ဗဟုသုတ

ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ရေခဲပုံးထဲထည့်ပြီး ဖြစ်ချင်သလို ဖြစ်ပျက်နေတာတွေကို ပြသလာတဲ့ ပြည်သူတစ်ဦး (ရုပ်သံ)

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းဟာ အတော်လေးကို ဆိုးရွားခဲ့ပြီး လူကြီးလူငယ်မရွေး အသက်ဆုံးရှုံးနေရတာကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရောဂါဖြစ်ပွားနှုန်းအနည်းငယ်ကျဆင်းလာပြီဖြစ်ပြီး သေဆုံးနှုန်းတွေလည်း လျော့လာပြီ ဖြစ်ပါတယ်။

မြို့နယ်တိုင်းမှာလည်းကိုဗစ်ရောဂါကာကွယ်ဆေးတွေကို အသက်(၆၀) နှင့်အထက် ထိုးပေးနေပြီး အချို့ပြည်သူများမှာတော့ ပြည်ပကနေ မှောင်ခိုတင်သွင်းလာတဲ့ covidshield vaccine တွေကို ရှာဖွေဝယ်ယူနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှောင်ခိုဈေးကွက်ထဲ ရောက်ရှိနေတဲ့ covidshield တွေ ရာခိုင်နှုန်းတော်တော်များဟာ အတုတွေ ဖြစ်နေနိုင်ကြောင်း ဆရာဝန်တစ်ဦးရဲ့ လူမှုကွန်ယက်တွင် ရေးသားထားပါတယ်။

အခုလက်ရှိရောင်းနေတဲ့ covidshield တွေဟာ ရေခဲပုံးထဲ အလွယ်တကူထည့်ပြီး ရောင်းချနေကြတာ ဖြစ်ပါတယ်။

မှောင်ခိုရောင်းချနေသူများကလည်းဆေးထားသိုနည်းတွေကို ဂဂဃနမသိဘဲ တစ်ပုလင်းကို လူဆယ်ယောက်ထိုးနိုင်ကြောင်းကိုလည်း ဗီဒီယိုဖိုင်ထဲတွင်ပြောထားတာကို မြင်တွေ့ရပါတယ်။

ဆေးပညာလောကမှ တတ်သိနားလည်သူများရဲ့ ပြောကြားမှုတွေအရ မှောင်ခိုတင်သွင်းလာတဲ့ ဆေးတွေဟာအန္တရာယ်များလွန်းကြောင်း သိရပါတယ်။

COVID chain ဆိုတဲ့ အဓိပ္ပာယ်ဟာ ဆေးကိုစပြီး ထုတ်လုပ်လိုက်တဲ့စက်ရုံကစပြီး နောက်ဆုံးလူနာဆီရောက်တဲ့အထိ ကြားထဲက သယ်ယူပို့ဆောင်ထားသိုတဲ့ အဆင့်ဆင့်တိုင်းမှာ သူသတ်မှတ်ထားတဲ့ အပူချိန်အတိုင်း မပြတ်ထားရတဲ့ စနစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။

တစ်လျှောက်လုံးမှာလဲtemperature record ဆိုတာရှိရမှာဖြစ်ပြီး လက်လွှဲပြောင်းယူတဲ့ အဆင့်ဆင့်တိုင်းမှာ temperature record ကောင်းလားဆိုတာ စစ်ဆေးပြီးမှသာ လက်ခံကြရတာ ဖြစ်ပါတယ်။

ပရိသတ်တွေ ဗဟုသုတအဖြစ် ကြည့်ရှုနိုင်စေဖို့ ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ရေခဲပုံးထဲထည့်ပြီး ဖြစ်သလိုရောင်းချနေတာကို ဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက် ရပါတယ်။

(Zawgyi)

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းဟာ အတော်လေးကို ဆိုးရွားခဲ့ပြီး လူကြီးလူငယ်မရွေး အသက်ဆုံးရှုံးနေရတာကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရောဂါဖြစ်ပွားနှုန်းအနည်းငယ်ကျဆင်းလာပြီဖြစ်ပြီး သေဆုံးနှုန်းတွေလည်း လျော့လာပြီ ဖြစ်ပါတယ်။

မြို့နယ်တိုင်းမှာလည်းကိုဗစ်ရောဂါကာကွယ်ဆေးတွေကို အသက်(၆၀) နှင့်အထက် ထိုးပေးနေပြီး အချို့ပြည်သူများမှာတော့ ပြည်ပကနေ မှောင်ခိုတင်သွင်းလာတဲ့ covidshield vaccine တွေကို ရှာဖွေဝယ်ယူနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှောင်ခိုဈေးကွက်ထဲ ရောက်ရှိနေတဲ့ covidshield တွေ ရာခိုင်နှုန်းတော်တော်များဟာအတုတွေ ဖြစ်နေနိုင်ကြောင်း ဆရာဝန်တစ်ဦးရဲ့ လူမှုကွန်ယက်တွင် ရေးသားထားပါတယ်။

အခုလက်ရှိရောင်းနေတဲ့ covidshield တွေဟာ ရေခဲပုံးထဲ အလွယ်တကူထည့်ပြီး ရောင်းချနေကြတာ ဖြစ်ပါတယ်။

မှောင်ခိုရောင်းချနေသူများကလည်းဆေးထားသိုနည်းတွေကို ဂဂဃနမသိဘဲ တစ်ပုလင်းကို လူဆယ်ယောက်ထိုးနိုင်ကြောင်းကိုလည်း ဗီဒီယိုဖိုင်ထဲတွင်ပြောထားတာကို မြင်တွေ့ရပါတယ်။

ဆေးပညာလောကမှ တတ်သိနားလည်သူများရဲ့ ပြောကြားမှုတွေအရ မှောင်ခိုတင်သွင်းလာတဲ့ ဆေးတွေဟာအန္တရာယ်များလွန်းကြောင်း သိရပါတယ်။

COVID chain ဆိုတဲ့ အဓိပ္ပာယ်ဟာ ဆေးကိုစပြီး ထုတ်လုပ်လိုက်တဲ့စက်ရုံကစပြီး နောက်ဆုံးလူနာဆီရောက်တဲ့အထိ ကြားထဲက သယ်ယူပို့ဆောင်ထားသိုတဲ့ အဆင့်ဆင့်တိုင်းမှာ သူသတ်မှတ်ထားတဲ့ အပူချိန်အတိုင်း မပြတ်ထားရတဲ့ စနစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။

တစ်လျှောက်လုံးမှာလဲtemperature record ဆိုတာရှိရမှာဖြစ်ပြီး လက်လွှဲပြောင်းယူတဲ့အဆင့်ဆင့်တိုင်းမှာ temperature record ကောင်းလားဆိုတာ စစ်ဆေးပြီးမှသာ လက်ခံကြရတာ ဖြစ်ပါတယ်။