကြီးထွားမှုနှုန်းသည် ရပ်တန့်ခဲ့သည်။

ရွာထဲရှိလူများမှ သူတို့နှစ်ဦးဧ။် အကြောင်းကိုသိရှိ၍ မိတ်ဆက်ပေးရင်းက မြင်မြင်ချင်း ချစ်ကြိုက်ခဲ့ရာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး မင်္ဂလာပွဲအား အခမ်းနားဆုံးကျင်းပခဲ့ကြသည်။

Unicode