ဗဟုသုတ

ပရိတ်သတ်တွေအတွက် ရေစပ်ထားတဲ့ကဗျာလေးတစ်ပုဒ်ကို သူ့ရဲ့ရှေ့နေကတစ်ဆင့် ပေးလိုက်တဲ့ ပိုင်တံခွန်

ပရိတ်သတ်ကြီးရေ……နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောပိုင်တံခွန်ဟာဆိုရင် ပြည်တွင်းမှာတင်မကပဲပြည်ပနိုင်ငံတွေအထိပါထိုးဖောအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။

ဆွဲဆောင်မှုရှိတဲ့ ပိုင်တံခွန်ဟာ မိန်းကလေးပရိတ်သတ်တွေတင်အားပေးကြမ်းတာမဟုတ်ပဲ ယောကျာ်းလေးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ စိတ်ထားဖြူစင်လွန်ပြီးဖော်ရွေတတ်တဲ့ သူရဲ့အမူအကျင့်လေးတွေက ပရိတ်သတ်ကိုထူးခြားစွာဆွဲဆောင်နေတာလည်းဖြစ်ပါတယ်နော်။

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပိုင်တံခွန်က ရှေ့ဆုံးကနေ ပြည်သူလူထုနဲ့အတုူတက်ကြွစွာ ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့် တရားစွဲခံရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်..။

ဒီတစ်ခါမှာဆိုရင်လည်း ပိုင်တံခွန်က (၆)လပိုင်း (၁၃)ရက်နေ့ရုံးချိန်မှာ သူ့ရဲ့ရှေ့နေကတစ်ဆင့် သူချစ်တဲ့ပရိတ်သတ်တွေအတွက် ရည်ရွယ်ပြီး ကဗျာလေဒတစ်ပုဒ်ရေးစပ်သီကုံးပြီး ပေးခဲ့တဲ့အကြောင်းကို ပိုင်တံခွန်ရဲ့အမက ကဗျာလေးကိုပြသရင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။

၁၃.၆.၂၀၂၁ ရုံးချိန်းတုန်းက သူ့ရှေ့နေကတဆင့် သူချစ်တဲ့ပရိတ်သတ်ကြီးအတွက် ရည်ရွယ်ပြီး ရေးသွားပေးတဲ့ကဗျာလေးပါ “ဆိပ်ကမ်းတွေကို တန်ဖိုးထားတတ်တဲ့ လှေငယ်လေး တစ်စီးရှိတယ်…အခုချိန်မှာတော့ အဲ့လှေငယ်လေးဟာ သမုဒ္ဒရာထဲ ရွက်လွှင့်နေရရှာတယ်…ရာသီဥတု နဲ့ ရေလှိုင်းတွေကြောင့်ဆိပ်ကမ်းပါးလေးတွေ ကျန်းကျန်းမာမာနေပေးဖို့လဲ သူမျှော်လင့်နေရှာတယ်…..

ဘာဖြစ်ဖြစ် အခုချိန်မှာ သမုဒ္ဒရာထဲ မျောလွင့်ရင်းကမ်းကပ်ခဲ့တဲ့ အချိန်လေးတွေကိုစိတ်လိုလက်ရလွမ်းနေတတ်တဲ့ ကမ်းမမြင် လမ်းမမြင် လှေငယ်လေးတစ်စီးဟာ ကျွန်တော်ကိုယ်တိုင်ပါပဲ…..လွမ်းတတ်ခဲ့ပြီဗျာ… ပိုင်တံခွန်” ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။

ပရိတ်သတ်ကြီးလည်း ပိုင်တံခွန်ရေးသားထားတဲ့ အဓိပ္ပါယ်ရှိလွန်းလှတဲ့ကဗျာလေးကိုဖတ်ရှုရင်း ရင်ထဲမှာကျန်ခဲ့တဲ့ခံစားချက်လေးကိုလည်းပြောခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်..။