ရန်ကုန်၊ သြဂုတ် ၁၃
ဂျပန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လက်သုံးချောင်းထောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဂိုးသမား ပြည့်လျှံအောင်သည် ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသို့ပြန်လျှင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုခံရမည်စိုး၍ ဒုက္ခသည်အဖြစ်နေထိုင်ခွင့်လျှောက်ခဲ့သည့် ပြည့်လျှံအောင်၏ လျှောက်လွှာကို ဂျပန်အစိုးရမှ အတည်ပြုပေးခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် တရားဝင် အသိအမှတ်ပြုခံရမည်ဖြစ်သည်။
ဂိုးသမားပြည့်လျှံအောင်သည် လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ ဂျေလိဂ် တတိယတန်းအသင်းတစ်သင်းဖြစ်သော ယိုကိုဟားမားအသင်းနှင့် လေ့ကျင့်လျှက်ရှိသည်။
ဓါတ်ပုံ – Kyodo News