ဗဟုသုတ

အိုလံပစ်မှာ ၁၄နှစ်သမီးလေးရွှေရလို့ အိမ်နဲ့ပိုက်ဆံဆုချတာကို မယူဘူးလို့ပယ်ချလိုက်တဲ့အဖေ

တိုကျိုအိုလံပစ်မှာ ဒိုက်ဗာအားကစားနဲ့ ဟုန်ချန်(Quan Hongchan)ဟာ ရွှေရခဲ့ပါတယ်။ ၁၄နှစ်ပဲရှိသေးတဲ့အပြင် မိန်းကလေးငယ်လေးဖြစ်နေတာက တရုတ်ပြည်သူလူထုကြား ရေပန်းစားခဲ့ပြီး၊ ကလေးမလေးနေထိုင်တဲ့ အိမ်ရှေ့မှာ ပြည်သူတွေဟာ နေ့တိုင်းလိုလို လက်ဆောင်တွေလာပေးနေကြပါတယ်။

မထင်မရှားရွာလေးတခုမှာ နေထိုင်ရတဲ့သူဖြစ်တဲ့အတွက် ပြည်သူတွေက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကို ဂုဏ်ပြုချင်လာပါတယ်။ အဖေဖြစ်သူကို ကလေးမလေးအစား အိမ်တလုံးနဲ့ ဒေါ်လာ ၃သောင်းဆုကြေးလက်ခံပေးဖို့ လာကမ်းလှမ်းခဲ့ချိန်မှာ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

လက်မခံနိုင်ဘူးလို့ ပယ်ချလိုက်တာပါ။ ကလေးဖြစ်သူရဲ့စိတ်သဘောထားကို ထည့်မတွက်ခဲ့တဲ့အဖေရဲ့လုပ်ရပ်က မီဒီယာတွေထက်မှာ ရေပန်းစားသွားပြီး၊ ဘာလို့အခုလိုလုပ်ခဲ့တာလဲကို နားမလည်နိုင်ဖြစ်နေပါတယ်။ အကြောင်းက တိုကျိုမှာ ရွေရချိန် ဟုန်ချန်ဝန်ခံထားတာရှိပါတယ်။

အမေဖြစ်သူဟာ ၂၀၁၇ မှာ ကားအက်စီဒင့်တခုကြောင့် အခုချိန်ထိ သေလုမြောပါးကုနေရဆဲပါ။ ပိုက်ဆံအခက်အခဲရှိတာကို နားလည်ထားတဲ့ ၁၄နှစ်သမီးလေးက သူဆုရခဲ့ရင် ချီးမြင့်မယ့်ပိုက်ဆံတွေဟာ အမေ့ဆေးဖိုးရမှာမလို့ ဝမ်းသာတယ်လို့ အင်တာဗျူးမှာ ထုတ်ပြောထားပါတယ်။

အဲဒီအချိန်မှာ အဖေကတော့ ပြောင်းပြန်ဆိုသလို ပယ်ချလိုက်ပါတယ်။ ပြည်သူတွေကလည်း နေ့တိုင်းနီးပါး ဟုန်ချန်ရဲ့အိမ်ရှေ့မှာ လက်ဆောင်တွေပို့ပေးနေဆဲဖြစ်ပြီး၊ ဆုတွေကို လက်ခံဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ အဖေဖြစ်သူက လုံးဝလက်မခံခဲ့ပါဘူး။ သူကတော့ လူစုလူဝေးကိုအကြောင်းပြထားပါတယ်။

ဟုန်ချန်ရွှေရခဲ့တဲ့ နယ်ပယ်က အမျိုးသမီး၁၀မီတာဒိုက်ဗာဖြစ်ပါတယ်။ တိုကျိုအိုလံပစ်ဟာ ပွဲဦးထွက်ဖြစ်သလို လက်ရွေးစင်ဖြစ်တာလည်း ၁နှစ်ပဲရှိသေးတယ်လို့သိရပါတယ်။ အခုလိုမျိုးဖြစ်လာဖို့ လွယ်ကူခဲ့တာတော့မဟုတ်ဘဲ ၇ နှစ်သမီးကတည်းက တရက်ကို အကြိမ်၄၀၀လောက် ဒိုက်ပစ်ခဲ့ရတယ်လို့ scmp သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။