ဗဟုသုတ

ဆေးဖက်ဝင်လွန်းတဲ့ ဆေးခါးကြီးအစွမ်း

၃၇)မင္းနတ္မင္းၾကီးေတာင္ ေဆးဖက္ဝင္လြန္းလို ့ သံုးစြဲရတယ္ဆိုတဲ့ ေဆးခါးၾကီးအစြမ္း

ျမန္မာႏိုင္ငံ ေအာက္ပိုင္းတြင္ အမ်ားအျပားေတြ႕ရသည္။သဘာ၀ အေလ်ာက္ေပါက္ေရာက္သည္။ အခ်ိဳ႕မွာ ေဆးဝါးအလို႔ငွာ အိမ္မ်ား၏ ၿခံစည္း႐ိုးမ်ားတြင္ စိုက္ပ်ိဳးထားသည္။

အပင္

တစ္ႏွစ္ခံ ပင္ေပ်ာ့ပင္ငယ္မ်ိဳးျဖစ္၍ ၁ ေပ ၃ ေပ အထိ ျမင့္၏။ပင္စည္ေျပာင္ေခ်ာ၍ ေလးေထာင့္ပုံရွိသည္။

အ႐ြက္

႐ြက္ဆိုင္ထြက္၏။ လွံသြားပုံ ရွိ၏။ ႐ြက္ထိပ္ ႐ြက္ရင္းခြၽန္ သို႔မဟုတ္ ႐ြက္ရင္းသြယ္၏။ ႐ြက္နားညီ၍ ႐ြက္ျပားေခ်ာၿပီးေျပာင္လက္သည္။ ႐ြက္ေၾကာထင္ရွား၏။

အပြင့္

ေခါင္းေလာင္းပုံသဏၭာန္ရွိၿပီး ေသးငယ္၍ အျဖဴေရာင္ေပၚတြင္ခရမ္းေရာင္ ပန္းေရာင္ အေျပာက္ကေလးမ်ား ရွိသည္။ တေပါင္းတန္ခူးတြင္ ပြင့္၏။

အသီး

အသီးရွည္၍ ေသးငယ္သည္။ အခန္း ၂ ခန္းပါသည္။ ႏုစဥ္ အေမြးအနည္းငယ္ ရွိၿပီး ရင့္လွ်င္ ေျပာင္ေခ်ာ၏။ ဝါဆို ၊ ဝါေခါင္ လတြင္သီးသည္။

အသုံးဝင္ပုံ

အ႐ြက္၊ ပၪၥငါးပါး။

အာနိသင္

ျမန္မာေဆးက်မ္းမ်ားအလိုအရ ေအး ခါး အရသာ ရွိသည္။ သလိပ္ႏွင့္ သည္းေျခကို ႏိုင္၏။ အဆီမရွိ ေလကို ပ်က္ေစတတ္၏။ ဝမ္းမီးကို ေတာက္ေစ၏။ အဖ်ားကို ပယ္ေဖ်ာက္ေစတတ္၏။ ကေလးမ်ားအတြက္ အထူးေကာင္း၏။

အ႐ြက္အသုံးျပဳပုံ

၁။ အ႐ြက္ကို အဖ်ားျဖတ္ေဆး၊ အဆိပ္ေျဖေဆး၊ သည္းေျခေဆး၊ လွ်ာပြတ္ေဆး တို႔တြင္ ထည့္သြင္းအသုံးျပဳသည္။

ပၪၥငါးပါးအသုံးျပဳပုံ

၁။ ပၪၥငါးပါးကို အဖ်ားက်ေဆး၊ အားတိုးေဆး၊ ေလေၾကေဆးအျဖစ္ ေဖာ္စပ္ အသုံးျပဳသည္။

၂။ အရည္က်ိဳေသာက္ျခင္းျဖင့္ ေခါင္းကိုက္ျခင္း၊ အစာမေၾကျခင္း၊ ဝမ္းသက္ျခင္း၊ဝမ္းကိုက္ျခင္း၊ ေလထိုးျခင္း ႏွင့္ အဖ်ားေရာဂါကို ေပ်ာက္ကင္းေစသည္။

၃။ ေဆးခါးႀကီးရည္တြင္ ဆီးျဖဴ၊ ဖန္ခါး၊ သစ္ဆိမ့္ ၃ မ်ိဳး အမႈန႔္ျပဳ ထည့္ေသာက္ပါက ေသြးဖ်ဥ္း၊ ေလဖ်ဥ္း၊ ႏူနာ၊ ေခါင္းကိုက္ ႏွင့္ ဇက္ထိုး မူးေဝေသာ ေရာဂါမ်ား ေပ်ာက္၏။

ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

သုတေမာင္မွ ကူးယူေဖာ္ျပပါသည္။

(၃၇)မင်းနတ်မင်းကြီးတောင် ဆေးဖက်ဝင်လွန်းလို့ သုံးစွဲရတယ်ဆိုတဲ့ ဆေးခါးကြီးအစွမ်း

မြန်မာနိုင်ငံ အောက်ပိုင်းတွင် အများအပြားတွေ့ရသည်။သဘာ၀ အလျောက်ပေါက်ရောက်သည်။ အချို့မှာ ဆေးဝါးအလို့ငှာ အိမ်များ၏ ခြံစည်းရိုးများတွင် စိုက်ပျိုးထားသည်။

အပင်

တစ်နှစ်ခံ ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ ၁ ပေ ၃ ပေ အထိ မြင့်၏။ပင်စည်ပြောင်ချော၍ လေးထောင့်ပုံရှိသည်။

အရွက်

ရွက်ဆိုင်ထွက်၏။ လှံသွားပုံ ရှိ၏။ ရွက်ထိပ် ရွက်ရင်းချွန် သို့မဟုတ် ရွက်ရင်းသွယ်၏။ ရွက်နားညီ၍ ရွက်ပြားချောပြီးပြောင်လက်သည်။ ရွက်ကြောထင်ရှား၏။

အပွင့်

ခေါင်းလောင်းပုံသဏ္ဌာန်ရှိပြီး သေးငယ်၍ အဖြူရောင်ပေါ်တွင်ခရမ်းရောင် ပန်းရောင် အပြောက်ကလေးများ ရှိသည်။ တပေါင်းတန်ခူးတွင် ပွင့်၏။

အသီး

အသီးရှည်၍ သေးငယ်သည်။ အခန်း ၂ ခန်းပါသည်။ နုစဉ် အမွေးအနည်းငယ် ရှိပြီး ရင့်လျှင် ပြောင်ချော၏။ ဝါဆို ၊ ဝါခေါင် လတွင်သီးသည်။

အသုံးဝင်ပုံ

အရွက်၊ ပဉ္စငါးပါး။

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ အေး ခါး အရသာ ရှိသည်။ သလိပ်နှင့် သည်းခြေကို နိုင်၏။ အဆီမရှိ လေကို ပျက်စေတတ်၏။ ဝမ်းမီးကို တောက်စေ၏။ အဖျားကို ပယ်ဖျောက်စေတတ်၏။ ကလေးများအတွက် အထူးကောင်း၏။

အရွက်အသုံးပြုပုံ

၁။ အရွက်ကို အဖျားဖြတ်ဆေး၊ အဆိပ်ဖြေဆေး၊ သည်းခြေဆေး၊ လျှာပွတ်ဆေး တို့တွင် ထည့်သွင်းအသုံးပြုသည်။

ပဉ္စငါးပါးအသုံးပြုပုံ

၁။ ပဉ္စငါးပါးကို အဖျားကျဆေး၊ အားတိုးဆေး၊ လေကြေဆေးအဖြစ် ဖော်စပ် အသုံးပြုသည်။

၂။ အရည်ကျိုသောက်ခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းသက်ခြင်း၊ဝမ်းကိုက်ခြင်း၊ လေထိုးခြင်း နှင့် အဖျားရောဂါကို ပျောက်ကင်းစေသည်။

၃။ ဆေးခါးကြီးရည်တွင် ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် ၃ မျိုး အမှုန့်ပြု ထည့်သောက်ပါက သွေးဖျဉ်း၊ လေဖျဉ်း၊ နူနာ၊ ခေါင်းကိုက် နှင့် ဇက်ထိုး မူးဝေသော ရောဂါများ ပျောက်၏။