ဗဟုသုတ

တစ်နေ့လုပ်မှ တစ်နေ့စားရပြီး အားရှိအောင်ကြက်ပေါင်းစားဖို့ မတတ်နိုင်တဲ့ အဘိုး၊ အဘွားတွေကို Surprise လုပ်လိုက်တဲ့ကြတဲ့အဖွဲ့လေး

လက်ရှိမှာ မိုးရာသီလည်းဖြစ်လို့ ရာသီတုတ်ကွေးလည်းဖြစ်ကြသလို ကိုဗစ်တတိယလှိုင်းကြောင့်လည်း နေမကောင်းကြသူတွေအများအပြားရှိကြပါတယ်။

ဆရာဝန်တွေကလည်း လူနာတွေအတွက် ဆေးအညွှန်းတွေနဲ့ နေထိုင်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာဝန်တွေ အဓိကတိုက်တွန်းတာကတော့ နေမကောင်းဖြစ်ရင် ခုခံအားကောင်းအောင် အဟာရပြည့်ဝစွာစားသောက်ဖို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေက ငှက်သိုက်အပြင် ကြက်ပေါင်း၊ကြက်ဥ နဲ့ တခြားအစားအသောက်တွေကို ချက်ပြုတ်စားသောက်ကြတာဖြစ်ပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ အဟာရပြည့်ဝစွာစားသောက်နေထိုင်နိုင်ပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတွေခမျာ တစ်နပ်စာအတွက်တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် စေတနာရှင်လူငယ်လေးတစ်ဦးဆိုရင် အဟာရပြည့်ဝစေမယ့်ကြက်ပေါင်းလေးလုပ်ပြီး အဘိုး၊အဘွားတွေကို ဝေငှခဲ့တာဖြစ်ပါတယ်။

လူငယ်လေးက အဘိုး၊အဘွားတွေကို “ကြက်ပေါင်းစားချင်လား”လို့ မေးပေမယ့် “စျေးကြီးလို့ မစားနိုင်ပါဘူး သားလေးရယ်”ဆိုပြီး အဘိုး၊အဘွားတွေက ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

အဘိုး၊အဘွားတွေ အံ့ဩပျော်ရွှင်သွားအောင်လို့ ကြက်ပေါင်းတစ်ယောက် တစ်ဘူးပေးခဲ့တာဖြစ်ပါတယ်။

အဘိုး၊အဘွားတွေကလည်း အိမ်ပြန်ရောက်ရင် မိသားစုနဲ့အတူစားလိုက်ပါမယ်ဆိုပြီး လူငယ်လေးကို အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

အခုလိုမျိုး အသက်အရွယ်နဲ့မမျှအောင် လုပ်ကိုင်စားသောက်နေရတဲ့ အဘိုး၊အဘွားတွေကို တတ်နိုင်သလောက်စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်မိပြီးပီတိဖြစ်စရာပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကြက်ပေါင်း Surprise 😍🐔😍🐔

အိမ်ပြန်ချိန်…ညနေခင်းလေး

အဖိုးတို့…အဖွားတို့… ကြက်ပေါင်း စားချင်လား ☺

စားချင်တာပေါ့…ဒါမဲ့ စျေးကြီးတယ်လေ

အဖွားတို့ အဖိုးတို့ တနေ့လုပ်မှ တနေစားရတာလေ…

မစားနိုင်ပါဘူး သားလေးရယ် 😔😥

ဟာ…စားချင်တယ်ဆို.. သား ကျွေးမှာပေါ့ဗျ

ရော့…ကြက်​ပေါင်း 😍😍

ကျေးဇူးအများကြီးတင်လိုက်တာ သားရယ်…

ည အိမ်ပြန်ရောက်ရင် မိသားစုလေးတွေနဲ့ စားလိုက်မယ်

တကယ် ကျေးဇူးတင်ပါတယ် သားလေးရယ် 🙏😍😍

•အော…ကျနော်တို့တွက် ဘာမှ မဟုတ်ပေမဲ့…

ဆင်းရဲနွမ်းပါးအဖိုးဖွား (10)ယောက် တဂ်တပြုံးပျော်သွားရင် ပျော်ပါပြီ 😍😍😍

ကိုပူတူးနှင့်ဘော်ဒါများ

(Zawgyi)

တစ်နေ့လုပ်မှတစ်နေ့စားရတာကြောင့် အားရှိအောင်ကြက်ပေါင်းစားဖို့ မတတ်နိုင်တဲ့ အဘိုး၊အဘွားတွေကိုSurprise လုပ်လိုက်တဲ့ စေတနာရှင်လူငယ်လေး

လက်ရှိမှာ မိုးရာသီလည်းဖြစ်လို့ ရာသီတုတ်ကွေးလည်းဖြစ်ကြသလို ကိုဗစ်တတိယလှိုင်းကြောင့်လည်း နေမကောင်းကြသူတွေအများအပြားရှိကြပါတယ်။

ဆရာဝန်တွေကလည်း လူနာတွေအတွက် ဆေးအညွှန်းတွေနဲ့ နေထိုင်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာဝန်တွေ အဓိကတိုက်တွန်းတာကတော့ နေမကောင်းဖြစ်ရင် ခုခံအားကောင်းအောင် အဟာရပြည့်ဝစွာစားသောက်ဖို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေက ငှက်သိုက်အပြင် ကြက်ပေါင်း၊ကြက်ဥ နဲ့ တခြားအစားအသောက်တွေကို ချက်ပြုတ်စားသောက်ကြတာဖြစ်ပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ အဟာရပြည့်ဝစွာစားသောက်နေထိုင်နိုင်ပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတွေခမျာ တစ်နပ်စာအတွက်တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် စေတနာရှင်လူငယ်လေးတစ်ဦးဆိုရင် အဟာရပြည့်ဝစေမယ့်ကြက်ပေါင်းလေးလုပ်ပြီး အဘိုး၊အဘွားတွေကို ဝေငှခဲ့တာဖြစ်ပါတယ်။

လူငယ်လေးက အဘိုး၊အဘွားတွေကို “ကြက်ပေါင်းစားချင်လား”လို့ မေးပေမယ့် “ဈေးကြီးလို့ မစားနိုင်ပါဘူး သားလေးရယ်”ဆိုပြီး အဘိုး၊အဘွားတွေက ပြန်ဖြေခဲ့တာဖြစ်ပါတယ်။

အဘိုး၊အဘွားတွေ အံ့ဩပျော်ရွှင်သွားအောင်လို့ ကြက်ပေါင်းတစ်ယောက် တစ်ဘူးပေးခဲ့တာဖြစ်ပါတယ်။

အဘိုး၊အဘွားတွေကလည်း အိမ်ပြန်ရောက်ရင် မိသားစုနဲ့အတူစားလိုက်ပါမယ်ဆိုပြီး လူငယ်လေးကို အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

အခုလိုမျိုး အသက်အရွယ်နဲ့မမျှအောင် လုပ်ကိုင်စားသောက်နေရတဲ့ အဘိုး၊အဘွားတွေကို တတ်နိုင်သလောက်စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်မိပြီး ပီတိဖြစ်စရာပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကြက်ပေါင်း Surprise 😍🐔😍🐔

အိမ်ပြန်ချိန်…ညနေခင်းလေး

အဖိုးတို့…အဖွားတို့… ကြက်ပေါင်း စားချင်လား ☺

စားချင်တာပေါ့…ဒါမဲ့ ဈေးကြီးတယ်လေ

အဖွားတို့ အဖိုးတို့ တနေ့လုပ်မှ တနေစားရတာလေ…

မစားနိုင်ပါဘူး သားလေးရယ် 😔😥

ဟာ…စားချင်တယ်ဆို.. သား ကျွေးမှာပေါ့ဗျ

ရော့…ကြက်ပေါင်း 😍😍