ဗဟုသုတ

ရက်ပေါင်း ၉၀ ဆက်တိုက်ပျံနိုင်တဲ့အမေရိကန်ရေတပ်လေယာဉ်ကြောင့် မျက်ခုံးလှုပ်နေကြပြီ

ရက္ေပါင္း ၉၀ ဆက္တိုက္ပ်ံႏိုင္တဲ့အေမရိကန္ေရတပ္ေလယာဥ္ေၾကာင့္ မ်က္ခုံးလႈပ္ေနၾကၿပီ

ေလယာဥ္ေတာင္ပံေတြမွာ ဆိုလာျပားေတြတပ္ဆင္ၿပီး ရက္ေပါင္း ၉၀ ၾကာ ေလထဲမွာ ဆက္တိုက္ပ်ံသန္းႏိုင္မယ့္ ေနေရာင္ျခည္စြမ္းအင္သုံး ေမာင္းသူမဲ့ ေလယာဥ္စနစ္တစ္မ်ိဳးကို အေမရိကန္ေရတပ္က တီထြင္ေနပါတယ္။

အဆိုပါေလယာဥ္ကို Skydweller လို႔အမည္ေပးထားၿပီး အေမရိကန္-စပိန္ ဖက္စပ္ကုမၸဏီတစ္ခုျဖစ္တဲ့ Skydweller Aero ကေန တည္ေဆာက္ေနျခင္း လည္းျဖစ္ပါတယ္။

ရည္႐ြယ္ခ်က္ကေတာ့ ပင္လယ္ျပင္ကိုေစာင့္ၾကည့္ဖို႔၊ သေဘၤာေတြကို လအတန္ၾကာ ေစာင့္ေရွာက္ဖို႔နဲ႔ ဆက္သြယ္မႈစနစ္အတြက္ ၾကားခံအျဖစ္ အသုံးျပဳလိုတာေၾကာင့္လို႔ဆိုပါတယ္။

ဒီလိုေလယာဥ္ထုတ္လုပ္ဖို႔အတြက္ အေမရိကန္နဲ႔ အေမရိကန္ေဒၚလာ ၅ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို ခ်ဳပ္ဆို ထားတာပါ။

ဆိုလာစြမ္းအင္သုံးေလယာဥ္ကို ေဆာ့ဖ္ဝဲလ္အသစ္နဲ႔ ဟက္ဒ္ဝဲလ္အသစ္ေတြ ေပါင္းစပ္ၿပီး ၂၀၁၅-၁၆ ခုႏွစ္ခန႔္တုန္းက လူနဲ႔အတူ ကမာၻတပတ္လိုက္ပါ ပ်ံသန္းခဲ့ၾကပါတယ္။

Solar Impulse 2 လို႔အမည္ေပးထားၿပီး ပ်ံသန္းမႈကိုေတာ့ ၅ ရက္တစ္ႀကိမ္အနားေပးရပါတယ္။

ယခုစနစ္မွာေတာ့ ေလယာဥ္မႉးခုံေနရာေတြဖယ္ရွားထားၿပီး ဆိုလာစနစ္ေတြ အျပည့္တပ္ဆင္ထားတာေၾကာင့္ တာေဝးနဲ႔အခ်ိန္ပိုမိုၾကာၾကာ ပ်ံသန္းႏိုင္ပါတယ္။

ေတာင္ပံအလ်ား ၂၃၆ ေပ၊ ဆိုလာျပားဖုံးအုပ္ ဧရိယာ စတုရန္းေပ ၂၉၀၀ ရွိၿပီး ၂ ကီလိုဝပ္ရွိတဲ့ စြမ္းအင္ကိုထုတ္ေပးႏိုင္ပါတယ္။

အျမင့္ဆုံးျမန္ႏႈန္း ၁၀၀ ေနာ့ခ္နဲ႔ အျမင့္ဆုံးအျမင့္ေပ ၄၅၉၃၁ ေပအထိ ပ်ံတက္ႏိုင္ၿပီး အေလးခ်ိန္ ၃၆၀ ကီလိုဂရမ္ကိုသယ္ေဆာင္ႏိုင္တယ္လို႔လည္းသိရွိရပါတယ္။

Crd..GONELIN

Unicode

ရက်ပေါင်း ၉၀ ဆက်တိုက်ပျံနိုင်တဲ့အမေရိကန်ရေတပ်လေယာဉ်ကြောင့် မျက်ခုံးလှုပ်နေကြပြီ

လေယာဉ်တောင်ပံတွေမှာ ဆိုလာပြားတွေတပ်ဆင်ပြီး ရက်ပေါင်း ၉၀ ကြာ လေထဲမှာ ဆက်တိုက်ပျံသန်းနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်စနစ်တစ်မျိုးကို အမေရိကန်ရေတပ်က တီထွင်နေပါတယ်။

အဆိုပါလေယာဉ်ကို Skydweller လို့အမည်ပေးထားပြီး အမေရိကန်-စပိန် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Skydweller Aero ကနေ တည်ဆောက်နေခြင်း လည်းဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ပင်လယ်ပြင်ကိုစောင့်ကြည့်ဖို့၊ သင်္ဘောတွေကို လအတန်ကြာ စောင့်ရှောက်ဖို့နဲ့ ဆက်သွယ်မှုစနစ်အတွက် ကြားခံအဖြစ် အသုံးပြုလိုတာကြောင့်လို့ဆိုပါတယ်။

ဒီလိုလေယာဉ်ထုတ်လုပ်ဖို့အတွက် အမေရိကန်နဲ့ အမေရိကန်ဒေါ်လာ ၅ သန်း တန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆို ထားတာပါ။

ဆိုလာစွမ်းအင်သုံးလေယာဉ်ကို ဆော့ဖ်ဝဲလ်အသစ်နဲ့ ဟက်ဒ်ဝဲလ်အသစ်တွေ ပေါင်းစပ်ပြီး ၂၀၁၅-၁၆ ခုနှစ်ခန့်တုန်းက လူနဲ့အတူ ကမ္ဘာတပတ်လိုက်ပါ ပျံသန်းခဲ့ကြပါတယ်။

Solar Impulse 2 လို့အမည်ပေးထားပြီး ပျံသန်းမှုကိုတော့ ၅ ရက်တစ်ကြိမ်အနားပေးရပါတယ်။

ယခုစနစ်မှာတော့ လေယာဉ်မှူးခုံနေရာတွေဖယ်ရှားထားပြီး ဆိုလာစနစ်တွေ အပြည့်တပ်ဆင်ထားတာကြောင့် တာဝေးနဲ့အချိန်ပိုမိုကြာကြာ ပျံသန်းနိုင်ပါတယ်။

တောင်ပံအလျား ၂၃၆ ပေ၊ ဆိုလာပြားဖုံးအုပ် ဧရိယာ စတုရန်းပေ ၂၉၀၀ ရှိပြီး ၂ ကီလိုဝပ်ရှိတဲ့ စွမ်းအင်ကိုထုတ်ပေးနိုင်ပါတယ်။

အမြင့်ဆုံးမြန်နှုန်း ၁၀၀ နော့ခ်နဲ့ အမြင့်ဆုံးအမြင့်ပေ ၄၅၉၃၁ ပေအထိ ပျံတက်နိုင်ပြီး အလေးချိန် ၃၆၀ ကီလိုဂရမ်ကိုသယ်ဆောင်နိုင်တယ်လို့လည်းသိရှိရပါတယ်။

Crd..GONELIN