ရန်ကုန်၊ သြဂုတ် ၁၅
တောင်ငူတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းများကို ပစ်ခတ်ဖြိုခွင်းခဲ့သည် တောင်ငူ အမှတ် ၂ နယ်မြေရဲစခန်း စခန်းမှူး၊ ဒုရဲမှူးဝင်းသန်းသည် သြဂုတ်လ ၁၄ ရက် ယမန်နေ့ည ၆ နာရီခွဲခန့်တွင် အောက်စီဂျင်ပြတ်တောက်ကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
တောင်ငူရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများကို ရဲစခန်းတွင်းမှနေ၍ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းရန် ဒုရဲမှူးဝင်းသန်းမှ စေခိုင်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ ဒုရဲမှူးဝင်းသန်းသည် အမှတ် ၂ နယ်မြေရဲစခန်းမှူး တာဝန်အား ၇ လခန့်ထမ်းဆောင်ပြီး ရဲအုပ်အဆင့်မှ ဒုရဲမှူးအဖြစ် ရာထူးတိုးထားသူလည်း ဖြစ်သည်။
ကိုဗစ်ရောဂါဖြင့် ၎င်း၏ဇနီးဖြစ်သူ သေဆုံးပြီး တစ်ပတ်ခန့်အကြာတွင် ဒုရဲမှူးဝင်းသန်းပါအောက်စီဂျင်ပြတ်ပြီး အသက်ရှူကြပ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တောင်ငူရဲစခန်း အသိုင်းအဝိုင်းထံမှ သိရသည်။
ပျော်လို့ ကပီလေ
ဓါတ်ပုံ – မတ်လ ၁၈ ရက်နေ့တွင် ဆန္ဒပြပြည်သူများအား တောင်ငူရဲစခန်းအတွင်းမှ အရပ်ဝတ်များဖြင့် ပစ်ခတ်ဖြိုခွင်းနေစဉ်