၄၄လမ်းတိုက်ပေါ်က ခုန်ချသွားသော သူရဲကောင်းအာဇာနည် အမျိုးသမီး
Facebook အကောင့်နာမည် Wai Wai Myint (ပန်းသီး) ဟု သိရသူ အဆိုပါ အမျိုးသမီးတွင် ၃လ ကိုယ်ဝန်ဆောင်ထားကြောင်းလည်း သိရှိရသည်။
စိန် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ကြောင်းလည်း သိရှိရသလို ခင်ပွန်းဖြစ်သူ ဆရာဝန် နှင့် သမီးငယ်တဦး ကို ချန်ရစ်ခဲ့ပြီး အသက်စွန့်လွတ်သွားခဲ့သူဖြစ်သည်။
အခင်းဖြစ်ပွားချိန်တွင် လူငယ်များထံအလှူငွေလာရောက် လှူဒါန်းရင်း စစ်ကောင်စီ တပ်များ ရောက်လာကာ တိုက်ပေါ်မှ ခုန်ချ၍ အသက်စွန့်သွားခဲ့ကြောင်း သိရှိရပါသည်။
GenZ ကလေးတွေ PDF တွေကို ကူညီနေကျပါ။ မနေ့ကလဲ အိမ်လခ ပေးဖို့ ပိုက်ဆံ သွားပေးတုံး ဝင်စီးတာနဲ့ ကြုံလိုက်ရပါတယ်။ သမီးလေး တယောက် ကျန်ခဲ့ပါတယ်။ အမျိုးသားလုပ်သူက ညဘက်ကျမှ သူ့အမျိုးသမီး ပါနေကြောင်း သိခဲ့ရပါတယ်။
ကလေးတွေနဲ့ အတူ ကြယ်တပွင့် အဖြစ် မိုးပေါ်ကို လွင့်ပျံခဲ့ပါပြီ။
လူငယ် များနှင့်အတူ အသက်စတေး ၌တိုက်ပွဲဝင်ခဲ့သည့်အတွက် သူရဲကောင်း အာဇာနည်တဦး အဖြစ် Media9မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ကောင်းရာ ဘုံဘဝမှာ ငြိမ်းချမ်းစွာ အနာယူနိုင်ပါစေ။
၁၁ ဩဂတ် ၂၀၂၁
Media9