ဗဟုသုတ

ချစ်ရတဲ့သားငယ်လေးရဲ့မွေးနေ့လေးကိုတောင် အနားမှာရှိမနေနိုင်ပဲအဝေးကနေပဲဆုတောင်ပေးခွင့်ရလို့ စိတ်မကောင်းဖြစ်နေရတဲ့ ကိုပေါက်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကတော့ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ သားအငယ်လေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းေ တာင်းပေးလာခဲ့ပါတယ်။

မိသားစုနဲ့အဝေးမှာရောက်နေတာကြောင့် မွေးနေ့ပွဲလေးလုပ်ပေးနိုင်ခြင်းမရှိတဲ့အတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပဲမွေးနေ့ဆုတောင်းပေ းလာခဲ့တာပါ။

“သားငယ်လေး အားဂဂျူးရေ သားငယ်လေးမွေးနေ့မှာလည်း ဖေဖေအတူ တူမရှိနိုင်ခဲ့ဘူး။ ဖေဖေနဲ့မတွေ့ရတာ (၆) လအတွင်း အရမ်းထွားလာတယ်။

မွေးနေ့မှာ သားသားဖြစ်ချင်တဲ့ ဆန္ဒတွေ အကုန်ပြည့်ပါစေ။ သားသားတွေ့ချင်တဲ့ သားသားကြိုက်တဲ့ ဝူသရမာန် ဇဲရို နဲ့လည်းတွေ့ပါစေ။အခုအချိန်ထိ စမက်ဒေါင်းချဖို့ မြန်မြန်ပြန်လာခဲ့လို့ မှာမှာနေတဲ့သားငယ်လေးရေ။ သာသားက ထွားလာတော့ ဖေဖေ သားသားတို့ကို မနိုင်လောက်တော့ဘူးနဲ့တူတယ်။ ဖေဖေတို့ပြန်တွေ့ရတဲ့ ချကြမယ်နော်။

သားသားမွေးနေ့မှာ ပျော်ရွှင်ပြီး စိတ်ချမ်းသာပါစေ။ အကောင်းနဲ့အဆိုး အမှားနဲ့ အမှန် တရားခြင်းနဲ့မတရားခြင်း အစရှိတဲ့အစွန်းနှစ်ဖက်ကို အကောင်းဆုံးနဲ့အမှန်ကန်ဆုံး ရွေးချယ်ဆုံးဖြတ်နိုင်တဲ့ ဉာဏ်အမျှော်အမြင် ရရှိပိုင်ဆိုင်နိုင်ပါစေ။ သားသားတို့ အပြစ်ကင်းတဲ့ ကလေးတွေအားလုံး ရန်သူမျိုးငါးပါးရန်က တသက်လုံးဝေးကြပါစေ။

သားသားရဲ့ အဝေးက ဖေဖေ။” ဆိုပြီမွေးနေ့ရက်လေးမှာ တူတူရှိမနေနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပါ။

ကိုပေါက်ကတော့ ဇနီးဖြစ်သူရဲ့မွေးနေ့ရော သား(၂)ယောက်လုံးရဲ့ မွေးနေ့မှာပါ အနီးမှာမရှိနိုင်ခဲ့ပေမဲ့လည်း “သားသားရေ ခေါင်းမော့ရင်ကော့ပြီးပြန်လာတဲ့ တစ်နေ့ မွေးနေ့ပွဲစုလုပ်ကြမယ်ကွာ။” လို့ လည်း သားဖြစ်သူကို ဂတိပေးထားခဲ့ ပါသေးတယ်။

ပရိသတ်ကြီးရေ မွေးနေ့မှာ ဖခင်နဲ့ အတူတူ မွေနေ့ပွဲ မကျင်းပနိုင်ခဲ့တဲ့ ကိုပေါက်ရဲ့ သားငယ်လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။