နွားတွေကို VR တပ်ပေးတဲ့ ပေါက်ပေါက်ရှာရှာအတွေးကို ၂၀၁၉ လောက်မှာ ရုရှားလယ်သမားတွေက စခဲ့ပါတယ်။ ရည်ရွယ်ချက်က သူတို့လယ်တွေမှာ အလုပ်တွေခိုင်းပြီးရင် အပန်းဖြေတဲ့အနေနဲ့ တီဗီကြည့်ခိုင်းတာမျိုးပါ။
အဲဒီကနေ တဖြည်းဖြည်းအဆင့်မြင့်လာပြီး၊ အနီရောင်ကာလာအခြေပြု VR ကိုပါတပ်ပေးနိုင်ခဲ့ပါတယ်။ နွားကြီးမျက်စိထဲ လယ်ကွင်းစိမ်းစိုနေတဲ့နေရာမှာ မြက်နုနုလေးတွေနဲ့ သာယာနေတဲ့ရှုခင်းမျိုးဖန်တီးပေးထားပါတယ်။ VR နဲ့တကယ့်ကို ပျော်မွေ့နေမယ့်ခံစားချက်မျိုးရအောင်ပါ။
ဒီလိုမျိုးဖန်တီးပေးတာဟာ ရုရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနကနေ နိုင်ငံတော်အဆင့်နဲ့ကို လုပ်ပေးတာဖြစ်ပါတယ်။ နွားတွေရဲ့မျက်လုံးက အနီရောင်လက်ခံမှုကိုအားကောင်းတဲ့အတွက် နွားတွေကိုကာလာညိှပေးမယ့် VR တွေကို သီးသန့်ထုတ်လုပ်ထားရပါတယ်။
မော်စကိုမြို့နားမှာနေထိုင်တဲ့ ဂျွန်နီဆိုတဲ့လယ်သမားတယောက်လည်း သူ့နွားတွေကို စိတ်အပန်းဖြေဖို့ အစီအစဉ်မှာပါဝင်လိုက်ပါတယ်။ ခိုင်းကောင်းတဲ့နို့စားနွားကြီးတကောင်ကို စစမ်းလိုက်ပြီး၊ VR ကိုလက်ခံလား၊ ကြိုက်လားကို စောင့်ကြည့်ခဲ့ပါတယ်။
ရလဒ်က အကောင်းလွန်သွားပါတယ်။ နွားကြီးက တုပ်တုပ်ကိုမလှုပ်တော့ပါဘူး။ ချွတ်လိုက်တာနဲ့ ပြဿနာရှာနေပါပြီ။ သူတို့မျက်စိထဲမှာ တကယ့်ကမ္ဘာတခုကိုရောက်သွားတဲ့ခံစားချက်ကိုရနေမှာဖြစ်တဲ့အတွက် လက်တွေ့ဘဝက ပျင်းခြောက်ခြောက်နေရာကြီးကိုမကြိုက်တော့ပါဘူး။
နောက်ဆုံးအလုပ်ပါခိုင်းမရချိန်မှာတော့ ပိုင်ရှင်ဂျွန်နီဟာ နွားကြီးကို လွှတ်ကိုထားလိုက်ရပါတော့တယ်။ ဒီအကြောင်းကိုတွစ်တာမှာ ဝေမျှပေးလိုက်ချိန်မှာ လူကြိုက်များခဲ့ပြီး၊ ပျော်ရွှင်နေသောနွားကြီးလို့ စနောက်ခဲ့ကြပါတယ်။ နည်းပညာတွေတိုးတက်လာတာက နွားတွေတောင် စိတ်အပန်းဖြေနိုင်နေပြီဖြစ်တဲ့အတွက် အနာဂတ်မှာ နွားVRအချိန် ဆိုတာတွေတောင် ပေါ်လာနိုင်ပါတယ်။