အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း Kalimantan ပြည်နယ် ရှိ Banjarmasin ဒေသ မှ မွေးဖွားလာသူ Echa အမည်ရှိ အသက် ၁၇နှစ် အမျိုးသမီးတစ်ဦးဟာ ၂၀၁၇ ခုနှစ်မှာ သတင်းကြီးပိုင်းတွင်မှာ ပထမဆုံးဖော်ပြခြင်းခံခဲ့ပါတယ်။
သတင်းများအရသူမဟာ ၁၃ ရက်လုံးလုံး အိပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က Echa ရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး ခုနစ်ရက်ပတ်လုံးနက်ရှိုင်းစွာ အိပ်စက်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှစပြီး စိုးရိမ်ဖွယ် ဖြစ်စဉ်များကြုံတွေ့ခဲ့ပြီး သူမရဲ့မိဘတွေက သူမကို Banjarmasin ဒေသရှိ Ansari Saleh ဆေးရုံကို ခေါ်ဆောင်သွားပေမဲ့လည်း သူမစမ်းသပ်မှုများအဆင်ပြေသွားခဲ့ပါသေးတယ်။ ကိုးရက်လောက်ကြာပြီးမှာ ဆရာဝန်တွေက သူမအရမ်းအားနည်းနေသေးတယ်လို့ပြောပါတယ်။
Echa ရဲ့ ပုံမှန်မဟုတ်ဘဲ ရှည်လျားတဲ့ အိပ်စက်ခြင်းကို ဘယ်လိုလုပ်ဖြစ်နိုင်မာလဲ အမှန်တကယ်မရှိပါဘူးလို့ ထင်ရင်ထင်မိမာပါ။ သို့ပေမဲ့လည်း သူမရဲ့ ရောဂါလက္ခဏာဟာ hypersomnia ဝေဒနာခံစားနေရကြောင်းရောဂါခံစားနေရတဲ့သူတွေဆို တစ်နေ့လုံးအလွန်အမင်းအိပ်ချင်နေပြီး အချိန်ကြာမြင့်စွာအိပ်ပျော်နေကြောင်းကို ဆရာဝန်က ဖော်ပြခဲ့ပါတယ်။
Hypersomnia ဟာ ပုံစံအမျိုးမျိုးရှိပြီး အာရုံကြောပျက်စီးခြင်း၊ မျိုးဗီဇဆိုင်ရာအချက်တွေ နဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာများအထိ ဖြစ်စေနိုင်ပါတယ်။
Echa ရဲ့ဖခင် ဖြစ်သူ Mulyadi ဟာ သူ့သမီးလေးကို အကြိမ်ပေါင်းများစွာ နှိုးရန် ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ကြောင်း Tribunn.com သို့ ပြောကြားခဲ့ပါတယ်။ Sleeping Beauty Syndrome ရောဂါဟာ လက်ရှိမှာ မည်သည့်ကုသမှု မရှိသေးပါဘူး။
သို့ပေမဲ့လည်း Echa ရဲ့မိဘတွေက သူမရဲ့ပုံမှန်လက္ခဏာကို ပုံမှန်လေးဖြစ်လာအောင် သူမရဲ့ရောဂါလက္ခဏာကို အနည်းဆုံး ပိုမိုကောင်းမွန်စွာ စီမံနိုင်လိမ့်မည် လို့ မျှော်လင့်နေကြပါတယ်။
Unicode
အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း Kalimantan ပြည်နယ် ရှိ Banjarmasin ဒေသ မှ မွေးဖွားလာသူ Echa အမည်ရှိ အသက် ၁၇နှစ် အမျိုးသမီးတစ်ဦးဟာ ၂၀၁၇ ခုနှစ်မှာ သတင်းကြီးပိုင်းတွင်မှာ ပထမဆုံးဖော်ပြခြင်းခံခဲ့ပါတယ်။
သတင်းများအရသူမဟာ ၁၃ ရက်လုံးလုံး အိပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က Echa ရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး ခုနစ်ရက်ပတ်လုံးနက်ရှိုင်းစွာ အိပ်စက်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှစပြီး စိုးရိမ်ဖွယ် ဖြစ်စဉ်များကြုံတွေ့ခဲ့ပြီး သူမရဲ့မိဘတွေက သူမကို Banjarmasin ဒေသရှိ Ansari Saleh ဆေးရုံကို ခေါ်ဆောင်သွားပေမဲ့လည်း သူမစမ်းသပ်မှုများအဆင်ပြေသွားခဲ့ပါသေးတယ်။
ကိုးရက်လောက်ကြာပြီးမှာ ဆရာဝန်တွေက သူမအရမ်းအားနည်းနေသေးတယ်လို့ပြောပါတယ်။