ဗဟုသုတ

အိန္ဒိယမှ အာဖဂန်နစ္စတန်သို့ လက်ဆောင်ပေးထားသည့်တိုက်ခိုက်ရေးရဟတ်ယာဉ် တာလီဘန်များ သိမ်းပိုက်ရရှိ

အိႏၵိယမွ အာဖဂန္နစၥတန္သို႔ လက္ေဆာင္ေပးထားသည့္တိုက္ခိုက္ေရးရဟတ္ယာဥ္ တာလီဘန္မ်ား သိမ္းပိုက္ရရွိ

အာဖဂန္နစၥတန္အေရွ႕ေျမာက္ေဒသ ကန္ဒက္ၿမိဳ႕ရွိ ေလဆိပ္ကို တာလီဘန္မ်ားသိမ္းပိုက္ၿပီးေနာက္ ၂၀၁၉ ခု ႏွစ္က အိႏၵိယႏိုင္ငံမွ အာဖဂန္နစၥတန္သို႔ လက္ေဆာင္ေပးခဲ့သည့္ တိုက္ခိုက္ေရးရဟတ္ယာဥ္ေလးစီးအနက္ တစ္စီးကို တာလီဘန္မ်ားသိမ္းပိုက္ရရွိခဲ့ေၾကာင္းသိရသည္။

အိႏၵိယအစိုးရသည္ Cheetah အေပါ့စားရဟတ္ယာဥ္ သုံးစီး၊ Mi-24V တိုက္ခိုက္ ေရးရဟတ္ယာဥ္ေလးစီးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို အာဖဂန္နစၥတန္အစိုးရထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္။ တိုက္ခိုက္ေရးရဟတ္ ယာဥ္မ်ားမွာ အာဖဂန္နစၥတန္ႏွင့္ ဘယ္လာ႐ုစ္အစိုးရတို႔ သေဘာတူညီခ်က္အရ ေပးအပ္ခဲ့ျခင္းျဖစ္ေသာ္လည္း အိႏၵိယအစိုးရက ဘတ္ဂ်က္ေထာက္ပံ့ခဲ့ျခင္းျဖစ္သည္။

ရဟတ္ယာဥ္မ်ားေပးအပ္ခဲ့ျခင္းအျပင္ အိႏၵိယအစိုးရက ရဟတ္ယာဥ္တြင္ တာဝန္ထမ္းေဆာင္မည့္ အရာရွိ၊ စစ္သည္မ်ားအတြက္ သင္တန္းမ်ားကိုပါေထာက္ပံ့ေပးအပ္ ခဲ့သည္။တာလီဘန္မ်ားႏွင့္ အာဖဂန္အစိုးရတပ္ဖြဲ႕ဝင္မ်ား ျပင္းထန္လွသည့္တိုက္ပြဲအတြင္း ပိတ္မိေနစဥ္ အိႏၵိယကလက္ ေဆာင္ေပးထားသည့္ ရဟတ္ယာဥ္အသိမ္းခံလိုက္ရျခင္းျဖစ္သည္။

လက္ရွိအခ်ိန္တြင္ အာဖဂန္ၿမိဳ႕ႀကီးရွစ္ၿမိဳ႕မွာ တာလီဘန္တို႔လက္ေအာက္သို႔က်ေရာက္သြားၿပီျဖစ္ေၾကာင္း သတင္းေထာက္မ်ားကေျပာသည္။အေမရိကန္တပ္မ်ား ဇူလိုင္လ ၁ ရက္ေန႔တြင္ အာဖဂန္နစၥတန္မွထြက္ခြာေနသည့္အခ်ိန္မွစ၍ တာလီဘန္မ်ား အာဖဂန္ေက်းလက္ေဒသအမ်ားအျပားကို ခ်ီတက္သိမ္းပိုက္ခဲ့ၾကသည္။

အာဖဂန္တပ္မ်ားအတြက္ ေလေၾကာင္း ပစ္ကူမရေသာေၾကာင့္ျဖစ္ၿပီး တာလီဘန္မ်ား လ်င္ျမန္စြာခ်ီတက္လာႏိုင္ၿပီး ယခုကဲ့သို႔ ရဟတ္ယာဥ္သိမ္းပိုက္ခံ လိုက္ရျခင္းျဖစ္သည္ဟုဆိုသည္။

အေမရိကန္တပ္မ်ား ၾသဂုတ္လ ၃၁ ရက္ေန႔ ေနာက္ဆုံးထား ဆုတ္ခြာၾကမည့္အခ်ိန္တြင္ တာလီဘန္မ်ား အၾကမ္းဖက္မႈကိုအရွိန္ျမႇင့္ေဆာင္႐ြက္လာႏိုင္သျဖင့္ အိႏၵိယႏိုင္ငံကဲ့သို႔ႏိုင္ငံမ်ားထံမွ ေက်ာေထာက္ေနာက္ခံ အေထာက္အပံ့ရရွိရန္ အာဖဂန္အာဏာပိုင္မ်ားအေနျဖင့္ ႀကိဳးစားရွာေဖြသင့္ေၾကာင္း ေလ့လာဆန္းစစ္သူမ်ား ကေျပာသည္။

တာလီဘန္မ်ားအားတိုက္ခိုက္ရာတြင္ ေလေၾကာင္းပစ္ကူေပးရန္ အာဖဂန္အစိုးရကအကူအညီေတာင္းလာႏိုင္ သလားဆိုသည့္သတင္းေထာက္မ်ား၏ေမးခြန္းကို အိႏၵိယအစိုးရက ျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမရွိေပ။ တာ လီဘန္မ်ားကို ပါကစၥတန္ႏိုင္ငံက ေထာက္ပံ့ထားသည္ဟု ယူဆထားေသာေၾကာင့္ အိႏၵိယအစိုးရက အာဖဂန္ နစၥတန္သို႔ တပ္ဖြဲ႕ဝင္မ်ားေစလႊတ္ျခင္းကို ေတာက္ေလွ်ာက္ျငင္းဆန္ခဲ့သည္။

အိႏၵိယအစိုးရအေနျဖင့္ အာဖဂန္အစိုးရအား မည္သည့္စစ္ေရးေထာက္ပံ့မႈမွ အကူအညီမေပးသင့္ေၾကာင္း လြန္ ခဲ့သည့္လက အင္တာဗ်ဴးတစ္ခုတြင္ တာလီဘန္ေျပာေရးဆိုခြင့္ရွိသူ ဆူဟိုင္းရွရီကေျပာသည္။

Crd..MOE WIN OO

Unicode

အိန္ဒိယမှ အာဖဂန်နစ္စတန်သို့ လက်ဆောင်ပေးထားသည့်တိုက်ခိုက်ရေးရဟတ်ယာဉ် တာလီဘန်များ သိမ်းပိုက်ရရှိ

အာဖဂန်နစ္စတန်အရှေ့မြောက်ဒေသ ကန်ဒက်မြို့ရှိ လေဆိပ်ကို တာလီဘန်များသိမ်းပိုက်ပြီးနောက် ၂၀၁၉ ခု နှစ်က အိန္ဒိယနိုင်ငံမှ အာဖဂန်နစ္စတန်သို့ လက်ဆောင်ပေးခဲ့သည့် တိုက်ခိုက်ရေးရဟတ်ယာဉ်လေးစီးအနက် တစ်စီးကို တာလီဘန်များသိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် Cheetah အပေါ့စားရဟတ်ယာဉ် သုံးစီး၊ Mi-24V တိုက်ခိုက် ရေးရဟတ်ယာဉ်လေးစီးနှင့် ဆက်စပ်ပစ္စည်းများကို အာဖဂန်နစ္စတန်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ရေးရဟတ် ယာဉ်များမှာ အာဖဂန်နစ္စတန်နှင့် ဘယ်လာရုစ်အစိုးရတို့ သဘောတူညီချက်အရ ပေးအပ်ခဲ့ခြင်းဖြစ်သော်လည်း အိန္ဒိယအစိုးရက ဘတ်ဂျက်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်များပေးအပ်ခဲ့ခြင်းအပြင် အိန္ဒိယအစိုးရက ရဟတ်ယာဉ်တွင် တာဝန်ထမ်းဆောင်မည့် အရာရှိ၊ စစ်သည်များအတွက် သင်တန်းများကိုပါထောက်ပံ့ပေးအပ် ခဲ့သည်။တာလီဘန်များနှင့် အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များ ပြင်းထန်လှသည့်တိုက်ပွဲအတွင်း ပိတ်မိနေစဉ် အိန္ဒိယကလက် ဆောင်ပေးထားသည့် ရဟတ်ယာဉ်အသိမ်းခံလိုက်ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အာဖဂန်မြို့ကြီးရှစ်မြို့မှာ တာလီဘန်တို့လက်အောက်သို့ကျရောက်သွားပြီဖြစ်ကြောင်း သတင်းထောက်များကပြောသည်။အမေရိကန်တပ်များ ဇူလိုင်လ ၁ ရက်နေ့တွင် အာဖဂန်နစ္စတန်မှထွက်ခွာနေသည့်အချိန်မှစ၍ တာလီဘန်များ အာဖဂန်ကျေးလက်ဒေသအများအပြားကို ချီတက်သိမ်းပိုက်ခဲ့ကြသည်။

အာဖဂန်တပ်များအတွက် လေကြောင်း ပစ်ကူမရသောကြောင့်ဖြစ်ပြီး တာလီဘန်များ လျင်မြန်စွာချီတက်လာနိုင်ပြီး ယခုကဲ့သို့ ရဟတ်ယာဉ်သိမ်းပိုက်ခံ လိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန်တပ်များ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာကြမည့်အချိန်တွင် တာလီဘန်များ အကြမ်းဖက်မှုကိုအရှိန်မြှင့်ဆောင်ရွက်လာနိုင်သဖြင့် အိန္ဒိယနိုင်ငံကဲ့သို့နိုင်ငံများထံမှ ကျောထောက်နောက်ခံ အထောက်အပံ့ရရှိရန် အာဖဂန်အာဏာပိုင်များအနေဖြင့် ကြိုးစားရှာဖွေသင့်ကြောင်း လေ့လာဆန်းစစ်သူများ ကပြောသည်။

တာလီဘန်များအားတိုက်ခိုက်ရာတွင် လေကြောင်းပစ်ကူပေးရန် အာဖဂန်အစိုးရကအကူအညီတောင်းလာနိုင် သလားဆိုသည့်သတင်းထောက်များ၏မေးခွန်းကို အိန္ဒိယအစိုးရက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိပေ။ တာ လီဘန်များကို ပါကစ္စတန်နိုင်ငံက ထောက်ပံ့ထားသည်ဟု ယူဆထားသောကြောင့် အိန္ဒိယအစိုးရက အာဖဂန် နစ္စတန်သို့ တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းကို တောက်လျှောက်ငြင်းဆန်ခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် အာဖဂန်အစိုးရအား မည်သည့်စစ်ရေးထောက်ပံ့မှုမှ အကူအညီမပေးသင့်ကြောင်း လွန် ခဲ့သည့်လက အင်တာဗျူးတစ်ခုတွင် တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဆူဟိုင်းရှရီကပြောသည်။
Crd..MOE WIN OO