ဗဟုသုတ

အာရုံကြော အားနည်းသူများနှင့်ဆီချို ၊သွေးချို သမားများအတွက် အလွန်အသုံးဝင်တဲ့ ” အောင်မဲညို “

အာရုံကြော အားနည်းသူများနှင့်ဆီချို ၊သွေးချို သမားများအတွက် အလွန်အသုံးဝင်တဲ့ ” အောင်မဲညို “

မျက်မှန် ပါဝါရှိသူ၊အာရုံကြော အားနည်းသူနှင့် ဆီချို၊သွေးချို သမားများအတွက် ” အောင်မဲညို ” ( ကိုယ်တွေ့ မျှဝေခြင်းပါ )

အောင်မဲညိုပန်း ( အခြောက် ) သောက်လာတာ ၃ လောက်နေတော့ ဘယ်ဘက်မျက်လုံးမှာ တွေ့တွေ့ နေရတဲ့ တိမ်လိုလို ငှက်မွှေးလိုလိုလေး ပျောက်သွား ခဲ့ပါတယ်…

မျက်စိဆရာဝန်က သောက်ခိုင်းတဲ့ ဆေး ၆ လ ၂ ကြိမ် သောက်တာတောင် မပျောက်ခဲ့ပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆေးသောက်တာပါ ။ ခွဲရမှာကြောက်ပြီး ဆေးခန်းပြန်မပြမိတော့ဘူ။ ဆေးသောက်လို့ မပျောက်ရင်တော့ ခွဲရမယ်လို့ ပြောခဲ့ပါတယ်။ခုတော့ ခွဲစရာမလို အိုကေပြီလေ။( လဘက်ခြောက်နဲ့ ရောပြီး နေ့စဉ် သောက်ပါ)

အောင်မဲညို ဆိုတာ ဆေးဖက်ဝင်တဲ့ အပြာရောင် ပန်းပွင့်လေးပါ ။ ဒီ အောင်မဲညို ပန်းခြောက်လေး ၄/ ၅ ပွင့်ကို ရေနွေးကြမ်းထဲ ခပ်သောက်ပြီး ၂ လ ၊ ၃ လ အကြာမှာ မျက်မှန်ပါဝါ ရှိသူတွေ မျက်မှန်ကျွတ်ပြီး စာတွေ ဖတ်နိုင်လာတယ်။

မွဲခြောက်ခြောက် အသားအရေကနေ စိုပြည်ဝင်းလက်လာသူတွေ ။ အာရုံကြောအားနည်းသူတွေ၊ မျက်ရိုးခဏခဏ ကိုက်သူတွေ ။ ဆံပင်ဖြူ တွေ ပြန်နက်လာ သူတွေ။ ဆီချို ၊ သွေးချို သမားများ ရောဂါ သက်သာလာတာတွေတွေ့ရတော့။

ဒီအောင်မဲညို ပန်းလေးအကြောင်း နည်းနည်း ပြောပြချင်လာပါတယ်။

မြန်မာလို အခေါ် အောင်မဲညိုပန်းကို အင်္ဂလိပ်လို Butterfly Pea Flower လို့ခေါ်ပါတယ်။

ရာစုနှစ် တော်တော်များတည်းက အရှေ့တောင်အာရှ မှာ စတင်အသုံးပြုနေခဲ့ပြီး အမေရိကန်မှာတော့ အဲ့ချိန်တည်းက ဈေးကွက်ထဲကို တင်ပို့နိုင်ဖို့ စတင် ကြိုးပမ်းနေခဲ့ပြီ ဖြစ်ပါတယ်။

ရေနွေးဖြူ ထဲကို အောင်မဲညိုပန်းခြောက် ၄ / ၅ ပွင့်လောက်ထည့် လိုက်ရင် လှပ ညှို့ယူဖမ်းစားနိုင်တဲ့ အရောင်အဆင်း၊ အရည်အသွေးရှိပြီး ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ အပြာရောင် အောင်မဲညို ရေနွေးကြမ်းကို ရရှိမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးပြုပုံ

အင်တာနက် မှ ဂရင်းဘလန်ဒါ က ဖော်ပြထားတဲ့ သုတေသနတွေအရ အောင်မဲညို ရေနွေးကြမ်း ဟာဆိုရင် Antioxidants အပြည့်အ၀ ဖြစ်ပါတယ်။

သကြား မော်လီကျူး တစ်ခုဝင်ရောက်လာခြင်းကြောင့် ဖြစ်ရတဲ့ ပရိုတိန်း ပျက်စီးဆုံးရှုံးမှု (glycation) ကို ဆန့်ကျင်တိုက်ဖျက် ပေးပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင် အိုမင်းမှု အရေပြား ရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆီးချို၊ သွေးချို ရောဂါများအတွက်လည်း အထူး သောက်သုံးရန် သင့်လျော်ပါတယ်။

ဒါ့အပြင် မျက်စိနှင့် အာရုံကြောဆိုင်ရာ ကောင်းမွန်စေခြင်း ။ မျက်စိမှုံခြင်း ၊မျက်စိတိမ်ကွယ်တာ ၊ကျောက်ကပ် ၊ နှလုံးရောဂါရှိသူတွေ ၊သွေးတိုးရောဂါ ရှိသူများ ၊ ခေါင်းကိုက်တတ်သူများ ၊အစာအိမ်ရောဂါရှိသူများ ၊ ပုံမှန် အစွဲသောက်ခြင်းဖြင့် ခန္ဒာကိုယ်တွင်း ရောဂါကင်း၍ ကျမ္မာသန်စွမ်းစေခြင်း ။ ဆံပင်ကို ပြန်လည်၍ နက်မှောင် သန်စွမ်းစေခြင်း။

ကလေးငယ်များ မျက်ခုံးမွှေးမသန်ခြင်း ၊ ဆံပင်မသန်ခြင်းများ အတွက်လည်း အောင်မဲညို ရေနွေးကြမ်းအရည် အနည်းငယ်နှင့် မျက်ခုံး ၊ ဦးရေပြားများကို ပွတ်သပ်ပေးခြင်းဖြင့် ဆံပင် ၊ မျက်ခုံးမွှေး သန်စွမ်းစေခြင်းဖြင့် ဓာတုဆေးဝါးမပါဘဲ သဘာဝအတိုင်း ကုသပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။