ဗဟုသုတ

ခဲတံကို သေးငယ်တဲ့ အံ့မခန်းအနုပညာလက်ရာအဖြစ် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲထုထွင်ခဲ့တဲ့ အနုပညာရှင်

ခဲယဥ်းတဲ့ခဲတံကို မယုံကြည်နိုင်လောက်အောင် သေးငယ်တဲ့ အံ့မခန်းအနုပညာလက်ရာအဖြစ် ပြောင်းလဲထုထွင်ခဲ့တဲ့ အနုပညာရှင်Bosnian

ပန်းပုဆရာဖြစ်တဲ့ Jasenko Đorđević အမည်ရှိ အမျိုးသားဟာ အနုပညာရှင်ရဲ့ အခြေခံအကျဆုံး အသုံးအဆောင်များဖြစ်တဲ့ ခဲတံကိုအံ့မခန်းအနုပညာလက်ရာများအဖြစ်သို့ ပြောင်းလဲခဲ့ပါတယ် ။

ခဲတံခဲဖြင့် ထွင်းထုထားတဲ့ Jasenko Đorđević ရဲ့ပန်းပုလက်ရာများကအလယ်အလတ်သဘောဝေဖန်ချက်တစ်ခုနဲ့ အနုကြည့် အနုပညာလက်ရာများကို ပြန်လည်ကြည့်ရှုရန် ဖိတ်ခေါ်ခြင်းဖြစ်ပါတယ် ။

Đorđevićက ဥရောပမှာ ပထမဦးဆုံး အသေးစားခဲပန်းပုများကို ဖန်တီးခဲ့သော ပုဂ္ဂိုလ်တစ်ဦးလို့ သူ့ရဲ့ website, TOLDart အရ သိရပါတယ် ။

ထက်မြက်တဲ့ အနုပညာရှင် Đorđević ဟာ ၂၀၁၀ မှစပြီး ခဲတံများပေါ်တွင် ပန်းပုထုလုပ်ခဲ့တာပါ ။ သူက“ အရင်ကဆို ရွှံ့စေးပန်းပုလေးတွေလုပ်ခဲ့တယ်၊

ဒါပေမယ့် ငါကြီးလာတာနဲ့အမျှ ရုပ်ထုတွေကို ထုလုပ်ဖို့ ပြောင်းလဲခဲ့တယ် ” လို့ ဆိုပါတယ် ။

Đorđević က ခဲတံခဲတွေဟာ ပျက်စီးလွယ်တဲ့ပစ္စည်းတစ်ခုဖြစ်တာကြောင့် အမှားများစွာ ရှိခဲ့ပေမဲ့ စိတ်ထက်သန်တဲ့ အနုပညာရှင်အတွက် ထိုစိန်ခေါ်မှုကို ရိုးရှင်းစွာဖြေရှင်းနိုင်ခဲ့ပါတယ် ။

Đorđević က သူဟာ ခဲတံခဲကို ပုံကြမ်းဖြင့် စတင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ။ထို့နောက် သူက မည်သည့်အမှားပြင်ကွက်များကိုရှာဖွေရန် high-resolution ပုံအချို့ရိုက်ယူခဲ့ပါတယ်။

“ အသေးစိတ်အဆင့်” တွေကို ထုထွင်ရန် အဏုကြည့်မှန်လိုအပ်ပြီး နှစ်ရက်ကြာနိုင်ပါတယ် ။ နောက်ဆုံးအဆင့် အနေနဲ့ ယခုပြ ထားတဲ့ ဓာတ်ပုံနှစ်ပုံဘဲ လို့ Đorđević က ဆိုပါတယ် ။ သူဟာ ယခုအခါသူရဲ့မယုံနိုင်စရာသေးငယ်တဲ့ လက်ရာများကို Instagram မှာ ပြသခဲ့ပါတယ် ။