မယားငယ်တွေနဲ့အတူ ရိုက်ထားတဲ့ ခင်ပွန်းရဲ့ဓာတ်ပုံများကို ဂုဏ်ယူမှုတစ်ခုအနေဖြင့် ဆိုရှယ်မီဒီယာပေါ် မျှဝေလာခဲ့တဲ့ ဇနီးသည်
အမျိုးသမီးတစ်ဦးက သူမရဲ့ခင်ပွန်းနဲ့ အခြားဇနီးများအားလုံးပါဝင်တဲ့ ပုံမှန်မဟုတ်တဲ့ ‘မိသားစုဓာတ်ပုံ’ ကို မကြာသေးမီက မျှဝေလာခဲ့ပါတယ် ။ လူများစွာက သူမရဲ့ခင်ပွန်းဟာမကောင်းတာတွေပြုလုပ်နေတယ်လို့ ထင်နေသော်လည်း၊ ထိုအမျိုးသမီးက သူမရဲ့ခင်ပွန်းကို ထိုအခြားအမျိုးသမီးသုံးဦး နဲ့ မျှဝေရန် အမှန်တကယ် ဂုဏ်ယူခဲ့တာပါ ။
အနည်းငယ်တော့ ထူးဆန်းနေမိပါတယ် ။ ထိုင်းနိုင်ငံမှ Waraphon Pruksawan အမည်ရှိ ဇနီးသည်တစ်ဦးဟာ သူမရဲ့မိသားစုဓာတ်ပုံတွေကို သူမရဲ့ Facebook အကောင့်မှာ ပျော်ရွှင်စွာ ဝေမျှခဲ့ပါတယ် ။
အင်တာနက်ပေါ်မှ လူအများစုက တစ်စုံတစ်ယောက်ဟာ သူတို့ရဲ့ ခင်ပွန်းကို အခြားအမျိုးသမီးများနဲ့ အလွယ်တကူ ဝေမျှနိုင်လိမ့်မယ်ဆိုတာကို မယုံနိုင်တာကြောင့် ဓာတ်ပုံတွေ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ် ။
Pruksawan က ပထမဇနီးဖြစ်ပြီး ၎င်းဟည သူမရဲ့ ခင်ပွန်းကို ဇနီးမယားများများထားဖို့ သူမကဘဲ တွန်းအားပေးခဲ့တာပါ ။ Pruksawan ဟာ သူမရဲ့ခင်ပွန်းက သူမနောက်ကွယ်မှာဆို မဟုတ်တဲ့ကိစ္စတွေ တစ်ခါမှ မလုပ်ဖူးပါဘူး ။ အခုဟာ မယားအများကြီးထားတာကလည်း ပထမဇနီးဖြစ်တဲ့ Pruksawan ရဲ့ သူမထံမှ ခွင့်ပြုချက်နဲ့ ထားခဲ့တာပါလို့ ခင်ပွန်းဖြစ်သူက ဆိုခဲ့ပါတယ် ။
ခင်ပွန်းအတွက် မယားအများကြီးထားခိုင်းတာက သူမဟာ မိသားစုကြီးတစ်ခုလိုချင်ပြီး သူမရဲ့ခင်ပွန်းလည်း ထိုနည်းတူခံစားရချင်ခဲ့တာကြောင့် ဖြစ်ပါတယ် ။
netizen များစွာက ထိုပုံမမှန်တဲ့အစီအစဉ်ကို အားလုံးအတွက် ရှုပ်ထွေးပြီး ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်လာမာကို စိုးရိမ်သော်လည်း Pruksawan က သူမတကယ် စိတ်မဝင်စားဘူးလို့ ပြောကြားခဲ့ပါတယ် ။ သူမက ထိုရှုပ်ထွေးတဲ့ ဆက်ဆံရေးရဲ့စိန်ခေါ်မှုများကို လွယ်ကူစွာကိုင်တွယ်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ် ။
Zawgyi