အိန္ဒိယနိုင်ငံ၊ ပြည်နယ်ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Madhya Pradeshပြည်နယ်က အရပ်(၂၉)လက်မသာရှိတဲ့ လူပုလေး (Basori Lal 50နှစ်)ဟာ ပြည်နယ်တစ်ခွင်မှာတော့ အလွန်နာမည်ကြီးတဲ့ ဆယ်လီတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Basori Lalဟာ အရပ်အမြင့် (၂၉)လက်မသာရှိတာကြောင့် ဒေသခံလူတွေနဲ့ အခြားနယ်က ဧည့်သည်တွေက သူ့ကို အထူးအဆန်းအနေနဲ့ လာရောက်ကြည့်ရှုလေ့ရှိကြတာဖြစ်ပါတယ်။ Basorilal လူပုလေးဟာ သူ့ရဲ့အကို Gopi Lal (၅၅နှစ်)နဲ့ အတူနေထိုင်တာဖြစ်ပါတယ်။
အဆိုပါလူပုလေးရဲ့အကြောင်းကိုအိန္ဒိယသတင်းထောက်တွေက အနံ့ခံနိုင်ခဲ့ပြီး သူနေတဲ့ရွာကို သွားကာ အင်တာဗျူးတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
လူပုလေးရဲ့ အစ်ကိုဖြစ်သူ Gopi Lalက Basori Lalတည်ရှိနေတာဟာ သူတို့ရဲ့မိသားစုကို ဘုရားပေးတဲ့ဆုလဒ်တစ်ခုဖြစ်သလို သူ့ရဲ့အစ်ကိုဖြစ်ရတာကို ဂုဏ်ယူမိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ Gopi Lalက ”ပြည်နယ်မှာရှိတဲ့ အခြားရွာတွေက ဧည့်သည်တွေဟာ Basori Lalကိုကြည့်ဖို့ ကျွန်တော့်အိမ်ကို လာကြပါတယ်။
ဒါဟာ ကျွန်တော်တို့မိသားစုအတွက် ဂုဏ်ယူစရာပါ။ လူတွေက Basori Lalကို ချစ်ကြပြီး ဂရုစိုက်ကြတာကိုတွေ့လို့ အလွန်ကိုပဲဂုဏ်ယူရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် Gopi က သူတို့မိသားစုအနေနဲ့ Basori Lalဟာ လူပုလေးဖြစ်ကြောင်းကို အသက်(၅)နှစ်အရွယ်မှာ သတိထားမိတာဖြစ်ကြောင်းနဲ့ မွေးဖွားလာတုန်းက သူဟာ ပုံမှန်ကလေးအရွယ်အစားပဲဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။
လူပုလေး Basori Lalကလည်း သူဟာ အရပ်အမောင်းကြောင့် ဘယ်တော့မှ စိတ်ဓာတ်မကျကြောင်း၊ သူများတွေလည်း အလုပ်လုပ်ကိုင်ပြီး ဘဝကိုရှင်သန်ကြောင်းနဲ့ အရင်က ရွာသားတွေက သူ့ကို ဂြိုလ်သားတစ်ဦးလို့ ခေါ်ကြကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
လူပုလေး Basori Lalက ”ကျွန်တေ်ာ့အရပ်ကြောင့် ဘယ်တော့မှဒုက္ခမရောက်ပါဘူး။ အခြားသူတွေလို အလုပ်လုပ်တယ်။ အိပ်တယ်။ စားတယ်။ အကုန်လုံးအဆင်ပြေပါတယ်။ အရပ်ကြောင့် ဘာပြဿနာမှလည်း ရင်မဆိုင်ရပါဘူး။ အရင်တုန်းကတော့ လူတွေက ကျွန်တော့်ကို စကြ၊ ပြောင်ကြနဲ့ပါ။ ဂြိုလ်သားလို့လည်းပြောကြာပါတယ်။ ဒါပေမယ့် အဲဒါတွေက
အရင်တုန်းကပါ။ အခုတော့ ကျွန်တော်ဟာ ရွာသူရွာသားတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။ ကျွန်တော် လက်မထပ်ပါဘူး။ ဘဝတစ်ခုလုံးကို ကျွန်တေ်ာ့အကိုနဲ့ပဲ နေထိုင်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
Unicode
အိန္ဒိယမှာ ဆယ်လီဖြစ်နေတဲ့ အရပ်(၂၉)လက်မရှိတဲ့ လူပုလေး
အိန္ဒိယနိုင်ငံ၊ ပြည်နယ်ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Madhya Pradeshပြည်နယ်က အရပ်(၂၉)လက်မသာရှိတဲ့ လူပုလေး (Basori Lal 50နှစ်)ဟာ ပြည်နယ်တစ်ခွင်မှာတော့ အလွန်နာမည်ကြီးတဲ့ ဆယ်လီတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Basori Lalဟာ အရပ်အမြင့် (၂၉)လက်မသာရှိတာကြောင့် ဒေသခံလူတွေနဲ့ အခြားနယ်က ဧည့်သည်တွေက သူ့ကို အထူးအဆန်းအနေနဲ့ လာရောက်ကြည့်ရှုလေ့ရှိကြတာဖြစ်ပါတယ်။
Basorilal လူပုလေးဟာ သူ့ရဲ့အကို Gopi Lal (၅၅နှစ်)နဲ့ အတူနေထိုင်တာဖြစ်ပါတယ်။ အဆိုပါလူပုလေးရဲ့အကြောင်းကိုအိန္ဒိယသတင်းထောက်တွေက အနံ့ခံနိုင်ခဲ့ပြီး သူနေတဲ့ရွာကို သွားကာ အင်တာဗျူးတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
လူပုလေးရဲ့ အစ်ကိုဖြစ်သူ Gopi Lalက Basori Lalတည်ရှိနေတာဟာ သူတို့ရဲ့မိသားစုကို ဘုရားပေးတဲ့ဆုလဒ်တစ်ခုဖြစ်သလို သူ့ရဲ့အစ်ကိုဖြစ်ရတာကို ဂုဏ်ယူမိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ Gopi Lalက ”ပြည်နယ်မှာရှိတဲ့ အခြားရွာတွေက ဧည့်သည်တွေဟာ Basori Lalကိုကြည့်ဖို့ ကျွန်တော့်အိမ်ကို လာကြပါတယ်။ ဒါဟာ
ကျွန်တော်တို့မိသားစုအတွက် ဂုဏ်ယူစရာပါ။ လူတွေက Basori Lalကို ချစ်ကြပြီး ဂရုစိုက်ကြတာကိုတွေ့လို့ အလွန်ကိုပဲဂုဏ်ယူရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် Gopi က သူတို့မိသားစုအနေနဲ့ Basori Lalဟာ လူပုလေးဖြစ်ကြောင်းကို အသက်(၅)နှစ်အရွယ်မှာ သတိထားမိတာဖြစ်ကြောင်းနဲ့ မွေးဖွားလာတုန်းက သူဟာ ပုံမှန်ကလေးအရွယ်အစားပဲဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။
လူပုလေး Basori Lalကလည်း သူဟာ အရပ်အမောင်းကြောင့် ဘယ်တော့မှ စိတ်ဓာတ်မကျကြောင်း၊ သူများတွေလည်း အလုပ်လုပ်ကိုင်ပြီး ဘဝကိုရှင်သန်ကြောင်းနဲ့ အရင်က ရွာသားတွေက သူ့ကို ဂြိုလ်သားတစ်ဦးလို့ ခေါ်ကြကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
လူပုလေး Basori Lalက ”ကျွန်တေ်ာ့အရပ်ကြောင့် ဘယ်တော့မှဒုက္ခမရောက်ပါဘူး။ အခြားသူတွေလို အလုပ်လုပ်တယ်။ အိပ်တယ်။ စားတယ်။ အကုန်လုံးအဆင်ပြေပါတယ်။ အရပ်ကြောင့် ဘာပြဿနာမှလည်း ရင်မဆိုင်ရပါဘူး။ အရင်တုန်းကတော့ လူတွေက ကျွန်တော့်ကို စကြ၊ ပြောင်ကြနဲ့ပါ။
ဂြိုလ်သားလို့လည်းပြောကြာပါတယ်။ ဒါပေမယ့် အဲဒါတွေက အရင်တုန်းကပါ။ အခုတော့ ကျွန်တော်ဟာ ရွာသူရွာသားတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။ ကျွန်တော် လက်မထပ်ပါဘူး။ ဘဝတစ်ခုလုံးကို ကျွန်တေ်ာ့အကိုနဲ့ပဲ နေထိုင်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။