ဗဟုသုတ

မိသားစုကို ခြိမ်းခြောက်ခံနေရတဲ့အကြောင်းရင်းကို ပြောပြလာတဲ့ တိုင်းကျော်

မိသားစုကို ခြိမ်းခြောက်ခံနေရတဲ့အကြောင်းရင်းကို ပြောပြာလာတဲ့ တိုင်းကျော်

နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြည်သူတွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားကြတာ ဖြစ်ပါတယ် ။

သူတို့အဖွဲ့က လက်ရှိမှာဆိုရင် တောထဲတောင်ထဲကို ရောက်ရှိနေကြတာဖြစ်ပြီး ဘေးကင်းလုံခြုံစွာနဲ့ ဖော်ဖော်ဝါရီ ၁ရက်နေ့မှစတင်ကာ ပြည်သူတွေနဲ့ အတူ တစ်သားထဲရပ်တည်လျက်ရှိပါတယ်။

တစ်ချိန်က ပြည်သူတွေကို ရယ်မောစေခဲ့တဲ့ ပျက်လုံးတွေနဲ့ ဟား၅ကောင်အဖွဲ့ကတော့ ပြည်သူနဲ့တစ်သားထဲ ရပ်တည်ကာ အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်လျက်ရှိကြပါတယ်။ပြည်သူ့အတွက် ဟား(၅)ကောင်ဆိုတဲ့ ဆောင်ပုဒ်ကို အမြဲလက်ကိုင်ထားတဲ့ ညီအကို၅ယောင်ကတော့ တကယ်ပဲ ပြည်သူအတွက် ပြည်သူတွေနဲ့ပဲ ဂပ်တည်လျက်ရှိပါတယ်။

ဒီနေ့မှာတော့လူရွှင်တော်တိုင်းကျော်ကသူလွတ်မြောက်နယ်မြေသို့ရောက်ရှိပြီးတော်လှန်ရေးတိုက်ပွဲများအတွက်ပြင်ဆင်နေတာကြောင့်မြို့ပေါ်မှာကျန်ခဲ့တဲ့မိသားစုဝင်များကိုအာဏာရှင်လူတစ်စုကအိမ်ပေါ်ထိတက်ပြီးခြိမ်းခြောက်ခဲ့ပုံတွေကိုပြောပြလာတာဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့တိုင်းကျော်ရဲ့ညီမကိုယ်တိုင်သူ့ဆီစာရေးသားပြောပြခဲ့တာကြောင့်အကြောင်းစုံကိုသိရှိခဲ့ရတာဖြစ်ပါတယ်။အာဏာရှင်လူတစ်စုကသူတို့ရဲ့အိမ်ပေါ်ကိုဖိနပ်တွေနဲ့တက်လာကြပြီးအမေ့ပုခုံးပေါ်ကိုသေနတ်တင်ထားတဲ့အတွက်မိခင်ဖြစ်သူမှာတေအသားတွေတဆတ်ဆတ်တုန်နေပြီးကြောက်လန့်ခဲ့ကြောင်းရေးသားထားပါတယ်။

ဖခင်ဖြစ်သူကိုလည်းခင်ဗျားသားလိုင်းပေါ်မှာဘာတွေတင်လည်းသိတယ်နော်အဘိုးကြီးလို့ပြောရုံသာမကညီမဖြစ်သူကိုလည်းနင့်အစ်ကိုဆိုတဲ့ကောင်ကိုအရေခွံစုတ်မှာဆိုပြီးတော့လည်းကြမ်းတမ်းစွာပြောဆိုခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ဘေးကင်းရာသို့ပြောင်းရွှေ့နေထိုင်နေပြီးကိုယ့်ရပ်ရွာမဟုတ်တာကြောင့်အဆင်မပြေကြောင်းဝမ်းနည်းစွာရေးသားထားပါတယ်။ အဆင်မပြေမှုတွေနဲ့အားငယ်နေတဲ့ တိုင်းကျော်တို့မိသားစုကို Weekly Myanmar ပရိသတ်ကြီးလည်း အားပေးစကားလေးပြောပေးသွားကြပါအုံးနော်..

Source: Taingkyaw

Zawgyi

မိသားစုကို ၿခိမ္းေျခာက္ခံေနရတဲ့အေၾကာင္းရင္းကို ေျပာျပာလာတဲ့ တိုင္းေက်ာ္

နာမည္ႀကီးလူ႐ႊင္ေတာ္အဖြဲ႕ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ကေတာ့ လတ္တေလာ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ျပည္သူေတြရဲ႕စိတ္ဝင္စားမႈကို အျပည့္အဝရရွိထားၾကတာ ျဖစ္ပါတယ္ ။

သူတို႔အဖြဲ႕က လက္ရွိမွာဆိုရင္ ေတာထဲေတာင္ထဲကို ေရာက္ရွိေနၾကတာျဖစ္ၿပီး ေဘးကင္းလုံၿခဳံစြာနဲ႔ ေဖာ္ေဖာ္ဝါရီ ၁ရက္ေန႔မွ စတင္ကာ ျပည္သူေတြနဲ႔ အတူ တစ္သားထဲရပ္တည္လ်က္ရွိပါတယ္။

တစ္ခ်ိန္က ျပည္သူေတြကို ရယ္ေမာေစခဲ့တဲ့ ပ်က္လုံးေတြနဲ႔ ဟား၅ေကာင္အဖြဲ႕ကေတာ့ ျပည္သူနဲ႔တစ္သားထဲ ရပ္တည္ကာ အာဏာရွင္စနစ္ကို ေတာ္လွန္ဆန႔္က်င္လ်က္ရွိၾကပါတယ္။ျပည္သူ႔အတြက္ ဟား(၅)ေကာင္ဆိုတဲ့ ေဆာင္ပုဒ္ကို အၿမဲလက္ကိုင္ထားတဲ့ ညီအကို၅ေယာင္ကေတာ့ တကယ္ပဲ ျပည္သူအတြက္ ျပည္သူေတြနဲ႔ပဲ ဂပ္တည္လ်က္ရွိပါတယ္။

ဒီေန႔မွာေတာ့လူ႐ႊင္ေတာ္တိုင္းေက်ာ္ကသူလြတ္ေျမာက္နယ္ေျမသို႔ေရာက္ရွိၿပီးေတာ္လွန္ေရးတိုက္ပြဲမ်ားအတြက္ျပင္ဆင္ေနတာေၾကာင့္ၿမိဳ႕ေပၚမွာက်န္ခဲ့တဲ့မိသားစုဝင္မ်ားကိုအာဏာရွင္လူတစ္စုကအိမ္ေပၚထိတက္ၿပီးၿခိမ္းေျခာက္ခဲ့ပုံေတြကိုေျပာျပလာတာျဖစ္ပါတယ္။

ဒီအေၾကာင္းအရာကိုေတာ့တိုင္းေက်ာ္ရဲ႕ညီမကိုယ္တိုင္သူ႔ဆီစာေရးသားေျပာျပခဲ့တာေၾကာင့္အေၾကာင္းစုံကိုသိရွိခဲ့ရတာျဖစ္ပါတယ္။အာဏာရွင္လူတစ္စုကသူတို႔ရဲ႕အိမ္ေပၚကိုဖိနပ္ေတြနဲ႔တက္လာၾကၿပီးအေမ့ပုခုံးေပၚကိုေသနတ္တင္ထားတဲ့အတြက္မိခင္ျဖစ္သူမွာေတအသားေတြတဆတ္ဆတ္တုန္ေနၿပီးေၾကာက္လန႔္ခဲ့ေၾကာင္းေရးသားထားပါတယ္။

ဖခင္ျဖစ္သူကိုလည္းခင္ဗ်ားသားလိုင္းေပၚမွာဘာေတြတင္လည္းသိတယ္ေနာ္အဘိုးႀကီးလို႔ေျပာ႐ုံသာမကညီမျဖစ္သူကိုလည္းနင့္အစ္ကိုဆိုတဲ့ေကာင္ကိုအေရခြံစုတ္မွာဆိုၿပီးေတာ့လည္းၾကမ္းတမ္းစြာေျပာဆိုခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ေဘးကင္းရာသို႔ေျပာင္းေ႐ႊ႕ေနထိုင္ေနၿပီးကိုယ့္ရပ္႐ြာမဟုတ္တာေၾကာင့္အဆင္မေျပေၾကာင္းဝမ္းနည္းစြာေရးသားထားပါတယ္။ အဆင္မေျပမႈေတြနဲ႔အားငယ္ေနတဲ့ တိုင္းေက်ာ္တို႔မိသားစုကို Weekly Myanmar ပရိသတ္ႀကီးလည္း အားေပးစကားေလးေျပာေပးသြားၾကပါအုံးေနာ္..

Source: Taingkyaw