ဗဟုသုတ

နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲကောင်း ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေး မကြာမီ မွေးဖွား‌တော့မည်

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ရသည့် အာဇာနည် သူရဲကောင်းကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေးကို မွေးဖွားရန် တစ်လကျော်သာလိုတော့ကြောင်း ၄င်း၏ဇနီးဖြစ်သူ က ပြောသည်။

“ အကို မထွက်လို့ အကို့လို လူတွေများလာရင် ဒီမိုကရေစီ မရမှာ စိုးရိမ်တယ်”ဟု သူ၏ဇနီးသည်ကို မှာကြားခဲ့သည့် စကားသည် နွေဦးတော်လှန်ရေး၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။
ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေးကို လာမည့် အောက်တိုဘာ လလယ်ပိုင်းတွင် မွေးဖွားနိုင်သည်ဟု ဆရာဝန်က ရက်ချိန်း သတ်မှတ်ပေးထားပြီး မွေးဖွားရန် ဆရာ၀န်များနှင့် ချိတ်ဆက် ပြင်ဆင်ထားပြီးဖြစ်သည်ဟုဆိုသည်။

“သူ့ရင်သွေးကို မွေးဖွားဖို့က ၁၀ လပိုင်းလယ်လောက် မွေးမှာပါ။ အားလုံးပြင်ဆင်ပြီးပါပြီ။ အဆင်ပြေပါတယ်။ ဘာမှတော့ မလိုအပ်တော့ပါဘူး။ ဟိုတစ်လောက ဖုန်းတွေ ဆက်ပြီး အကူအညီပေးဖို့ ပြောလာတာ တွေရှိပါ တယ်။ ညီမလက်မခံခဲ့ပါဘူး”ဟု ဇနီးဖြစ်သူကဆိုသည်။

ကိုချစ်မင်းသူသည် ပြီးခဲ့သည့် မေ ၁၁ ရက်က ဒဂုံမြို့သစ် မြောက်ပိုင်းအတွင်း စစ်ကောင်စီကို အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရာမှ စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုသေနတ် ကျည်ဆန်ထိမှန်၍ ကျဆုံးခဲ့သူတစ်ဦးဖြစ်သည်။

ကိုမင်းချစ်သူ ကျဆုံးချိန်တွင် အသက် ၂၄နှစ် အရွယ်ရှိပြီဖြစ်ကာ ယင်းမြို့နယ်၌ ပထမဆုံး သေနတ်ထိမှန် ကျဆုံးခဲ့သူ တစ်ဦးလည်းဖြစ်သည်။

၄င်းမကျဆုံးမီ ဇနီးဖြစ်သူအား ပြောခဲ့သည့် စကားသည် နွေဦး တော်လှန်ရေး လုပ်ဆောင်နေသူများအတွက် ဝမ်းနည်းကြေကွဲမှုနှင့်အတူ ခွန်အားဖြစ်စေခဲ့သည့် စကားတစ်ခွန်းဖြစ်ခဲ့သည်။

ကိုချစ်မင်းသူ ကျဆုံးချိန်သည် မတ်လ ၁၁ ရက်‌ဖြစ်၍ ယခုသြဂုတ် ၁၁ ရက်တွင် ခြောက်လပြည့်ပြီဖြစ်သည်။ ၄င်း‌သေဆုံးချိန်က ၎င်း၏ ဇနီးသည်တွင် ကိုယ်ဝန် နှစ်လရှိပြီဖြစ်ကာ အသက် ၂နှစ် ၇လအရွယ် သားငယ်တစ်ဦးလည်းကျန်ရှိခဲ့သည်။