ဗဟုသုတ

ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ အိမ်မှာဖြတ်သန်းနေရပုံလေးကို တင်ပေးလာတဲ့ မေတိုးခိုင်

ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ အိမ်မှာဖြတ်သန်းနေရပုံလေးကို တင်ပေးလာတဲ့ မေတိုးခိုင်

ပရိတ်သတ်ကြီရေ….သရုပ်ဆောင် မေတိုးခိုင်ကတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံရပြီး မကြာခင်မှာဘဲ ဖမ်းဆီးထိန်းသိမ် းခံခဲ့ရတာ ဖြစ်ပါတယ်။

သူမဟာ အကျဉ်းထောင်ထဲတွင်နှစ်လကြာ နေထိုင်ခဲ့ရပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အထဲတွင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မေတိုးခိုင်ပါဝင်ခဲ့ပေမယ့်လည်း သူ့ရဲ့အဒေါ်ဖြစ်တဲ့ အူဝဲတို့ ဇနီးမောင် နှံကတော့ အခုထိ မလွတ်မြောက်သေးပါဘူးနော်။

အခုလို ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် အနုပညာအသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများနဲ့ မေတိုးခိုင်ကို ချစ်ကြတဲ့ ပရိသတ်များအားလုံးဝမ်းသာပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်ကနေ အချိန်အကြာပြီး ပျောက်ကွယ်နေတတ်ပြီး တစ်ခါတစ်ခါမှာတော့ Instagram မှာသူမရဲ့လက်ရှိပုံလေးကိုတင်ပေးလာတာကြောင့်လည်း ပရိသတ်တွေကအလွမ်းပြေနေတာ ဖြစ်ပါတယ်နော်..

သူမကလည်း ဒီကာလမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးခဲ့ကြသူများအား လုံးကို ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေးလည်း ဂရုစိုက်ကြဖို့ ရေးသားထားတာ ဖြစ်ပြီး ထောင်ကထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် နေခဲ့ပါတယ်တဲ့နော်။

ဒီကာအတွင်း နေထိုင်ခဲ့ပုံတွေကို Vlog လေးရိုက်ကူးထားပြီး မေတိုးခိုင်ရဲ့ YouTube Channel မှာ တင်ပေးလာပါ တယ်နော်။မေတိုးခိုင်ဟာ ထောင်ထဲမှာ ခံစားခဲ့ရတာတွေ အရမ်းများလွန်းတာကြောင့် ဒဏ်ရာတွေကို ကုစားဖို့ အိမ်ထဲကနေအပြင်တောင် မထွက်ဘဲ နေထိုင်ခဲ့ပါတယ်နော်။

သူမရဲ့စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားရင်း သူမကိုယ်တိုင်ဘယ်လိုတွေရပ်တည်နေတယ်ဆိုတာကို ပရိသတ်ကြီးလည်း ကြည့်ပြီးမေတိုးခိုင်လေးအတွက် အားပေးစကားလေး ပြောပေးပါအုံးနော်..

Zawgyi

ေထာင္ကထြက္လာၿပီးေနာက္ပိုင္းမွာ အိမ္မွာျဖတ္သန္းေနရပုံေလးကို တင္ေပးလာတဲ့ ေမတိုးခိုင္

ပရိတ္သတ္ႀကီေရ….သ႐ုပ္ေဆာင္ ေမတိုးခိုင္ကေတာ့ လက္ရွိျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့အတြက္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူခံရၿပီး မၾကာခင္မွာဘဲ ဖမ္းဆီးထိန္းသိမ္ းခံခဲ့ရတာ ျဖစ္ပါတယ္။

သူမဟာ အက်ဥ္းေထာင္ထဲတြင္ႏွစ္လၾကာ ေနထိုင္ခဲ့ရၿပီးေနာက္ပိုင္း လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လႊတ္ေပးတဲ့အထဲတြင္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲမွာ ေမတိုးခိုင္ပါဝင္ခဲ့ေပမယ့္လည္း သူ႔ရဲ႕အေဒၚျဖစ္တဲ့ အူဝဲတို႔ ဇနီးေမာင္ ႏွံကေတာ့ အခုထိ မလြတ္ေျမာက္ေသးပါဘူးေနာ္။

အခုလို ျပန္လည္လြတ္ေျမာက္လာခဲ့တဲ့အတြက္ အႏုပညာအသိုင္းအဝိုင္းမွ ညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ ေမတိုးခိုင္ကို ခ်စ္ၾကတဲ့ ပရိသတ္မ်ားအားလုံးဝမ္းသာေပ်ာ္႐ႊင္ခဲ့ၾကတာ ျဖစ္ပါတယ္။

လူမႈကြန္ယက္ေပၚကေန အခ်ိန္အၾကာၿပီး ေပ်ာက္ကြယ္ေနတတ္ၿပီး တစ္ခါတစ္ခါမွာေတာ့ Instagram မွာသူမရဲ႕လက္ရွိပုံေလးကိုတင္ေပးလာတာေၾကာင့္လည္း ပရိသတ္ေတြကအလြမ္းေျပေနတာ ျဖစ္ပါတယ္ေနာ္..

သူမကလည္း ဒီကာလမွာ ခ်စ္ျခင္းေမတၱာေတြနဲ႔ ကူညီေပးခဲ့ၾကသူမ်ားအား လုံးကို ေက်းဇူးတင္ေၾကာင္းနဲ႔ က်န္းမာေရးလည္း ဂ႐ုစိုက္ၾကဖို႔ ေရးသားထားတာ ျဖစ္ၿပီး ေထာင္ကထြက္လာၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြ ရွိခဲ့တာေၾကာင့္ အတတ္ႏိုင္ဆုံး စိတ္တည္ၿငိမ္ေအာင္ ေနခဲ့ပါတယ္တဲ့ေနာ္။

ဒီကာအတြင္း ေနထိုင္ခဲ့ပုံေတြကို Vlog ေလး႐ိုက္ကူးထားၿပီး ေမတိုးခိုင္ရဲ႕ YouTube Channel မွာ တင္ေပးလာပါ တယ္ေနာ္။ေမတိုးခိုင္ဟာ ေထာင္ထဲမွာ ခံစားခဲ့ရတာေတြ အရမ္းမ်ားလြန္းတာေၾကာင့္ ဒဏ္ရာေတြကို ကုစားဖို႔ အိမ္ထဲကေနအျပင္ေတာင္ မထြက္ဘဲ ေနထိုင္ခဲ့ပါတယ္ေနာ္။

သူမရဲ႕စိတ္ဒဏ္ရာေတြကို ျပန္လည္ကုစားရင္း သူမကိုယ္တိုင္ဘယ္လိုေတြရပ္တည္ေနတယ္ဆိုတာကို ပရိသတ္ႀကီးလည္း ၾကည့္ၿပီးေမတိုးခိုင္ေလးအတြက္ အားေပးစကားေလး ေျပာေပးပါအုံးေနာ္..