ဗဟုသုတ

ဟားငါးကောင်အဖွဲ့ရဲ့ “ဟဒယသပိတ်” တော်လှန်ရေးအငြိမ့် ကို သြဂုတ် ၁၄၊၁၅ရက်များတွင် D day Channelမှ ထုတ်လွင့်ပြသမည်

နွေဦး​တော်လှန်​ရေးမှ တဆင့် ပြည်သူ့တော်လှန်​ရေး တပ်ဖွဲ့ PDF ထဲသို့ ​ရောက်ရှိ​နေသူ ဟားငါး​ကောင် ညီအကိုများက ၎င်းတို့ ၏ ​ဟာဒယ တော်လှန်​ရေး အငြိမ့် ကို လွတ်​မြောက်နယ်​မြေတွင် ရိုက်ကူးပြီးစီးခဲ့ပြီး လျှင် ပြည်သူလူထုထံသို့ ထုတ်လွင့်ပြသ​တော့မည်ဖြစ်​ကြောင်း ​ပြောကြားခဲ့ပါသည်။

အဆိုပါ အငြိမ့် ဗီဒီယိုကို ​ အွန်လိုင်း မီဒီယာများဖြစ်​​သော Dday Channel နှင့် PVTVChannelတို့မှာ သြဂုတ် ၁၄- ၁၅ ရက်များတွင် ထုတ်လွင့်သွားမည် ဖြစ်​ကြောင်း သိရှိရပါသည်။

“”တောတောင်ထဲမှာ အဆင်ပြေအောင်လုပ်ရတာဖြစ်တဲ့အတွက် ဆက်တင်အခမ်းအနား ၊ ဖုန်းနဲ့KBတီး ၊ bluetooth box ၊ ဖုန်းကင်မရာနဲ့ရိုက်ထားတာဖြစ်တဲ့အတွက် အားနည်းချက်လေးများပါခဲ့သည်ရှိသော် နားလည်ပေးကြပါ။”” လို့လည်း ဟား အဖွဲ့ က ​ပြောဆိုထားပါတယ်။

အဆိုပါ အငြိမ့် ဗီဒီယိုဖိုင်ကို ​စောင့်​မျှော်ကြည့်ရှုကြဖို့ D dayChannelနှင့်PV TV Channelများကို Followerလုပ်ထားကြဖို့ကို လည်း ဟားအဖွဲ့ သတိ​ပေး​ပြောကြားခဲ့ပါ​သေးသည်။