CDF ပစ်ချတဲ့ စကစ ဒရုန်းဟာ ဗုံးတွေလည်းသယ်ဆောင်နိင်တဲ့ တရုတ်ထုတ် ထောက်လှမ်းရေးသုံးဒရုန်းဖြစ်ပါတယ်
ချင်းပြည်နယ်၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြား လိုင်ကွာဆည်အနီးမှာ အကြမ်းဖက် စကစတပ်ရဲ့ အဓိကထောက်လှမ်းရေးသုံး ဒရုန်းတစ်စင်းကို ဩဂုတ်လ ၁၁ ရက်ညတွင် CDF တပ်ကပစ်ချခဲ့ပါတယ်လို့ ပြည်သူဘက်ကထုတ်ပြန်ထားပါတယ်။
ယင်းဒရုန်းဟာ တရုတ်ထုတ် Mavic Pro Platinum အမျိုးအစားဖြစ်ပြီး သိန်း ၂၀ ဝန်းကျင်(ဒေါ်လာ ၁၂၀၀ -၁၃၀၀)တန်ဖိုးရှိပါတယ်။
အမြင့်ပေ ၁၆၄၀ အကွာအဝေး ၅ မိုင်ခန့် ပျံသန်းနိင်ပြီး ၄၀ မမ ဗုံးလည်းသယ်ဆောင်နိင်ကာ remote control ကနေပစ်မှတ်ကိုအတိအကျပစ်နိင်ပါတယ်။
ယင်းဒရုန်းဟာ ဗီဒီယိုကော ဓာတ်ပုံပါ 4k အဆင့်ထိ Zoom ဆွဲနိင်ပါတယ်။
Zawgyi