ကျနော်က မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က လေ ၃၃၄၀၀ တပ်ကြပ်ကြီး ထက်နိုင်အောင်ပါ။ ခြေလျင်စစ်သားမဟုတ်ပေမယ့် တပ်မတော်သားတစ်ယောက်အနေနဲ့ တာဝန်ရှိတာကြောင့် တပ်မတော်ကိုစွန့်ခွါခဲ့ပါတယ်။
“ကိုယ့်ညီအရွယ် ညီမအရွယ်တွေ အသက်တွေပေးပြီးအမှန်တရားအတွက် လမ်းပေါ်ထွက်နေချိန် ငါ CDM လုပ်လို့ ပင်ပန်းဆင်းရဲမှာကြောက်မနေသင့်ဘူးလို့တွေးပြီး ပြည်သူ့ဘက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ပြည်သူ့ဘက်ရပ်တည်ရင် စစ်ဥပဒေအရ ပြစ်မှုကြီးတာကြောင့် စိုးရိမ်ခဲ့တယ်။ နောက်ဆုံးမှာတော့ မတရားတဲ့ဥပဒေတွေနဲ့စီရင်ခံရမှာကိုကြောက်တတ်တဲ့အတွေးတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြည်သူ့စစ်သားတွေကို ပြည်သူက ထောက်ပံ့တယ်။ တစ်ခါတလေ သူတို့ရဲ့အသက်အန္တရာယ်ထက်CDM တွေရဲ့လုံခြုံရေးကိုပိုဦးစားပေးတာ မြင်ရချိန်မှာအားတက်လာတယ်။ကိုယ်တိုင်ထွက်လာတဲ့အချိန်က နောက်ကျမိလို့တောင်ပြည်သူကို အားနာသေးတယ်။
ဒါကြောင့်မို့ မျက်ကန်းတစ္ဆေမကြောက်မိမိကိုယ်တိုင်လိပ်ပြာမလုံနဲ့နေနေမဲ့အစားလမ်းမှန်ကိုလျှောက်ခဲ့ပါ။ တော်လှန်ရေးကာလအတွင်းဘယ်အချိန် ဘယ်အခါမှထွက်လာထွက်လာပြည်သူနှင့်အဖွဲ့အစည်းပေါင်းစုံက ကူညီကာကွယ်ပေးနေမှာမို့ မိမိရဲ့မျိုးဆက် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာနေရဖို့၊ လူ့ပတ်ဝန်းကျင်မှာ လူပီသပြီး အမှန်တရားဘက်က ရပ်တည်ရဲတဲ့သတ္တိကိုပြနိုင်ဖို့လိုပါတယ်။
ငါ့နိုင်ငံတော် ငါ့နိုင်ငံသားအတွက် အသက်ကိုတောင်စွန့်လွှတ်ဖို့အဓိဌာန်ပြုထားတဲ့တပ်မတော်သားတွေပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်မယ့်ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက်ထံကူးပြောင်းလာခဲ့ပြီး စစ်ကောင်စီလက်အောက်က ရုန်းထွက်လာပါလို့ ထပ်မံတိုက်တွန်းချင်ပါတယ်။
#CDM #ပြည်သူ့စစ်သား