News

“တစ်ရက်စာ ထီလက်မှတ်တွေကို နာရီပိုင်းအတွင်း ရောင်းကုန်သွားသည့် NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” (ထီထိုးနည်း ရုပ်သံ)

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဩဂုတ် ၁၅ ရက်တွင် စတင်ရောင်းချသည့် “နွေဦးထီ” သည်နာရီပိုင်းအတွင်း တစ်ရက်တာ ရောင်းချရန်သတ်မှတ်သည့် ပမာဏပြည့်သွားခဲ့သည်။

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကိုယနေ့ ညနေ ၄ နာရီမှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခွဲခန့်တွင် ရောင်းချရန်သတ်မှတ်ထားသည့် ပမာဏပြည့်သွားခဲ့ခြင်းဖြစ်သည်။

တစ်နာရီခွဲအတွင်း “ ယနေ့အဖို့ ရောင်းချရန် သတ်မှတ်ထားတဲ့ ထီအရေအတွက်ပြည့်ပါပြီ။ နောက်ရက်တွေမှာ ဝယ်ယူအားပေးနိုင်ပါတယ် “ ဆိုသည့် အကြောင်းကြားစာအား ထီရောင်းချသည့် website တွင်ဖော်ပြထားသည်။

နွေဦးထီကို လာမည့်နေ့ရက် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအတွင်း တရားဝင် ဖေ့စ်ဘွခ်စာမျက်နှာ၏ Messenger တစ်ခုတည်းတွင် အွန်လိုင်းစနစ်နှင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထီပေါက်ပါက ဆုငွေကို “ယူမှာလား/ ပြန်လှူမှာလား” ဆိုသည့် ရွေးချယ်မှုအဖြင့် သတ်မှတ်ထည့်သွင်းထားသည်။

ထီတစ်စောင်လျှင် ၂၀၀၀ ကျပ်သက်မှတ်ထားပြီး အနည်းဆုံး ငါးစောင်မှ အများဆုံး အစောင်၅၀ အထိ ထိုးနိုင်မည်ဟုဆိုသည်။

ထီထိုးနည်း ရှင်းလင်ချက် ရုပ်သံကြည့်ရန်

ထီရောင်းချရတဲ့ငွေ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေဆီ လွှဲအပ်သွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း။

ဆုကြေးအနေဖြင့် တစ်ဆုကို ၁၅ သိန်းဆီနှင့်အားလုံး တပြေးညီ အညီအမျှ ခွဲဝေပေးသွာမည်ဟု ဖော်ပြထားသည်။

ထီထိုးလို့ငွေချေမယ်ဆိုရင် verified လုပ်ထားသော Kpay (Lv 1.5 and 2) , WavePay (super user Lv2) အကောင့်များနှင့်မထိုးပါနဲ့။

ဈေးတွင်ရောင်းသော မှတ်ပုံတင်ပြီးသားဆင်းကတ်ဆိုသည့်ကတ်ကို၀ယ်ပါ။ (ပုံမှန်ဈေး ၃၀၀ ၅၀၀ ၇၀၀ ၁၀၀၀)

ထိုကတ်နှင့် အကောင့်ဖွင့်ပါ။ Lv 1 သည် အကောင့်ဖွင့်ရန် OTP သာလိုပါသည်။

နောက်ထိုအကောင့်သို့ ယုံကြည်ရသော အသိမိတ်ဆွေတစ်ဦးဦးထံမှ ငွေဖြည့်ခိုင်းပါ။ သို့မဟုတ် agent ဆိုင်တွင်ဖြည့်ပါ။

(ထိုးမည့်အစောင်နှင့် အကောင့်ထဲသို့အများဆုံးဖြည့်လို့ရသည့် ငွေပမာဏကိုချင့်ချိန်ပါ

KBZpay သည် တစ်နေ့လျှင် အများဆုံး ၅၀၀၀၀ သာလွှဲလို့ရသဖြင့် အများဆုံးတစ်နေ့လျှင် ၂၅ စောင်သာထိုးလို့ရပါမည်

Wavepay သည် တစ်နေ့လျှင် အများဆုံး ၁၀၀၀၀၀ သာလွှဲလို့ရသဖြင့် အများဆုံးတစ်နေ့လျှင် ၅၀ စောင်သာထိုးလို့ရပါမည်)

ထိုအကောင့်နှင့်ထိုးပြီးငွေချေပါ။ သတိပြုရန်မှာ ထိုးမည့်နေတွင်မှ ငွေပေးချေမည့်အကောင့်ထဲသို့ငွေဖြည့်ပါ။

‼️ (အဆိုပါနည်းလမ်းသည် ထီဆုငွေပြန်ထုတ်ချင်သူများအတွက် အဆင်မပြေပါ။ အလုံးစုံလှူဒါန်းလိုသူများအတွက်သာဖြစ်ပါသည်)

ထီတစ်ခါထိုးလျှင် ဆင်းကတ်တစ်ကတ်သာသုံးပါ။ ထိုဆင်းကတ်ဖြင့် ခဏခဏထိုးခြင်းကိုရှောင်ပါ။ နောက်တစ်ကြိမ်ထပ်ထိုးလိုလျှင် ဆင်းကတ် အသစ်ထပ်၀ယ်ပါ။ အကောင့်အသစ်ထပ်ဖွင့်ပါ။

ငွေချေပြီးသည်နှင့်ထိုဆင်းကတ်ကို ဖုန်းမှ ဖြုတ်ထားလိုက်ပါ။

ဤ နည်းလမ်းဖြင့် ‌နောက်ကြောင်းခြေရာခံ စုံစမ်းစစ်ဆေးခြင်းမှကင်းလွတ်နိုင်သလို ငွေပေးချမည့်အကောင့်များ freeze ဖြစ်နိုင်ချေ အလွန်နည်းနိုင်သည်။