ဗဟုသုတ

ပြည်သူPDFအသာစီး ၊ ဖထီးသရေ ၊ KIAအမြတ်ထွက် ၊ AAအောင်ပွဲရ (ဘက်ပေါင်းစုံမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အိမ်စောင့်ဂုတ်ကျားတို့အုပ်စု)

ပြည်သူPDFအသာစီး ၊ ဖထီးသရေ ၊ KIAအမြတ်ထွက် ၊ AAအောင်ပွဲရ (ဘက်ပေါင်းစုံမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အိမ်စောင့်ဂုတ်ကျားတို့အုပ်စု)

ဒီပွဲမှာ မင်းအောင်လှိုင်ခွက်ခွက်လန်နေအောင် ရှုံးတယ် ၊ လက်နတ်ဆို လိုအပ်တိုတစ်ချောင်းတောင် မရှိတဲ့နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီးကို တပ်ရင်းနှစ်ရင်းလောက်နဲ့ ဝိုင်းဖမ်းပြီး အချုပ်ချထားတာရယ် ၊ ရုပ်သံနှစ်ခုကိုသိမ်းပြီး ကြေညာချက်တွေ ထုတ်ပြနေတာရယ်ပဲ သူလုပ်နိုင်ခဲ့တယ်…

ကျန်တဲ့နိုင်ငံရေး သံတမန်ရေး လူမှုရေး စီးပွားရေး ငြိမ်းချမ်းရေး အုပ်ချုပ်ရေး ဘယ်တစ်ခုကိုမှ သူ မအောင်မြင်ခဲ့ဘူး ၊စစ်တပ်တစ်ခုလုံးဟာ ဘယ်တော့မှအဖတ်ဆည်လို့မရတော့တဲ့ချီးတွင်းထဲကိုကျသွားတဲ့အပြင်လူသန်းလေးဆယ်ရဲ့အတွင်းထဲမှာ ကျီးလန့်စာစားနေရတဲ့ပစ်မှတ်ကြီးဖြစ်သွားခဲ့ရတယ်..

ညံ့ဖျင်းလွဲချော်လွန်းတဲ့စီမံခန့်ခွဲမှုတွေကြောင့် သူ့ကိုထောက်ခံနေတဲ့သူတွေတောင် သူ့ကိုရွံရှာလာတဲ့အထိ အရှုံးကြီးရှုံးခဲ့ရတယ်..

ပြည်သူနဲ့PDFက အသာစီးရထားတယ် ၊ အောင်ပွဲတော့မခံနိုင်သေးဘူး ၊

CRPH NUGရဲ့စွမ်းဆောင်မှုတွေ ၊ ဘက်ပေါင်းစုံက boycottတွေ ၊ CDM တွေ ၊နိုင်ငံတကာဖိအားတွေ ၊ တူမီး နာနတ်သီး ခရမ်းသီးတွေနဲ့ မင်းအောင်လှိုင်ကိုလည်မျိုနင်းပြီး အသက်ရှူကြပ်အောင်လုပ်ထားနိုင်တယ်..

မင်းအောင်လှိုင်ရွှေ့ကွက်ကုန် ချောင်ပိတ်နေချိန်မှာ ပြည်သူက လက်နတ်အစုံအလင်နဲ့ဗျင်းမဲ့ ပွဲသိမ်းကွက်ကျန်နေသေးတယ် ၊ ကံတရားကဖေးမရင် No fly zoneတို့ R2Pတို့က အကူအညီအဖြစ် ဝင်လာနိုင်သေးတယ်..

KIAအမြတ်ထွက်တယ် ၊ အာဏာသိမ်းစမှာ ငြိမ်နေပေမဲ့ ပြည်သူတွေအသတ်ခံလာရချိန်မှာတော့ သေနတ်မောင်းတင်ပြီး ထွက်ပေါ်လာခဲ့တယ် ၊ အပိုစကားတွေပြောမနေဘဲ စစ်ခွေးကိုမြေလှန် ငရဲကိုပို့ပြီး အားကိုးရာမဲ့ဖြစ်နေတဲ့ တောင်ပေါ် မြေပြန့် အားလုံးသော ပြည်သူတွေစီကချစ်ခြင်းတရားကို သိမ်းကြုံးပြီးရယူသွားခဲ့တယ်၊

KIAခေါင်းဆောင်တွေ အရမ်းတော်တယ် ၊ ပညာနဲ့ အမြော်အမြင် ကြီးလွန်းတယ် ၊ ပြည်သူကိုပိုင်ရင် စစ်နိုင်ပြီဆိုတဲ့အချက်ရယ် ၊ ပြည်သူ့မေတ္တာကိုရရင် အင်အားပိုမိုတောင့်တင်းခိုင်မာလာမယ်ဆိုတဲ့အချက်ရယ် ၊ နောင်တစ်ချိန်မှာ KIAဟာ မြန်မာပြည်သူတွေအတွက် ဘယ်လိုသမိုင်းကြောင်းရှိခဲ့လဲဆိုတာကိုပြနိုင်မဲ့အချိန်အခါရယ်ကို သူတို့မြော်မြင်နိုင်စွမ်းရှိခဲ့ကြတယ်..

ဖထီးတို့ကတော့ သရေပဲကျတယ် ၊ အာဏာလုထားတဲ့ကောင်တွေနဲ့ဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီး ကြေညာခဲ့ချိန်မှာ ပြည်သူတွေရဲ့မေတ္တာတရားတွေကိုအပိုင်ရခဲ့ပေမဲ့ နောက်တစ်လအကြာမှာပဲ ဆွေးနွေးရေးလမ်းကိုသွားမယ်ဆိုတဲ့အတွက် ပြည်သူတွေရဲ့မျှော်လင့်ခြင်းမျက်ဝန်းတွေ မှေးမှိန်သွားခဲ့ရတယ်..

ပြည်သူ့မေတ္တာကိုရတဲ့အဖွဲ့အစည်းဟာ ထမင်းခူးခပ်ပြီးသားအဆင်သင့်စားရုံပဲဆိုတာ ဖထီးမူတူးစေးဖိုး မေ့သွားပုံရတယ်..

ခေါင်းဆောင်ပိုင်းရဲ့မူဝါဒအလွဲအမှားတွေကြောင့် အရှိန်အဝါကြီးတဲ့KNUရဲ့ဂုဏ်သိက္ခာကို နောင်တစ်ချိန်သမိုင်းမှာ အစွန်းအထင်းမဖြစ်အောင် ကယ်တင်ပေးခဲ့တာက KNUဒုစစ်ဦးစီးချုပ် အဖူးဘော်ကျော်ဟဲနဲ့ တစ်ချို့သောတပ်မဟာမှူးတွေပါပဲ..

ခေါင်းဆောင်ပိုင်းမှာဘယ်လိုပဲဖြစ်ဖြစ် အဖူးဘော်ကျော်ဟဲတို့လို့ပုဂ္ဂိုလ်တွေ တပ်မဟာမှူးတွေ အောက်ခြေစစ်သည်တွေကြောင့် KNUဟာ ဘယ်အချိန်မဆိုပြည်သူယုံကြည်အားကိုးလို့ရတဲ့အဖွဲ့အစည်းဆိုတာတော့ သေချာပါတယ်..

AAကတော့ အောင်ပွဲရသွားခဲ့တယ် ၊ အပြုတ်တိုက်မယ်အပြတ်ရှင်းမယ်ဆိုတဲ့မင်းအောင်လှိုင်ဟာ သူ့ကိုဒူးထောက်လာခဲ့ရတယ် ၊

မင်းအောင်လှိုင်က သူ့မြေးအရွယ် Gen Zကလေးတွေကို ဖမ်းဆီးသတ်ဖြတ်ဖြဲခြောက်ရန်တွေ့နေချိန်မှာ AAက ၂၀၀၈အခြေခံဥပဒေကို ချီးကုန်းစက္ကူလုပ်ပြီး သူရဲ့အုပ်ချုပ်မှု တရားစီရင်မှုကို ရခိုင်တစ်ခွင်မှာ ပေါ်တင်အခြေချလာနိုင်ခဲ့တယ်..

AAအဖွဲ့ကိုအပြုတ်တိုက်မယ်အပြတ်ရှင်းမယ်လို့ပြောခဲ့ဖူးတဲ့မင်းအောင်လှိုင် ၊

AAအဖွဲ့ကို ရခိုင်မှာအခြေချခွင့်လုံးဝမပြုဘူးလို့လေကြီးမိုးကြီးပြောခဲ့ဖူးတဲ့မင်းအောင်လှိုင် ၊

၂၀၀၈အခြေခံဥပဒေကို အသက်နဲ့လဲပြီးကာကွယ်မယ်ဆိုတဲ့မင်းအောင်လှိုင် ၊

အခုတော့ AAက ၂၀၀၈အခြေခံဥပဒေကိုချီးကုန်းစက္ကူလုပ်ပြီး ခွဲထွက်ပြီလို့မကြေညာရုံတမယ် ရခိုင်ကိုအလုံးစုံအုပ်ချုပ်လာတာကို အသံတစ်စက်တောင်မထွက်ရဲတော့ပါဘူး…

AAတို့ နယ်မြေမစိုးမိုးနိုင်ခင်ကတောင် မတိုက်နိုင်လို့ဒူးထောက်ပေးခဲ့ရတာ ၊ အခုလိုနယ်မြေစိုးမိုးပြီးမှတော့ မင်းအောင်လှိုင်ဘာမှမတက်နိုင်တော့ပါဘူး..

မင်းအောင်လှိုင်က သူ့မြေးအရွယ် Gen Zကလေးတွေကိုရန်တွေ့ကောင်းနေစဉ်မှာပဲ AAက နောက်ကနေ မင်းအောင်လှိုင်ကိုပယ်ပယ်နယ်နယ်ဆီစွတ်ပြီး ရခိုင်တစ်ပြည်နယ်လုံးကိုသိမ်းကာ အောင်ပွဲရသွားခဲ့တယ်..

အာဏာရူးခဲ့မိတဲ့မင်းအောင်လှိုင် ဘက်ပေါင်းစုံမှာ ခွက်ခွက်လန်နေအောင်ရှုံးတယ်..

NKA

Kham Nway Nyein Oo