ထူးထူးဆန်းဆန်း ပုလင်းပုံစံနဲ့ ပေါက်ရောက်လေ့ရှိပြီး သက်ရှိများအတွက် အဆိပ်ရှိတဲ့ အပင် အကြောင်း
ဒီတစ်ခါမှာတော့ထူးထူးခြားခြားပေါက်ရောက်နေတဲ့ပုလင်းပုံသစ်ပင်များအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာသစ်ပင်မရှိတဲ့ နိုင်ငံဆိုပြီး လုံးဝမရှိေပမယ့်လည်း ထူးဆန်းစွာပေါက်ရောက်နေတဲ့သစ်ပင်ဆိုတာတော့နိုင်ငံတိုင်းမရှိနိုင်ပါဘူး။
အဲ့ထဲကမှနမ်မီးဘီးယား နိုင်ငံဟာလည်း ပုံမှန်မဟုတ်ပဲ ထူးဆန်းစွာပေါက်ရောက်နေတဲ့ ပုလင်းပုံ သစ်ပင်များဖြင့် နာမည်ကျော် လူသိများကြပါတယ်။
နမ်မီးဘီးယားနိုင်ငံက ထူးခြားပြီး ပုလင်းပုံဖြစ်နေတဲ့ သစ်ပင်များဟာ ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိ သတ္တဝါ များအား အသက် သေစေနိုင်တဲ့ အထိအန္တရာယ်ကြီးမားတဲ့အပင်မျိုးစိတ်တစ်ခုအဖြစ်ထင်ရှားလှပါတယ်။
အပင်ကထွက်ရှိလာတဲ့နို့နှစ်ရောင်သစ်စေးကအဆိပ်ပြင်းထန်တာကြောင့် ရှေးယခင် ကာလများတွင် ချုံခို တိုက်ခိုက်သူများက မြားဆိပ် အဖြစ် အသုံးပြုခဲ့ကြတယ်လို့ သိရှိရပါတယ်။
အပင်များဟာပုလင်းပုံများနှင့်တူနေတာကြောင့်ပုလင်းပင်(BottleTree)ဟုခေါ်ဆိုသတ်မှတ်ကြတာဖြစ်ပါတယ်။
အဲ့အပင်များဟာနမ်မီးဘီးယား နိုင်ငံ ကန္တာရများအတွင်း တောင်တန်းဒေသများတွင် အများဆုံး ပေါက်ရောက်လေ့ရှိပါတယ်။
ပုလင်းပင်၏ အပွင့်များဟာ ထူးခြားစွာ လှပကြပြီး အပွင့်များရဲ့ အလယ်တွင် ပန်းရောင်၊အဖြူရောင်၊ အနီရင့်ရောင်များ ရှိကြပါတယ်။
Zawgyi
ထူးထူးဆန်းဆန်း ပုလင်းပုံစံနဲ့ ပေါက်ရောက်လေ့ရှိပြီး သက်ရှိများအတွက် အဆိပ်ရှိတဲ့ အပင် အကြောင်း
ဒီတစ်ခါမှာတော့ထူးထူးခြားခြားပေါက်ရောက်နေတဲ့ပုလင်းပုံသစ်ပင်များအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာသစ်ပင်မရှိတဲ့ နိုင်ငံဆိုပြီး လုံးဝမရှိပေမယ့်လည်း ထူးဆန်းစွာပေါက်ရောက်နေတဲ့သစ်ပင်ဆိုတာတော့နိုင်ငံတိုင်းမရှိနိုင်ပါဘူး။အဲ့ထဲကမှနမ်မီးဘီးယား နိုင်ငံဟာလည်း ပုံမှန်မဟုတ်ပဲ ထူးဆန်းစွာပေါက်ရောက်နေတဲ့ ပုလင်းပုံ သစ်ပင်များဖြင့် နာမည်ကျော် လူသိများကြပါတယ်။
နမ်မီးဘီးယားနိုင်ငံက ထူးခြားပြီး ပုလင်းပုံဖြစ်နေတဲ့ သစ်ပင်များဟာ ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိ သတ္တဝါ များအား အသက် သေစေနိုင်တဲ့ အထိအန္တရာယ်ကြီးမားတဲ့အပင်မျိုးစိတ်တစ်ခုအဖြစ်ထင်ရှားလှပါတယ်။
အပင်ကထွက်ရှိလာတဲ့နို့နှစ်ရောင်သစ်စေးကအဆိပ်ပြင်းထန်တာကြောင့် ရှေးယခင် ကာလများတွင် ချုံခို တိုက်ခိုက်သူများက မြားဆိပ် အဖြစ် အသုံးပြုခဲ့ကြတယ်လို့ သိရှိရပါတယ်။
အပင်များဟာပုလင်းပုံများနှင့်တူနေတာကြောင့်ပုလင်းပင်(BottleTree)ဟုခေါ်ဆိုသတ်မှတ်ကြတာဖြစ်ပါတယ်။
အဲ့အပင်များဟာနမ်မီးဘီးယား နိုင်ငံ ကန္တာရများအတွင်း တောင်တန်းဒေသများတွင် အများဆုံး ပေါက်ရောက်လေ့ရှိပါတယ်။ ပုလင်းပင်၏ အပွင့်များဟာ ထူးခြားစွာ လှပကြပြီး အပွင့်များရဲ့ အလယ်တွင် ပန်းရောင်၊အဖြူရောင်၊ အနီရင့်ရောင်များ ရှိကြပါတယ်။