ဗဟုသုတ

ဆီလာဖြည့်ရင် ချစ်စရာကောင်မလေးဆီမှ အနမ်းတစ်ပွင့်ရရှိနိုင်မည့် ဝန်ဆောင်မှုမျိုးပေးသောဆီဆိုင်

ဓာတ်ဆီဆိုင် တော်တော်များသည် ဆိုင်သို့ ဓာတ်ဆီလာဖြည့်သူများအား ဝန်ဆောင်မှုအနေဖြင့် အအေးဘူးများကို ပေးဆောင်တတ်ပါသည်။ ယခုအခါမှာတော့ ထိုင်းနိုင်ငံမှ ဓာတ်ဆီဆိုင် တစ်ဆိုင်၏ ဝန်ဆောင်မှုမှာ ထူးခြားစွာဖြင့် အမျိုးသားများအနေနှင့် ချက်ချင်းဆိုသလို ဓာတ်ဆီဆိုင်သို့ အမြန်ဆီသွားထည့်ချင်စိတ် ပေါက်သွားနိုင်သည့် ဝန်ဆောင်မှုမျိုး ပေးထားပါသည်။

အကြောင်းမှာ ဝန်ဆောင်မှုအနေဖြင့် ဓာတ်ဆီဆိုင်သို့ လာရောက်၍ ဆီဖြည့်သူများကို ဆိုင်ဝန်ထမ်းအဖြစ် ခန့်အပ်ထားသော ချောမောလှပပြီး ချစ်စရာကောင်းသည့် မိန်းကလေးဆီမှ နူးညံ့သောအနမ်းတစ်ပွင့်ကို ရရှိမှာဖြစ်ပါသည်။

ဒေသခံ အမျိုးသားကြီးတစ်ဦးသည် သမီးဖြစ်သူနှင့်အတူ ထိုဓာတ်ဆီဆိုင်သို့ သွားရောက်ဆီဖြည့်ခဲ့သည်။ထို့နောက် ဆိုင်ဝန်ထမ်းအချောလေးမှ လက်မှတ်ရေးထိုးရန် စာရင်းစာအုပ်အား လှမ်းပေးခဲ့ပြီး ကားပေါ်မှ ပါလာသော သမီးဖြစ်သူမှ ဆိုင်ဝန်ထမ်းအချောလေးအား စကားလှမ်းဆိုခဲ့သည်။

ဤသည်မှာ ဓာတ်ဆီအပြည့်ဖြည့်ခြင်းအတွက် ဝန်ဆောင်မှုကို သိချင်၍ ဆိုင်ဝန်ထမ်းအချောလေးမှ အမျိုးသားကြီးအား ညင်သာသော အနမ်းတစ်ပွင့်ပေးခဲ့ပြီးနောက် “အမေမြင်သွားလိမ့်မယ်”ဆိုပြီး ရယ်မောရင်း ဖခင်အားစနောက်နေခဲ့သည်။

ထိုအဖြစ်အပျက်ကို လူမှုကွန်ယက်တွင် မျှဝေခဲ့ပြီးနောက် ကြည့်ရှုသူများမှာ ထိုဆိုင်သို့သွားရောက်လိုကြသော်လည်း စိတ်မကောင်းစွာဖြင့် ဝန်ထမ်းအချောလေးမှာ အလုပ်ကထွက်သွားပြီဖြစ်ကြောင်း သိခဲ့ရသည်။

zawgyi

ဆီလာျဖည့္ရင္ ခ်စ္စရာေကာင္မေလးဆီမွ အနမ္းတစ္ပြင့္ရရွိႏိုင္မည့္ ဝန္ေဆာင္မႈမ်ိဳးေပးေသာဆီဆိုင္

ဓာတ္ဆီဆိုင္ ေတာ္ေတာ္မ်ားသည္ ဆိုင္သို႔ ဓာတ္ဆီလာျဖည့္သူမ်ားအား ဝန္ေဆာင္မႈအေနျဖင့္ အေအးဘူးမ်ားကို ေပးေဆာင္တတ္ပါသည္။ ယခုအခါမွာေတာ့ ထိုင္းႏိုင္ငံမွ ဓာတ္ဆီဆိုင္ တစ္ဆိုင္၏ ဝန္ေဆာင္မႈမွာ ထူးျခားစြာျဖင့္ အမ်ိဳးသားမ်ားအေနႏွင့္ ခ်က္ခ်င္းဆိုသလို ဓာတ္ဆီဆိုင္သို႔ အျမန္ဆီသြားထည့္ခ်င္စိတ္ ေပါက္သြားႏိုင္သည့္ ဝန္ေဆာင္မႈမ်ိဳး ေပးထားပါသည္။

အေၾကာင္းမွာ ဝန္ေဆာင္မႈအေနျဖင့္ ဓာတ္ဆီဆိုင္သို႔ လာေရာက္၍ ဆီျဖည့္သူမ်ားကို ဆိုင္ဝန္ထမ္းအျဖစ္ ခန႔္အပ္ထားေသာ ေခ်ာေမာလွပၿပီး ခ်စ္စရာေကာင္းသည့္ မိန္းကေလးဆီမွ ႏူးညံ့ေသာအနမ္းတစ္ပြင့္ကို ရရွိမွာျဖစ္ပါသည္။

ေဒသခံ အမ်ိဳးသားႀကီးတစ္ဦးသည္ သမီးျဖစ္သူႏွင့္အတူ ထိုဓာတ္ဆီဆိုင္သို႔ သြားေရာက္ဆီျဖည့္ခဲ့သည္။ထို႔ေနာက္ ဆိုင္ဝန္ထမ္းအေခ်ာေလးမွ လက္မွတ္ေရးထိုးရန္ စာရင္းစာအုပ္အား လွမ္းေပးခဲ့ၿပီး ကားေပၚမွ ပါလာေသာ သမီးျဖစ္သူမွ ဆိုင္ဝန္ထမ္းအေခ်ာေလးအား စကားလွမ္းဆိုခဲ့သည္။

ဤသည္မွာ ဓာတ္ဆီအျပည့္ျဖည့္ျခင္းအတြက္ ဝန္ေဆာင္မႈကို သိခ်င္၍ ဆိုင္ဝန္ထမ္းအေခ်ာေလးမွ အမ်ိဳးသားႀကီးအား ညင္သာေသာ အနမ္းတစ္ပြင့္ေပးခဲ့ၿပီးေနာက္ “အေမျမင္သြားလိမ့္မယ္”ဆိုၿပီး ရယ္ေမာရင္း ဖခင္အားစေနာက္ေနခဲ့သည္။

ထိုအျဖစ္အပ်က္ကို လူမႈကြန္ယက္တြင္ မွ်ေဝခဲ့ၿပီးေနာက္ ၾကည့္ရႈသူမ်ားမွာ ထိုဆိုင္သို႔သြားေရာက္လိုၾကေသာ္လည္း စိတ္မေကာင္းစြာျဖင့္ ဝန္ထမ္းအေခ်ာေလးမွာ အလုပ္ကထြက္သြားၿပီျဖစ္ေၾကာင္း သိခဲ့ရသည္။