News

“၄၄ လမ်းမှာ ကျဆုံးခဲ့တဲ့ မဝေဝေမြင့်ရဲ့ ရုပ်အလောင်းကို မီးသဂြိုဟ်ခွင့်ရခဲ့တဲ့ ခင်ပွန်းဖြစ်သူ ရေးတဲ့စာ”

မဝေဝေမြင့် ရဲ့ ကြွင်းကျန်တဲ့ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁၁ ရက် ညနေမှာ ရေဝေး သုသာန်မှာ မီးသဂြိုဟ်ခွင့်ရခဲ့ကြောင်း ခင်ပွန်း ဖြစ်သူက အခုလို ရေးသားထားပါတယ် ။

ကောင်းရာသုဂတိ ရောက်ရှိပါစေ😢😢😢🙏🙏🙏

“ဓာတ်ပုံရိုက်ခွင့်မရှိ။

အရိုးပြာကောက်ခွင့်မရှိလို့

ရသလောက်လေးတွေ မှတ်တမ်းတင်ခဲ့ပါတယ်။

ဘယ်ပန်းကို သဲလေးကြိုက်လဲမေးတုန်းက ကိုကို ကနှင်းဆီလို့ ဖြေခဲ့တာလေ။ ဘာလို့ဆို သဲက နှင်းဆီတွေ ခဏခဏ ဝယ်တာကိုး။

သဲကြိုက်တာ စံပါယ်လို့ပြောလို့ ကိုကို တော်တော် အံ့ဩသွားသေးတယ်။

အခုတော့ ကိုကိုက ကိုကို မသိတဲ့ ပန်းတပွင့်ကို သဲဝိညာဉ် အမှတ်တရ နဲ့ ယူလာခဲ့ရတယ်။ အဲပန်းလေးက သေးသေးလေးနဲ့ ချစ်စရာလေးနော်သဲ။😍😍
တဝင်းလုံး ပန်းပွင့်ကြီးကြီးလဲ မတွေ့ပါဘူးသဲရယ်။

သဲကလဲ ပန်းပွင့်ကြီးကြီးမှ မကြိုက်တာလေနော။

သဲလေး ကို အမြဲ အမှတ်ရနေမယ်နော်။

P.S ကျွန်တော့်သဲလေးကို နောက်ဆုံး အနမ်းလေး ပေးခွင့်ရအောင်ကူညီပေးတဲ့သူအားလုံးကို ကျေးဇူးပါနော်။ “ဆိုပြီး တင်ထားတာဖြစ်ပတယ်

ပရိတ်သတ်ကြီးလည်း မဝေဝေမြင့် အတက် ဆုတောင်းပေးသွးပါဦးနော်