အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ တပ်မတော်စစ်ဆေးရုံကုတင် (၁၀၀၀) (သိုက်ချောင်း) မှာ တက်ရောက် ဆေးကုသမှုခံယူနေပါတယ်။
နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးမှုပါထပ်လုပ်ထားတယ်လို့လည်း တပ်မတော်အရာရှိကြီးတစ်ဦးက သြဂုတ် ၁၁ ရက်နေ့လယ်ပိုင်းမှာ ဘီဘီစီကို အတည်ပြုပါတယ်။
ယမန်နေ့ ညနေပိုင်းတည်းက သူဆေးရုံတက်နေရကြောင်း သတင်းတွေထွက်လာပြီး ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလတွေပါ ထွက်ပေါ်လာခဲ့ပါသေးတယ်။
အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဦးသန်းရွှေဟာ ကျန်းမာရေးလိုက်စားပြီး အရက်သေစာတောင် သောက်စားမှုမရှိသူလို့ သူ့တပည့်တွေကပြောပါတယ်။
သူဟာ ၂၀၁၁ ခုနှစ်မှာ ရာထူးကအနားယူပြီးတဲ့နောက် ဆယ်စုနှစ်တစ်ခုအတွင်း လူမြင်ကွင်းမှာ တွေ့ရမှု နည်းပါးသူလည်း ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရအပြီး ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ နဲ့ တွေ့ဆုံခဲ့မှုက အနားယူပြီးတဲ့နောက် ရှားရှားပါးပါး နိုင်ငံရေးမှာပါဝင်ပတ်သက်မှုဖြစ်ပါတယ်။
တရုတ်နိုင်ငံ ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ တကာဆက်ဆံရေးဝန်ကြီး မစ္စတာဆုန့်ထောင်းရဲ့ ၂၀၁၆ ခုနှစ်က မြန်မာခရီးစဉ်အတွင်း နေပြည်တော်မှာ တွေ့ဆုံပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့မှုက ရှားပါးတဲ့ လူလုံးထွက်ပြမှုဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက သူ့သားမက် အငြိမ်းစား ဗိုလ်မှူးချုပ် သိန်းနိုင် ရဲ့ နာရေးကို လိုက်ပါပို့ဆောင်ပေးခဲ့ရာမှာလည်း တွေ့ခဲ့ရပါတယ်။
CRD BBC