ဗဟုသုတ

မျက်နှာ အရေပြား နဲ့ ဆံသားကို လှပအောင် ပြုလုပ်နည်း

မျက်နှာ အရေပြား နဲ့ ဆံသားကို လှပအောင် ဆန်မှုန့် တိုနာ ပြုလုပ်နည်း

ဆိုင်တွေမှာ ငွေကြေးအကုန်အကျခံပြီး မျက်နှာ အသားအရေကို ကုသနေမယ့်အစား ကိုယ့်အိမ်မှာပဲ မျက်နှာအသားအရေကို ဂရုစိုက်နိုင်ဖို့အတွက် ဒီနည်းလမ်းလေးကို ဖော်ပြလိုက်ရပါတယ်။

ဆန်မှုန့်တိုနာက ဝက်ခြံ၊ အမာရွတ် နေလောင်ကွက် တွေနဲ့ အရေးအကြောင်းတွေကို ပျောက်ကင်းစေနိုင် ပါတယ်။ sensitive ဖြစ်တဲ့အသားရေနဲ့လည်း အရမ်းကို သင့်တော်တယ်။

အဆီပြန်တဲ့အသားရေအတွက်လည်း ကောင်းမွန် သင့်တော်ပြီး လူတိုင်းနီးပါး လုပ်ကြည့်လို့ရတဲ့ နည်းပဲဖြစ်ပါတယ်။

ဆန်မှုန့်တိုနာလုပ်ဖို့ အတွက် ဆန်မှုန့်(၄) ဇွန်း နဲ့ ရှောက်ရည် (၃)ဇွန်းသာ လိုအပ်ပါတယ်။ ဆန်မှုန့် အနည်းငယ်ကို ယူပြီး ရေထဲသို့ ညလုံးပေါက်စိမ်ထားပါ။ (ဆန်မှုန့်သုံးရင် အစိမ်းကိုသာသုံးပါ။)

နောက်ရက်မှာ ဆန်ရေကို သီးသန့်စစ်ပြီး ပန်ကန်တခုထဲထည့်ပါ။ ဆန်ရေထဲကို ရှောက်ရည်ညှစ်ထဲ့ပါ။ အဆိုပါ အရည်ကို ဗူးတခုထဲထည့်ပြီး မျက်နှာကို ညစဉ် လိမ်းပေးပါ။ ဆန်ရေကို ဂွမ်းလုံးစနဲ့ စိမ်ပြီး မျက် နှာကို လိမ်းပါ။ ညစဉ်လိမ်းပြီး နာရီဝက်ခန့်ထားပါ။

ဆန်မှုန့်တိုနာရဲ့ အားသာချက်တွေကတော့ အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။ အသားဖြူစေပါတယ်။ ပါးရေတွန့်တာကို သိသိသာသာကာကွယ် ပေးတယ်။

ဆန်ဆေးရေက မျက်နှာအရေပြားအပြင် ဆံသားကိုပါ ကောင်းမွန်စေပါတယ်။

အဆိုပါ အရည်ကို မျက်နှာကိုလည်း လိမ်းပေးနိုင် သလို ဘောက်ထတဲ့ သူတွေအနေနဲ့လည်း ဦးရေပြားကိုလိမ်းပြီး မိနစ် ၂၀ ခန့်ထားပြီးနောက် ခေါင်းလျှော်ခြင်းဖြင့်လည်း ဘောက်ကင်းစင်တဲ့ ဆံသားကို ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။

အားလုံးပဲ လှသထက် လှနိုင်ကြပါစေ။

Unicode

မျက်နှာ အရေပြား နဲ့ ဆံသားကို လှပအောင် ဆန်မှုန့် တိုနာ ပြုလုပ်နည်း

ဆိုင်တွေမှာ ငွေကြေးအကုန်အကျခံပြီး မျက်နှာ အသားအရေကို ကုသနေမယ့်အစား ကိုယ့်အိမ်မှာပဲ မျက်နှာအသားအရေကို ဂရုစိုက်နိုင်ဖို့အတွက် ဒီနည်းလမ်းလေးကို ဖော်ပြလိုက်ရပါတယ်။ ဆန်မှုန့်တိုနာက ဝက်ခြံ၊ အမာရွတ် နေလောင်ကွက်တွေနဲ့ အရေးအကြောင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ sensitive ဖြစ်တဲ့အသားရေနဲ့လည်း အရမ်းကို သင့်တော်တယ်။ အဆီပြန်တဲ့အသားရေအတွက်လည်း ကောင်းမွန် သင့်တော်ပြီး လူတိုင်းနီးပါး လုပ်ကြည့်လို့ရတဲ့ နည်းပဲဖြစ်ပါတယ်။

ဆန်မှုန့်တိုနာလုပ်ဖို့ အတွက် ဆန်မှုန့်(၄) ဇွန်း နဲ့ ရှောက်ရည် (၃)ဇွန်းသာ လိုအပ်ပါတယ်။ ဆန်မှုန့် အနည်းငယ်ကို ယူပြီး ရေထဲသို့ ညလုံးပေါက်စိမ်ထားပါ။ (ဆန်မှုန့်သုံးရင် အစိမ်းကိုသာသုံးပါ။) နောက်ရက်မှာ ဆန်ရေကို သီးသန့်စစ်ပြီး ပန်ကန်တခုထဲထည့်ပါ။ ဆန်ရေထဲကို ရှောက်ရည်ညှစ်ထဲ့ပါ။ အဆိုပါ အရည်ကို ဗူးတခုထဲထည့်ပြီး မျက်နှာကို ညစဉ် လိမ်းပေးပါ။ ဆန်ရေကို ဂွမ်းလုံးစနဲ့ စိမ်ပြီး မျက်နှာကို လိမ်းပါ။ ညစဉ်လိမ်းပြီး နာရီဝက်ခန့်ထားပါ။

ဆန်မှုန့်တိုနာရဲ့ အားသာချက်တွေကတော့ အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။ အသားဖြူစေပါတယ်။ ပါးရေတွန့်တာကို သိသိသာသာကာကွယ်ပေးတယ်။ ဆန်ဆေးရေက မျက်နှာအရေပြားအပြင် ဆံသားကိုပါ ကောင်းမွန်စေပါတယ်။ အဆိုပါ အရည်ကို မျက်နှာကိုလည်း လိမ်းပေးနိုင်သလို ဘောက်ထတဲ့ သူတွေအနေနဲ့လည်း ဦးရေပြားကိုလိမ်းပြီး မိနစ် ၂၀ ခန့်ထားပြီးနောက် ခေါင်းလျှော်ခြင်းဖြင့်လည်း ဘောက်ကင်းစင်တဲ့ ဆံသားကို ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။

အားလုံးပဲ လှသထက် လှနိုင်ကြပါစေ။