ဗဟုသုတ

“အော်လံလွှင့်ချီ နွေဦးထီ” ထိုးနည်း အဆင့်ဆင့် လမ်းညွှန်ချက်…

ထီ ဘယ်လို ထိုးကြမလဲ ❓

မိတ်ဆွေတို့ ထီထိုးဖို့အတွက် (အောက်ဆုံးတွင် ရုပ်သံ ရှင်းလင်းချက် ပါဝင်သည်)

အောင်လံလွှင့်ချီ နွေဦးထီ Page ရဲ့ 👉 chatbot ကို သွားပါ

👉 ‘e-lottery ဆိုတာ ဘာလဲ ‘ ရဲ့ အောက်မှာ ရှိတဲ့ ‘Get Started’ ကို နှိပ်ပါ

👉 ပိုမိုသိရှိရန် ကို နှိပ်ပေးပါ

👉 အကွက်လေးတွေ ကျ လာပါလိမ့်မယ် ဘယ်ဖက်ကို ပွတ်ဆွဲပေးပါ

👉 ‘ထီလက်မှတ်ဝယ်ရန် ‘ ကို နှိပ်ပါ

👉 အမည် ၊ ဖုန်းနံပါတ် ထိုးချင်တဲ့ အစောင်ရေ တွေကို ဖြည့်ပေးပါ

👉 ဖြည့်ပြီးသွားရင် Payment အောက်တွင် Process>> ဆိုတာလေးကို နှိပ်ပေးပါ

Agent များမှ ငွေပေးချေဖို့ ဆက်သွယ်ပေးပါလိမ့်မယ်

“အောင်လံလွှင့်ချီ နွေဦးထီ” Page ၏ ကြေငြာချက်

“အောင်လံလွှင့်ချီ နွေဦးထီ” နှင့်စပ်လျဉ်းပြီး ပြည်သူများ၏ တော်လှန်ရေးစိတ်တက်ကြွမှုအား မျက်ဝါးထင်ထင် တွေ့မြင်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ကျွန်ုပ်တို့အနေဖြင့် “နွေဦးထီ” အစီအစဉ် ကိုအကောင်အထည်ဖော်ရာတွင် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးသည်သာ အဓိကဦးစားပေးဖြစ်ပါသည်။

ယခုအခါ အကြမ်းဖက်စစ်ကောင်စစ်မှ နည်းမျိုးစုံသုံးပြီး နွေဦးထီ အစီအစဉ်အား ပျက်ဆီးစေရန် လုပ်ဆောင်နေသည့်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကာအကွယ်တချို့အား အချိန်မီပြင်ဆင်ရန် လိုအပ်လျှက်ရှိသောကြောင့် ထီစတင်ရောင်းချမည့်အချိန်အား မနက် (၁၀) နာရီအစား ညနေ (၄) နာရီသို့ ပြောင်းလဲရောင်းချသွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးလိုပါသည်။

ရုပ်သံကြည့်ရန်

မူရင်း Page ကို Like လုပ်ထားကြပါနော်

ကျန်ရက်များတွင် ပုံမှန်အတိုင်း မနက် (၁၀) နာရီမှ ည (၁၀) အချိန်အတွင်း ထီလက်မှတ်များကို ရောင်းချပေးသွားမည်ဖြစ်ပါသည်။