သရုပ်ဆောင် ခန့်စည်သူကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက် ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတတ်တာကြောင့် လိုအပ်တဲ့ နေရာတွေမှာ အမြဲလှူဒါန်းနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။
အလုပ်အကိုင်တွေ ရပ်နားထားရလို့ စားဝတ်နေရး အဆင်မပြေကြတဲ့ ပြည်သူတွေ အတွက်လည်း မိတ်ဆွေတွေနဲ့ စုပေါင်းပြီး အခြေခံစားသောက်ကုန်များ အလှူငွေများ မကြာခဏ လှူဒါန်းလျက်ရှိတာကို တွေ့ရပါတယ် ။ ဒါ့အပြင် ခုလို ကိုဗစ်ကာလမှာလည်း ဆေးရုံတွေမှာ လိုအပ်တာတွေ လှူဒါန်းလျက်ရှိပါတယ် ။
အခုလည်း အောက်ဆီဂျင်အိုးများသယ်ယူရာတွင် အသုံးပြုရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် အတွက် လိုအပ်နေသောAmbulance တစ်စီးအား လှူဒါန်းခဲ့ပြန်ပါတယ် ။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ အလှူလေးကို သာဓု ခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
-Zawgyi Font ဖြင့်ဖတ်ရန်-
အခုလို ကာလမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ရန် လိုအပ်နေတဲ့ လူနာတင်ယာဉ် တစ်စီးကို လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ
လေးစားစရာပါပဲ 🙏