ဗဟုသုတ

ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို စုဆောင်းထားသမျှ ချွေးနဲစာတွေနဲ့ ကျောင်းတက်နိုင်အောင် ကူညီခဲ့တဲ့ အမှိုက်ကောက် ဦးလေးကြီး

စုဆောင်းထား သမျှ ချွေးနဲစာတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကိုကျောင်းတက်နိုင်အောင် ကူညီခဲ့တဲ့ အမှိုက်ကောက် ဦးလေးကြီး

Zhao Yongjiu လို့ ခေါ်တဲ့ သူ ဟာ တ ရုတ် ပြည်၊Shenyang မြို့ရဲ့လမ်းမတွေ ပေါ်မှာ အမှိုက်လိုက် ကောက်တဲ့ သန့်ရှင်းရေး ဦးလေးကြီး ဖြစ်ပါတယ်။

သူ ဘဝ တစ်လျှောက် ၄င်းအလုပ်ကို လုပ်ကိုင် လာရင်း နှစ်ပေါင်း (၃၀) သက်တမ်းရှိ လာတဲ့ အချိန် မှာတော့ ဆင်းရဲ နွမ်းပါးပြီး ကျောင်းမတက် နိုင်တဲ့ ကလေးငယ် ပေါင်း (၃၇)ကို ကျောင်းတက် နိုင် အောင် ကူ ညီ လာ နိုင် ခဲ့ပါတယ်။

အသက်(၅၆)နှစ်ရှိပြီဖြစ်တဲ့ သူဟာ မနက်(၄)နာရီခွဲကနေပြီးတော့ ည (၉) နာရီ အ ထိ တိုင် အောင် လမ်းမတွေ ပေါ်မှာ သန့်ရှင်းရေးအလုပ် နှစ်မျိုးကို လုပ်ကိုင် ရင်းသူ့ရဲ့ တစ်နေ့တာကို ပြီးဆုံးစေသူဖြစ်ပါ တယ်။

သူရဲ့နည်းပါးလှတဲ့ ချွေးနဲ စာလေးတွေ စုထားခဲ့ ကာ တရုတ်ငွေ(၁၇၀၀၀၀)ယွမ်(ဒေါ်လာ ၂၄၇၅၀)ကို ရရှိတဲ့ အချိန် မှာတော့ သူ့ရဲ့ မြို့ထဲမှာနေထိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးအချို့ကိုကျောင်းတက်နိုင်အောင် ကူညီပေးဖို့ ပြင်ဆင်ခဲ့ ပါတယ်။

သို့ သော် ငွေ ပမာဏ ဟာ လုံ လောက် မှု့ မရှိခဲ့ တာကြောင့် သူ့ ရဲ့ ကိုယ် ပိုင် ပစ္စည်းအ ချို့ကို ပါရောင်းချပြီး ထပ်မံ စုဆောင်းခဲ့ ရပါတယ်။

သူဒီလို ကူညီ ရတဲ့ အ ကြောင်းကတော့ Zhao ဟာ ငယ်စဉ် ကတည်းက ဖခင် ဖြစ်သူ သေဆုံးသွားခဲ့ တာကြောင့် မိခင်ဖြစ်သူနဲ့ ဆင်းရဲ ဒုက္ခရောက်နေချိန် အိမ်နီးနားချင်း သူငယ်ချင်းများက ကူညီ ဖေးမခဲ့ တာကို မမေ့ နိုင် တာကြောင့် သူအသက်ရှင် နေချိန်ကာလအတွင်း အခြားသောသူတွေကို အတက် နိုင်ဆုံး ကူညီ သွားမယ်လို့ ဆုံးဖြတ်ချက် ချထားတာကြောင့် ဖြစ်ပါတယ်။

ရဲ့လူသားချင်းစာနာစွာ ကူညီနိုင် မှု့တွေဟာ ဆိုရှယ်စာမျက်နှာတွေပေါ်ကို ရောက်လာတဲ့ အခါမှာတော့ အင်တာနက် သုံးစွဲသူ တွေ ရဲ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ “သူရဲ့လုပ်အားခကတစ်နာရီကို တစ်ဒေါ်လာတောင်မရှိပါဘူး။ဒါနဲ့တောင်မှ သူကတခြားသူတွေကို ကူညီဖို့ ဘယ်လို များကြိုးစားစု ဆောင်းခဲ့ ပါလိမ့်” “သူ အ ခု ကလေး (၃၇)ယောက်ကို ပေးဆပ်ခဲ့ ပါတယ်။

နောင်တချိန် အဲ့ဒီကလေးတွေထဲက အကုန် မဟုတ်ရင် တောင်တစ်ယောက်လောက်ဘဲ ဖြစ်ဖြစ် ဒီလူ ကြီးရဲ့ ကျေးဇူးကို သိ တက် ပြီး ပြန်လည် ကျေးဇူးဆပ် လိမ့် မယ်လို့ မျှော် လင့် မိတယ်။ဆု လည်းတောင်းပေးပါ တယ်” လို့ အင် တာ နက် သုံးစွဲ သူ တွေ အ ချို့ကမှတ်ချက် ပေးခဲ့ ပါ တယ်။