“စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မခန့်မှန်းဆုံးဖြတ်သင့်ပါ” ဆိုတဲ့စကားပုံမျိုးရှိသလို လမ်းပေါ်မှာ စျေးရောင်းတဲ့လူတွေမှာလည်း သူတို့နောက်ကွယ်မှာ လျှို့ဝှက်တဲ့အမှတ်အသားများရှိနေတတ်ပါတယ်။အသက် ၈၀ အရွယ် အဘိုးတစ်ဦးဟာ နေ့စဉ်နေ့တိုင်း လမ်းပေါ်စျေးရောင်းရင်း လမ်းသွားလမ်းလာများအား သူ့ရဲ့ကုန်ပစ္စည်းကို ဝယ်ယူရန် ကမ်းလှမ်းတတ်တာကြောင့် လူအများက စိတ်ပျက်သွားတတ်ကြပါတယ်။
သို့သော် အင်တာနက်အသုံးပြုသူများက အဘိုးရဲ့နောက်ကွယ်ကအကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီးနောက် အဘိုးဟာ ၎င်းတို့ထင်တဲ့အတိုင်း မဟုတ်နေတာကို သိရှိသွားခဲ့ကြပါတယ်။
သတင်းများအရ “ ကိတ်မုန့်မာစတာ” ဟု ဒေသခံများက ခေါ်တဲ့ အဆိုပါအဘိုးဟာ ထိုဒေသရှိ ကိတ်မုန့်များကို ၁၀ နှစ်ကျော်ကြာ ရောင်းချလာခဲ့သူပါ။ကိတ်မုန့်တစ်လုံးအတွက် အမေရိကန် ဒေါ်လာ ၂.၃၅ ၊ အိတ်တစ်ခုအတွက် ဒေါ်လာ ၁၃၉.၄၀ ဖြစ်ပါတယ်။
ယခင်က အဘိုးဟာ လမ်းဘေး သို့မဟုတ် ဆိုင်တစ်ဆိုင်ရဲ့တံခါးဝရှေ့မှာ မတ်တပ်ရပ်ရင်း ပေါင်မုန့်နှင့် အသားညှပ်ပေါင်မုန့်များကိုလည်း ရောင်းချလေ့ရှိခဲ့ပါတယ်။အဘိုးဟာ ကားတစ်စီးက ရပ်တန့်ပြီး လမ်းမီးကို စောင့်နေသည့်အချိန်တွင်ပင် သူဟာ ကားပြတင်းပေါက်ဆီသို့ချက်ချင်းလမ်းလျှောက်သွားပြီး ညာဘက်လက်ကိုမြှောက်ကာ “ကိတ်မုန့်ယူအုံးမလား” လို့ အမြဲမေးတတ်ပါတယ်။
ဒေသခံများက ထို့ကဲ့သို့ စျေးရောင်းတတ်တဲ့အဘိုးကို သဘောထားကြီးစွာ ဝယ်စားတတ်ကြသလို အချို့ကလည်း အမြင်မကြည်ကာ သူတို့အတွက် အနှောက်အယှက်ဖြစ်စေသကဲ့သို့ တုံပြန်ပြုမူခဲ့ကြပါတယ်။လူတွေက ရဲခေါ်တဲ့အခါ အဘိုးဟာ သူ့လုပ်ရပ်က တရားဝင်ဖြစ်တာကြောင်း ရဲများအား ဆိုလေ့ရှိပါတယ်။
ပုခုံးပေါ်နားလေးက အပေါက်ဖြစ်နေတဲ့ အဝါရောင် T shirt ဝတ်ဆင်ထားတဲ့ အဘိုးပုံစံဟာ အချို့လူတွေအတွက် ငယ်ရွယ်စဉ်ကတည်းက ဆင်းရဲတဲ့မိသားစုကနေ လာကြောင်း ထင်မြင်စေတတ်ကြပါတယ်။တကယ်တမ်းတော့ အချို့လူများက အဘိုးဟာ အမှန်တကယ် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ပြီး သူဟာ အိမ်ကြီးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားကြပါတယ်။
အဘိုးရဲ့ လမ်းပေါ် ကိတ်မုန့်ထွက်ရောင်းရတဲ့အဓိကအကြောင်းအရာကတော့ သူအိမ်မှာ မနေချင်လို့ ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါသေးတယ်။ထိုသတင်းကို သမီးဖြစ်သူက သူတို့ဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းက မဟုတ်ဘဲ အဖေဖြစ်သူက သူ့ရဲ့အိမ်ကို သားဖြစ်သူအား ပေးလိုက်ပြီး အခုမှာတော့ အခြားသားတစ်ယောက်နှင့် အတူ နေထိုင်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။
တစ်ချိန်က သမီးဖြစ်သူက အဘိုးအား စျေးမရောင်းထွက်တော့ဖို့ ပြောခဲ့ပေမဲ့ အဘိုးက သူ့ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပြီး ငြင်းဆန်နေခဲ့တာကြောင့် သမီးဖြစ်သူကလည်း ခွင့်ပြုပေးခဲ့ရပါတယ်။တကယ်တော့ အဘိုးတို့မိသားစုဟာ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက ဖြစ်ကြောင်း အင်တာနက်အသုံးပြုသူအချို့က အမှန်အကန် ချပြခဲ့ကြပါတယ်။