ဗဟုသုတ

NUG ပရိုဖိုင် ​ပြောင်းလဲသူ များကို ဖမ်းဆီးမည်ဟူ​သော စစ်​ကောင်စီလုပ်ရပ်ကို ​ နိုဗာန်ထူး ပြောပြီ

၂၀၂၁ခုနှစ်၊သြဂုတ်၁၃ရက်

NUGအစိုးရ တရားဝင်​ရေး အတွက် ဆိုရှယ်မီဒီယာ Facebookအသုံးပြုသူများက “Accept NUG Reject Military” စာတန်းပါ NUGကို​ထောက်ခံ ၊စစ်တပ်ကိုညင်းဆန် ဟု အဓိပ္ပါယ်ရ​သော ပရိုင်ဖိုင် ​ပြောင်းလဲမှု ကမ်ပိန်း လှုပ်ရှားမှုကို ရပ်တန့်​စေရန်အတွက် နာမည်ကြီး အနုပညာရှင်များ နှင့် လူသိများ ထင်ရှားသူများအပါအဝင် ပရိုဖိုင်​ပြောင်းလဲသူများကို ဖမ်းဆီးအ​ရေးယူမည်ဟု စစ်​ကောင်စီက ​ကြေငြာပြီးနောက် နိုဗာန်ထူးက ယခုကဲ့သို့​ပြောဆိုလာခြင်း ဖြစ်ပါတယ်။

အဆိုပါ စာရင်းတွင် ၅၀၅(က)ဖြင့်ဖမ်းဆီးအ​ရေးယူရန် အမိန့်ထုတ်ထား​သော နိုဗာန်ထူးလည်း ပါဝင်ခဲ့ပါသည်။

“” Attention မပေးကြေး ..၊ စကစ က ကတော့ ရှုံးခါနီး ကူကယ်ရာမဲ့ လုပ်ရပ် လုပ်နေတာလို့ဘဲ နားလည်ကြပါ။ စောက်လုပ်မရှိတော့ စောက်တလွဲ အလုပ်ဘဲ လုပ်နေရတာ။
လူ ဦးနှောက်နဲ့ တိရိစ္ဆာန် ဉီးနှောက် ပြိုင်တဲ့ ပွဲမှာ ဘာအကြောင်းမှ Attention ပေးစရာမလိုဘူး။

စာလေးထုတ်ပြီး ကျွန်တော်တို့ လုပ်ရပ်တွေကို အားလျော့စေချင်တာ ၊ အဲ့​​ဒီတော့ ရှိသမျှ ပုဒ်မထုတ်လည်း ငါတို့ကမအလ ~ ဖက်ဆစ်စစ်တပ်ဘဲ။”” ဟု နိုဗာန်ထူးမှ ​ပြောဆိုခဲ့ ခြင်းပဲ ဖြစ်ပါသည်။

Media9