ဗဟုသုတ

ခေါင်းတစ်ခြမ်းကိုက်သူများ သိထားသင့်သော အချက်အလက်များ

ဦးနှောက်ထဲတွင် ထူးကဲသော ပြောင်းလဲမှုများကြောင့် ခေါင်းတစ် ခြမ်းကိုက်မှု ဖြစ်ပွားသည်။ ယင်းအခြေအနေကြောင့် မခံရပ်နိုင်သော ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့်အတူ မူးဝေအော့အန်ခြင်းလည်း ဖြစ်နိုင်ကာ နာရီပေါင်းများစွာအထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံ ရက်အနည်းငယ်အထိ ခံစားရနိုင်သည်။

ဦးနှောက်ထဲတွင် သွေးစီးဆင်းမှုနှင့် အာရုံကြောများ ခေတ္တအပြောင်းအလဲဖြစ်ခြင်းကြောင့် မူမမှန်သော လုပ်ဆောင်မှုများ ဖြစ် ပေါ်ကာ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်သည်။

ယင်းဝေဒနာ ဖြစ်ပွားစေသော အကြောင်းရင်းများစွာရှိပြီးဓာတ်မတည့်ခြင်း၊ အားနည်းပင်ပန်းခြင်း၊ အိပ်စက်မှုမရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီး၍ အစာမစားဘဲနေခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်သောက်ခြင်းနှင့် ဆေးဝါးများ သုံးစွဲရခြင်းတို့ကြောင့် ခေါင်းတစ်ခြမ်းကိုက်နိုင်သည်။

အချို့လူများသည် မိသားစုရာဇဝင်၊ အသက်အရွယ်နှင့် ကျား၊ မ ကွာခြားမှု၊ ဟော်မုန်းပြောင်းလဲမှုများကြောင့် ခေါင်းတစ် ခြမ်းကိုက်ဝေဒနာ ခံစားရနိုင်သည်။

ပတ်ဝန်းကျင် အပူချိန်မြင့်မားခြင်း၊ အလင်းရောင် များလွန်း ခြင်း၊ စိုုထိုင်းဆမြင့်မားခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်သည်။အစာမစားဘဲနေခြင်း၊ အစာမစားဘဲ မကြာခဏနေခြင်းနှင့် ချိစ်၊ ချောကလက်နှင့် အခြားသော အစားအစာအချို့အပါအဝင် ကျန်းမာရေးနှင့်မညီသော စားသောက်ပုံကြောင့် ခေါင်းတစ်ခြမ်း ကိုက်နိုင်သည်။

ယင်းဝေဒနာကို ကာကွယ်ရေး ဖြစ်ပေါ်စေသော အကြောင်း အရင်းကို ဖော်ထုတ်ရန်ဖြစ်ပြီး အိပ်ရေးဝဝအိပ်စက်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။ထို့အပြင် သွေးထဲရှိ သကြားပါဝင်မှုပမာဏကို ထိန်းသိမ်းရန် လိုပြီး ရေလုံလုံလောက်လောက်သောက်သုံးရန် လိုအပ်သည်။

ခေါင်းတစ်ခြမ်းကိုက်သူများ သိထားသင့်သော အချက်အလက်များ

ဦးနှောက်ထဲတွင် ထူးကဲသော ပြောင်းလဲမှုများကြောင့် ခေါင်းတစ် ခြမ်းကိုက်မှု ဖြစ်ပွားသည်။ ယင်းအခြေအနေကြောင့် မခံရပ်နိုင်သော ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့်အတူ မူးဝေအော့အန်ခြင်းလည်း ဖြစ်နိုင်ကာ နာရီပေါင်းများစွာအထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံ ရက်အနည်းငယ်အထိ ခံစားရနိုင်သည်။

ဦးနှောက်ထဲတွင် သွေးစီးဆင်းမှုနှင့် အာရုံကြောများ ခေတ္တအပြောင်းအလဲဖြစ်ခြင်းကြောင့် မူမမှန်သော လုပ်ဆောင်မှုများ ဖြစ် ပေါ်ကာ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်သည်။

ယင်းဝေဒနာ ဖြစ်ပွားစေသော အကြောင်းရင်းများစွာရှိပြီးဓာတ်မတည့်ခြင်း၊ အားနည်းပင်ပန်းခြင်း၊ အိပ်စက်မှုမရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီး၍ အစာမစားဘဲနေခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်သောက်ခြင်းနှင့် ဆေးဝါးများ သုံးစွဲရခြင်းတို့ကြောင့် ခေါင်းတစ်ခြမ်းကိုက်နိုင်သည်။

အချို့လူများသည် မိသားစုရာဇဝင်၊ အသက်အရွယ်နှင့် ကျား၊ မ ကွာခြားမှု၊ ဟော်မုန်းပြောင်းလဲမှုများကြောင့် ခေါင်းတစ် ခြမ်းကိုက်ဝေဒနာ ခံစားရနိုင်သည်။

ပတ်ဝန်းကျင် အပူချိန်မြင့်မားခြင်း၊ အလင်းရောင် များလွန်း ခြင်း၊ စိုထိုင်းဆမြင့်မားခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်သည်။အစာမစားဘဲနေခြင်း၊ အစာမစားဘဲ မကြာခဏနေခြင်းနှင့် ချိစ်၊ ချောကလက်နှင့် အခြားသော အစားအစာအချို့အပါအဝင် ကျန်းမာရေးနှင့်မညီသော စားသောက်ပုံကြောင့် ခေါင်းတစ်ခြမ်း ကိုက်နိုင်သည်။