ဗဟုသုတ

စစ်ကောင်စီ၏ ဂီတအစည်းရုံးအစည်းဝေးပွဲသို့ တတ်ရောက်ခဲ့မှုအပေါ်ဝေဖန်မှုများအတွက် တေးရေးမြင့်မိုးအောင်၏ ဖြေရှင်းချက်

“မြန်မာ့အသံက ဂီတအစည်းအရုံးနဲ့ ဂီတအသင်းအဖွဲ့တွေကို ဖိတ်လို့ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း တာဝန်ရှိသူအနေနဲ့ Zoom Meeting အစည်းအဝေးတက်ဖြစ်တာပါ။

မြန်မာ့အသံက သတင်းလွှင့်ရင် မထည့်ပဲထားရမလား မေးပါတယ်။စိတ်ရှင်းလို့ ထည့်လည်း ကိစ္စမရှိဘူးလို့ ပြန်ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်းအနေနဲ့ရောတေးရေးသူ တစ်ယောက်အဖြစ်ပါ ဘာကိစ္စမျှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါဘူး။

အစည်းအဝေးမှာလည်း ကျနော်တို့အသင်းဟာ မူပိုင်ခွင့်အသင်းပဲဖြစ်လို့၅၀၅ ကိစ္စ ကိုဗစ်ကိစ္စ ဘာမှဆွေးနွေးတင်ပြစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျနော့်အပေါ် မနှစ်သက်လို့ ဝေဖန်သူတွေပဲဖြစ်ဖြစ်ခင်မင်လို့ စိုးရိမ်ကြတဲ့သူတွေပဲဖြစ်ဖြစ် သူတို့ခံစားချက်ကိုနားလည်ပေးနိုင်ပါတယ်။

စိတ်အနှောက်အယှက်ဖြစ်သွားရင်လည်းတောင်းပန်ပါတယ်။

ကိုယ့်အသင်းအကြောင်း ကိုယ်ရှင်းပြတာ ဘာပြဿနာမှမရှိဘူးလို့ကျနော် စိတ်ရှင်းရှင်းနဲ့ ကျနော်ယုံကြည်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်တေးရေးမြင့်မိုးအောင် ” လို့လတ်တလော ကိစ္စရပ် များ အပေါ် ပြန်လည်ဖြေရှင်းခဲ့တာပါ။

Zawgyi Fontဖြင့်ဖတ်ရန်

“ျမန္မာ့အသံက ဂီတအစည္းအ႐ုံးနဲ႔ ဂီတအသင္းအဖြဲ႕ေတြကို ဖိတ္လို႔ ျမန္မာႏိုင္ငံေတးသီခ်င္းမူပိုင္ရွင္မ်ားအသင္း တာဝန္ရွိသူအေနနဲ႔ Zoom Meeting အစည္းအေဝးတက္ျဖစ္တာပါ။

ျမန္မာ့အသံက သတင္းလႊင့္ရင္ မထည့္ပဲထားရမလား ေမးပါတယ္။စိတ္ရွင္းလို႔ ထည့္လည္း ကိစၥမရွိဘူးလို႔ ျပန္ေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံ ေတးသီခ်င္း မူပိုင္ရွင္မ်ားအသင္းအေနနဲ႔ေရာေတးေရးသူ တစ္ေယာက္အျဖစ္ပါ ဘာကိစၥမွ် ပူးေပါင္းေဆာင္႐ြက္ျခင္းမရွိပါဘူး။

အစည္းအေဝးမွာလည္း က်ေနာ္တို႔အသင္းဟာ မူပိုင္ခြင့္အသင္းပဲျဖစ္လို႔၅၀၅ ကိစၥ ကိုဗစ္ကိစၥ ဘာမွေဆြးေႏြးတင္ျပစရာမရွိဘူးလို႔ ေျပာခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပါတ္သက္ၿပီး က်ေနာ့္အေပၚ မႏွစ္သက္လို႔ ေဝဖန္သူေတြပဲျဖစ္ျဖစ္ခင္မင္လို႔ စိုးရိမ္ၾကတဲ့သူေတြပဲျဖစ္ျဖစ္ သူတို႔ခံစားခ်က္ကိုနားလည္ေပးႏိုင္ပါတယ္။

စိတ္အေႏွာက္အယွက္ျဖစ္သြားရင္လည္းေတာင္းပန္ပါတယ္။

ကိုယ့္အသင္းအေၾကာင္း ကိုယ္ရွင္းျပတာ ဘာျပႆနာမွမရွိဘူးလို႔က်ေနာ္ စိတ္ရွင္းရွင္းနဲ႔ က်ေနာ္ယုံၾကည္ပါတယ္။

ခ်စ္ခင္ေလးစားစြာျဖင့္ေတးေရးျမင့္မိုးေအာင္ ” လို႔လတ္တေလာ ကိစၥရပ္ မ်ား အေပၚ ျပန္လည္ေျဖရွင္းခဲ့တာပါ။