News

“NDFပါတီ၏ ကယားပြည်နယ်ဥက္ကဌ ဓားထိုးခံရပြီး ပွဲချင်းပြီးသေ”

ရန်ကုန်၊ ဩဂုတ် ၁၃

ကယားပြည်နယ်ရဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ဥက္ကဌ ဦးဟန်သာဟာ ဒီကနေ့နေ့လယ်ပိုင်းက နေအိမ်မှာ အမည်မသိလူတစ်စုရဲ့ဓားနဲ့ဝိုင်းထိုးမှုကြောင့် ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်မှာနေထိုင်ပြီး (လျှပ်စစ်ပြုပြင်ရေး)ဆိုင်ဖွင့်လှစ်ထားတဲ့ ဦးဟန်သာနေအိမ်ဆီကို ဒီကနေ့ သြဂုတ်လ ၁၃ရက်​နေ့ နေ့လယ်၂နာရီခွဲက အမည်မသိလူ(၄)ဦးရောက်လာပြီး တီဗွီပြင်ချင်တယ်ဆိုကာ ဓားနဲ့ဝိုင်းထိုးသတ်ခဲ့တယ်လို့လည်းသိရပါတယ်။

သေဆုံးသူ ကယားပြည်နယ်NDFပါတီဥက္ကဌဦးဟန်သာဟာ ၂၀၂၀ ရွေး ကော က်ပွဲက လွိုင်ကော်မြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။

NDFပါတီ ရဲ့ ဥက္ကဌ ဦး‌ခင်မောင်ဆွေအာဏာသိမ်း စစ်တပ်က ဖွဲ့စည်းထားပြီး စစ်ကောင်စီလို့ လူသိများ တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ မှာ အဖွဲ့ဝင်အဖြစ်ပါဝင်နေသူတစ်ဦးဖြစ်ပါတယ်။

Paung Laung Media