News

“လာရောက်ပူးပေါင်းပါက သိန်း(၅၀) ပေးမယ်လို့ ကြေငြာပြီးနောက် တပ်ကြပ် (၁) ဦး နှင့် ရဲ (၂) ဦး မင်းတပ် CDF သို့ လာရောက်ပူးပေါင်း”

ရန်ကုန်၊ သြဂုတ် ၁၃

ချင်းပြည်နယ်၊ မင်းတပ် CDF အားတိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်း ၂ ကြောင်းဖြင့် သြဂုတ်လ ၁၃ ရက် ယနေ့တွင် ထိုးစစ်ဆင်လာကြောင်းနှင့် တပ်ကြပ် ၁ ဦး၊ ရဲ ၂ ဦး CDM ဝင်လာကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီက မင်းတပ်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတယ်၊ လောလောဆယ် ကျနော်တို့ကတော့ အခြေအနေစောင့်ကြည့်နေတုန်းပဲ၊

နောက်ပြီး ဒီနေ့ တပ်ကြပ် ၁ ဦး၊ ရဲ ၂ ဦး ကျနော်တို့ဆီ CDM ဝင်လာတယ်၊ အခုလို CDM ဝင်လာကြတဲ့အပေါ် မင်းတပ် CDF မှ အထူးကြိုဆိုပါတယ်” ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆိုသည်။

ပြီးခဲ့တဲ့ ရက်တေကပဲ စကစ ရဲဘော်တွေ လက်နက် အပြည့်အစုံနဲ့ လာရောက်ပူးပါင်းရင် သိန်း (၅၀) ပေးမယ်လို့ မင်းတပ် CDF က ကြေငြာခဲ့တာဖြစ်ပါတယ်

သြဂုတ်လ ၁၁ ရက် ညပိုင်းကလည်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဗီဒီယိုရိုက်ကူးပြီး လိုက်လံထောက်လှမ်းနေသော အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ထန်တလန် CDF ထံမှ သတင်းရရှိသည်။