Mao Maoရဲ့ ဘဝဇာတ်ကြောင်းကိုသိပြီးနောက် တရုတ်လူမှုကွန်ရက်မှလူတွေအားလုံး ကလေးမလေးရဲ့ပျောက်ဆုံးသွားတဲ့မိဘတွေကို ရှာဖွေပေးဖို့ဝိုင်းဝန်းကူညီကြတယ်။
GB Times သတင်းအရ တရုတ်ပြည် Tangxia Town in Dongguanက Lianhu စျေးမှာ Mao Maoဟာ လေးနှစ်တည်းက အသီးအရွက်တွေကိုရောင်းခဲ့တယ်လို့သိရပါတယ်။ အသီးအရွက်တွေ နေ့စဉ်ရောင်းပြီး သူမမိဘတွေများ ခဏတစ်ဖြုတ်တွေ့ရမလားလို့ မျှော်လင့်ချက်နဲ့စောင့်စားနေခဲ့တယ်။
ဇာတ်လမ်းက သူမတစ်လလောက်ပဲရှိသေးတဲ့အရွယ်မှာ မိဘတွေက အိမ်နီးချင်းတစ်ယောက််ရဲ့ အိမ်တံခါးဝနားမှာ စွန့်ပစ်ခဲ့တာလို့သိရတယ်။ သူမရေးထားတဲ့စာလေးက ”သမီးအခုကျန်းမာနေပြီ အမေနဲ့အဖေ..သမီးကိုအိမ်ခေါ်သွားလို့ရမလား”
ရက်အနည်းငယ်ကြာတော့ သူမမိဘတွေက အိမ်နီးချင်းဆီစာတစ်စောင်ပို့ခဲ့တယ်..အချိန်တိုတွင်း သူတို့ရောက်အောင်လာခဲ့မယ်..ကတိပေးတယ်လို့ရေးထားပါတယ်။ နှစ်ရက်ကြာပြီးနောက် Wenchuan ရဲ့မြို့မှာ လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် လူပေါင်း ရဝဝဝဝပါသွားတယ်လို့သိရပါတယ်။
Mao Maoရဲ့မိဘတွေလုံးဝ ပြန်မလာတော့ဘူး။သူမကို အဘွားအိုတစ်ယောက်ကပဲ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။Mao Maoက ဆက်ပြီးရှာဖွေနေတုန်းပါပဲ.. ကံကောင်းပါစေလို့ ဆုတောင်းပေးကြရအောင်လား။